မြန်မာ COVID-19 သေဆုံးသူ ၁၁ ဦးထပ်တိုး

ရန်ကုန်မြို့ရှိ ဆိုက်ကားတစီးကို ပိုးသတ်ဆေးဖျန်းနေတဲ့ စေတနာ့ဝန်ထမ်းတချို့။ (ဧပြီ ၀၇၊ ၂၀၂၀)

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက် ညနေ ၃ နာရီသတင်းထုတ်ပြန်ချက်အရ COVID-19 ကြောင့် သေဆုံးသူ ၁၁ ဦးထပ်တိုးတာကြောင့် စုစုပေါင်း သေဆုံးသူ ၅၇ ယောက်ရှိပြီဖြစ်ပါတယ်။

သေဆုံးသူတွေထဲက ၄ ဦးဟာ သေဆုံးတဲ့အချိန်မှာ ဓာတ်ခွဲနမူနာ စစ်ဆေးထားဆဲဖြစ်ပြီး သေဆုံးပြီးတဲ့နောက်မှ COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုသေဆုံးလူနာတွေထဲ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူနေတဲ့ အသက် ၈၀ အရွယ် အမျိုးသမီး တဦးပါဝင်ပြီး ဒါဟာ မန္တလေးမြို့မှာ COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ သေဆုံးသူ ၁၁ ဦးထဲ အသက် ၂၄ နှစ်ကနေ အသက် ၈၀ အတွင်းရှိသူတွေ ပါဝင်တာပါ။

မြန်မာနိုင်ငံမှာ အခုထိ COVID-19 စစ်ဆေးမှုပေါင်း ၂၀၀,၀၀၀ နီးပါးပြူလုပ်ခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၃ နာရီအထိဆိုရင် ရောဂါပိုးကူးစက်ထားသူပေါင်း ၃,၈၉၅ ဦးရှိပြီဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲ ပိုးကင်းစင်လာသူ ၉၀၈ ယောက်ရှိပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့အတွက် အတည်ပြုလူနာ ၂၅၉ ယောက်မှာ ရန်ကုန်တိုင်းအတွင်းက ၁၃၃ ယောက်နဲ့ ကူးစက်မှု အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က အယောက် ၈၀ နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ နေ့စဉ် ရာနဲ့ချီပြီးတိုးလာနေတာကြောင့် ကုသရေးအတွက် ယာယီ ဆေးရုံတွေ တည်ဆောက်ပေးနေရပြီး တချို့ Quarantine Center တွေကိုလည်း ကုသရေး စင်တာတွေအဖြစ် ပြင်ဆင်ပြောင်းလဲဆေးကုသ ပေးနေပါတယ်။ နောက်တိုးလာတဲ့ စောင်ကြည့်လူနာတွေအတွက်လည်း Quarantine Center တွေ ထပ်ပြီး တိုးချဲ့ ဖွင့်လှစ် ပေးနေပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာအသစ်က ၂၀၈ ဦးရှိပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-death/5586929.html

မြန်မာ COVID-19 သေဆုံးသူ ၁၁ ဦးထပ်တိုး မြန်မာ COVID-19 သေဆုံးသူ ၁၁ ဦးထပ်တိုး Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.