မြန်မာ ကိုဗစ်ကူးစက်သူ ၃၂,၀၀၀ ကျော်၊ သေဆုံးသူ ၇၆၅ ဦးရှိပြီ

ရန်ကုန်မြို့ Quarantine Center တခုမှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ကူးစက်ခံရသူ ၃၂,၀၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၉၇၅ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂,၃၅၁ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၃၃ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ဦးရေဟာ ၇၆၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့ သေဆုံးသူတွေထဲက ၂၃ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေဖြစ်တယ်လို့ပြောပါတယ်။

မနေ့ကတော့ တနိုင်ငံလုံးမှာ ဓာတ်ခွဲအတည်ပြုလူနာ ၈၈၈ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးကတော့ ရောဂါကူးစက်စက်သူ ၅၉၆ ဦး ပါဝင်ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ပဲခူးတိုင်းက ၁၄၂ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး၊ ရခိုင်ပြည်နယ်က ၄၉ယောက်နဲ့ တတိယအများဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်ပကနေ ပြန်လာပြီး အသွားအလာ ကန့်သတ်ထားရှိသူ လေး ယောက်လည်း ပါဝင်ပါတယ်။

ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသူ ၈၄၀ ရှိတဲ့အတွက် ရောဂါသက်သာ ပျောက်ကင်းလာသူဦးရေ ၁၄,၇၀၆ ယောက်ရှိပြီ ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-case/5622641.html

မြန်မာ ကိုဗစ်ကူးစက်သူ ၃၂,၀၀၀ ကျော်၊ သေဆုံးသူ ၇၆၅ ဦးရှိပြီ မြန်မာ ကိုဗစ်ကူးစက်သူ ၃၂,၀၀၀ ကျော်၊ သေဆုံးသူ ၇၆၅ ဦးရှိပြီ Reviewed by THITHTOOLWIN on 00:08 Rating: 5

No comments:

Powered by Blogger.