မုံရွာ ဗကသ ခေါင်းဆောင်တစ်ဦး ကလေးမြို့ နေအိမ်မှာ အဖမ်းခံရ



Share/Bookmark

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ကိုတွေ့ရစဉ် / Photo: Linn Thura Ko Facebook


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေအတွင်းရေးမှူး ဖြစ်သူကို ကလေးမြို့က သူ့ရဲ့နေအိမ်မှာ စက်တင်ဘာ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

မုံရွာမြို့မ ရဲစခန်းမှာ အထိန်းသိမ်းခံထားရတဲ့ ကိုလင်းသူရကိုက သူ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊  ၅၀၅ ( ခ) ဖမ်းဝရမ်းနဲ့ ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အရေးယူမှုနဲ့ပတ်သတ်ပြီး မုံရွာမြို့မရဲစခန်းကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မုံရွာခရိုင် ဗကသကျောင်းသားတွေဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တောင်းဆိုချက်တွေနဲ့အတူ ရပ်တည်တဲ့ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုကို အခုလ ၁၄ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ  ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ၊ ဖမ်းဆီးခံကျောင်းသားတွေ ချက်ခြင်းလွှတ်ပေး၊ ရခိုင်ပြည်မှာ 4G Internet ပြန်ဖွင့်ပေးရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂက အထွေထွေအတွင်းရေးမှူးနဲ့ အဝေးသင်တာဝန်ခံတို့လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ ပြီးခဲ့တဲ့နှစ်ရက် ဖမ်းဆီးခံထားရပြီး မိတ္ထီလာ အကျဉ်းထောင်မှာ  ရောက်ရှိနေတယ်လို့ ဗကသများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာ လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗကသ ကျောင်းသားတွေကိုလည်း ရဲတပ်ဖွဲ့ကလိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/monywa-bakatha-leader-linn-thura-ko-arrested-in-kalay-09182020070114.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ