နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ ကိုဗစ်ကူးစက်သူ အတည်ပြုလူနာတွေ့ရှိ

COVID-19 ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ အခုနောက်ဆုံး နိုင်ငံတော် အတိုင်ပင်ခံရုံးမှာပါ အတည်ပြုလူနာ တွေ့ရှိရကြောင်း အစိုးရပြောခွင့်ရက ဒီနေ့ပဲ အတည်ပြုလိုက်ပါတယ်။ ရောဂါကူးစက်မှုအတွက် သံသယရှိတာကြောင့် ဆေးစစ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီးဦးခင်မောင်တင်မှာ ပိုးမတွေ့ရပေမဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိမှာ ရောဂါပိုးကူးစက်နေတာ တွေ့ရကြောင်းလည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ကနဦးစစ်ချက်မှာ ရောဂါပိုးကူးစက်တာ မတွေ့ရပေမဲ့လည်း အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင် အနေနဲ့ သီးသန့်ခွဲထားပြီး စောင့်ကြည့်မှုခံယူပြီး နောက်ထပ်ဓာတ်ခွဲနမူနာယူ စစ်ဆေးသွားမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သမ္မတရုံး လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ရောဂါပိုးတွေ့ရှိထားပြီး ဆက်စပ်သူတွေကို အသွားအလာကန့်သတ်ထားပြီးပိုးရှိ၊ မရှိ စစ်ဆေးတာမှာလည်း သတင်းထောက်တစ်ဦးအပါအဝင် ပိုးတွေ့လူနာတချို့ တွေ့ထားရပါတယ်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်သူများကို စစ်ဆေးထားတာမှာ ရောဂါပိုးမရှိကြောင်း ဦးဇော်ဌေးက စက်တင်ဘာလ ၉ ရက်နေ့က အတည်ပြုထားပါတယ်

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၃,၀၁၅ ဦးအထိရှိနေပြီး သေဆုံးသူကတော့ ၂၄ ဦးရှိပါတယ်။ ပြည်တွင်းထဲ ကိုဗစ်ပိုးတွေ့လူနာတွေထဲက ၇၀ ရာခိုင်နှုန်းကျော်လောက်ဟာ ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့သူတွေဖြစ်နေလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် ရုံးနဲ့ ဌာနဆိုင်ရာတွေမှာ COVID- 19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေဖို့ကို အထူးသတိပေးနေပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/myanmar-covid/5582474.html

နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ ကိုဗစ်ကူးစက်သူ အတည်ပြုလူနာတွေ့ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးမှာ ကိုဗစ်ကူးစက်သူ အတည်ပြုလူနာတွေ့ရှိ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.