နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများသိမ်းဆည်းရမိ


သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း ယနေ့(အောက်တိုဘာ ၁၀)ရက် မနက် ၇နာရီတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက်ပိုင်းတွင်  မုံးဝီးကျေးရွာ အနီးတွင်  ပန်ရှောကျေးရွာဘက်မှ မန်ဆက်ကျေးရွာဘက်သို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁ စီးအားတွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်စေခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်အား ရပ်တန့်၍ လျှိုအတွင်းဝင်ရောက် ထွက်ပြေးသွားခဲ့ကြောင်း ရပ်တန့်ထားခဲ့သည့် မော်တော်ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအနောက်တွင်တင်ဆောင်ထားသည့် ဆာလာအိတ်အတွင်းမှ RPGဒုံးသီး(ပို့ကျည်ပါ) ၅ လုံး၊ အီနာဂါဗုံးသီး(ပို့ကျည်မပါ) ၁၇ လုံးနှင့် ၄၀ မမဗုံးသီး ၈ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်နှင့် ခဲယမ်းများအား လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများသိမ်းဆည်းရမိ နမ့်ခမ်းမြို့နယ်အတွင်း ခဲယမ်းများသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.