မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၁,၆၃၁၊ သေဆုံးသူ ၂၆၅

လှိုင်သာယာစက်မှုဇုန်တခုရှိ ဖိနပ်စက်ရုံတခုမှာ ကိုယ်ပူချိန်တိုင်း၊ ကျန်းမာရေးစစ်တမ်းကောက်ယူနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ရန်ကုန်၊ မေ ၁၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့အယောက် ၃၀ ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၆၅ ယောက်ဖြစ်ပါတယ်။ အတည်ပြုလူနာသစ် အရေအတွက်ကလည်း ၈၉၇ ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာဖော်ပြထားပါတယ်။

နောက်ထပ် သေဆုံးသူ ၃၀ ထဲမှာ ဆေးရုံကို ရောက်လာချိန် သေဆုံးနေသူ ၁၅ ယောက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီနေ့အတွက် စုစုပေါင်း ဓါတ်ခွဲနမူနာ ၅,၅၉၇ စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပေမဲ့ အရင်လို အသေးစိတ်တော့ ဖော်ပြထားခြင်း မရှိပါဘူး။ လောလောဆယ်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၁,၆၃၁ ယောက်ဖြစ်ပါတယ်။

ရောဂါပျောက်လို့ ဆေးရုံက ဆင်းခွင့်ရသူကတော့ ၃,၀၇၃ ယောက်ဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာအရေအတွက်ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူပြီးရင် အာဆီယံနိုင်ငံတွေထဲမှာ ကူးစက်သူအများဆုံး ၄ နိုင်ငံမြောက်မှာ လောလောဆယ် ရှိနေပါတယ်။ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ရန်ကုန်မြို့ထဲက မြို့နယ်တွေမှာ အကြောင်းကိစ္စ မရှိဘဲ မြို့နယ်တခုကနေ နောက်ခုဆီ သွားလာခွင့်ကို ဒီနေ့ကစ တားမြစ်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5600527.html

မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၁,၆၃၁၊ သေဆုံးသူ ၂၆၅ မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၁,၆၃၁၊ သေဆုံးသူ ၂၆၅ Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.