မြန်မာမှာ ကိုဗစ်လူနာ တစ်သောင်းကျော်ပြီ

ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း

မြန်မာမှာ ကိုဗစ်လူနာသစ် ၇၄၃ ဦး တွေ့ရှိပြီးနောက် စက်တင်ဘာ ၂၇ ရက် ဒီကနေ့မှာ အတည်ပြုလူနာ ၁၀,၇၃၄ ဦးရှိသွားပါပြီ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီည ၈:၀၀ နာရီ ထုတ်ပြန်ချက်အရ လူနာတွေထဲက ၂၈ ဦးသေဆုံးခဲ့လို့ သေဆုံးသူစုစုပေါင်းလည်း ၂၂၆ ဦးရှိပါပြီ။

ဒီကနေ့ ဆေးရုံဆင်းခွင့်ရသူ ၁၈၁ ဦးရှိလို့ လူနာဟောင်း တွေထဲက စုစုပေါင်း၂,၈၆၂ ဦး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။      

စက်တင်ဘာ ၂၆ ရက် တစ်ရက်တည်းတွေ့တဲ့ လူနာ ရှစ်ရာကျော်မှာ ရန်ကုန်တိုင်းတစ်ခုတည်းကနေ ခုနှစ်ရာကျော်အထိ တွေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန်က မြို့နယ်တချို့မှာ အပြင်ထွက်ဖို့ ကင်းလွတ်ခဲ့ရတဲ့ အခြေအနေမျိုးထဲ အကျုံးမဝင်တဲ့ သူတွေကို ဒီကနေ့ကစလို့ စစ်ဆေးပညာပေးမှုတွေလုပ်နေပြီး မနက်ဖြန် စက်တင်ဘာ ၂၈ က စပြီး အရေးယူမှုတွေ စတင်မှာဖြစ်ပါတယ်။ 


BBC Burmese

https://www.facebook.com/BBCnewsBurmese

မြန်မာမှာ ကိုဗစ်လူနာ တစ်သောင်းကျော်ပြီ မြန်မာမှာ ကိုဗစ်လူနာ တစ်သောင်းကျော်ပြီ Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.