ကပ်ရောဂါနဲ့သေဆုံးသူ လာမယ့်ရှေ့နှစ်လ တိုးလာနိုင်

COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲက ပြောကြားပါတယ်။ အဲဒီ ၂ လမှာ သေဆုံးသူ ပိုများလာလိမ့်မယ်လို့ Hans Kluge က AFP သတင်းဌာနနဲ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးပေါ်လာရင် ကပ်ရောဂါဖြစ်ပွားမှု အဆုံးသပ်သွားမယ်လို့ ပြောနေကြတာကလည်း မမှန်ဘူးလို့ သူကဆိုပါတယ်။

ကာကွယ်ဆေးဟာ လူတိုင်းအတွက် ထိရောက်ချင်မှာ ထိရောက်နိုင်မှာဖြစ်ပါတယ်။ အခုသိထားရသလောက် တချို့ကို ထိထိရောက်ရောက် ကာကွယ်ပေးပေမဲ့ တချို့ကို ကာကွယ်မပေးဘူးလို့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲ Hans Kluge ပြောသွားတာပါ။ လူတွေအနေနဲ့ COVID ကပ်ရောဂါရှိနေချိန် ဘယ်လို သတိထား ကာကွယ်နေမလဲဆိုတာ သဘောက်ပေါက်ချိန်ကျမှ ကပ်ရောဂါကြီး အဆုံးသပ်မှာဖြစ်မယ်လို့ သူကပြောပါတယ်။

အခုကမ္ဘာတဝန်း ကိုဗစ်အတည်ပြုလူနာဟာ ၂၉ သန်းကျော်သွားပြီး သေဆုံးသူကလည်း ၉၂၀,၀၀၀ ကျော်နေပါပြီ။ တနင်္ဂနွေနေ့က ကမ္ဘာမှာ တရက်ထဲ အတည်ပြုလူနာ ၃၇၀,၀၀၀ ကျော်နဲ့ စံချိန်တင်များခဲ့တယ်လို့ WHO ကပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီနေ့ နေ့လည် ၃ နာရီခွဲအချိန်အထိ အတည်ပြုလူနာ ၃,၀၁၅ ယောက်၊ သေဆုံးသူ ၂၆ ယောက်ရှိပါတယ်။ အတည်ပြုလူနာတွေထဲက အသက် ၇၀ သွေးတိုးရောဂါအခံရှိသူ အမျိုးသားနဲ့ အသက် ၇၂ နှစ်အရွယ် ဆီးချိုရောဂါ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသားတို့ ဒီနေ့ ကွယ်လွန်သွားတယ်လို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-main/5582520.html

ကပ်ရောဂါနဲ့သေဆုံးသူ လာမယ့်ရှေ့နှစ်လ တိုးလာနိုင် ကပ်ရောဂါနဲ့သေဆုံးသူ လာမယ့်ရှေ့နှစ်လ တိုးလာနိုင် Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.