ဇလွန်မြို့နယ်၌ စက်လှေချင်းတိုက်၍ ၁ စီး နစ်မြုပ်ရာမှ ၂ ဦး ရေနစ်ပျောက်ဆုံး


နေပြည်တော် ၂၂ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ စိန်ကလေးကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီခွဲက စက်လှေ ၂ စီး တိုက်မိပြီး ၁ စီး နစ်မြုပ်ရာမှ လူ ၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီမြစ်အတွင်း၌ တွံတေးမြို့ဘက်မှ ဟင်္သာတမြို့ဘက်သို့ ဟင်္သာတမြို့၊  ကင်းရပ်ကွက်နေ အောင်ကိုလတ် (ခ) ကိုလတ် (၃၀)နှစ် မောင်းနှင်သော ကျောက်စရစ်ခဲသယ်ဆောင်လာသည့် အလျား ၇၃ ပေ၊ အနံ ၁၆ ဒသမ ၈ ပေခန့် စက်လှေက အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ စိန်ကလေးကျေးရွာနေ အောင်မင်းနိုင် (၃၈)နှစ် မောင်းနှင်ပြီး  တစ်ရွာတည်းနေ မျိုးသန့် (၃၇)နှစ်ပါ ၉ ဦး စုစုပေါင်း ၁၀ ဦး လိုက်ပါလာသော အလျား ၂၁ ပေ၊ အနံ ၄ ပေခန့် စက်လှေအား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ အောင်မင်းနိုင်ပါ ၁၀ ဦး၏ စက်လှေတိမ်းမှောက်နစ်မြုပ်ခဲ့သဖြင့် အနီးရှိစက်လှေများမှ အောင်မင်းနိုင်ပါ ၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး မျိုးသန့်ပါ ၂ ဦးမှာ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကိုလတ် (ခ) ကိုလတ်အား ဇလွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းနှင့် ရေနစ်ပျောက်ဆုံးသူ ၂ ဦးအား လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။


Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ဇလွန်မြို့နယ်၌ စက်လှေချင်းတိုက်၍ ၁ စီး နစ်မြုပ်ရာမှ ၂ ဦး ရေနစ်ပျောက်ဆုံး  ဇလွန်မြို့နယ်၌ စက်လှေချင်းတိုက်၍ ၁ စီး နစ်မြုပ်ရာမှ ၂ ဦး ရေနစ်ပျောက်ဆုံး Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.