ကျန်းမာရေးနဲ့ အရေးပေါ်ကလွဲလို့ ပြည်တွင်းခရီးမသွားကြဖို့ ကိုဗစ်ဗဟိုကော်မတီ ထုတ်ပြန်

ဓာတ်ပုံ-MPA

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီတားဆီးနိုင်ရေးအတွက် ပြည်သူများအနေနဲ့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စကလွဲပြီး ပြည်တွင်းခရီးမသွားကြဖို့ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက အသိပေးပန်ကြားချက်ကို ဒီကနေ့စက်တင်ဘာ ၁၀ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ 

မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်နဲ့ ညွှန်ကြားချက်နဲ့အညီ တိကျစွာလိုက်နာဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဝန်ကြီးတွေက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ 

လက်ရှိမှာ ပြည်ပကိုခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုလို့သုံးသပ်ရမယ့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေကို သြဂုတ်လ ၁၆ ရက်မှာ တွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်အထိ ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၇၀၀ ကျော် အများဆုံးရှိနေပါတယ်လို့ အဲဒီထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ 

ဓာတ်ပုံ-MPA

ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုလည်း ဒီကနေ့ကစလို့ ရပ်နားလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘီဘီစီက အတည်ပြုဖို့ ကြိုးစားနေပါတယ်။ 

စက်တင်ဘာ ၁၀ ရက်ညနေပိုင်းထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၂,၀၀၉ ဦးရှိနေပြီး ၁၄ ဦး သေဆုံးထားပါတယ်။ 


BBC Burmese

https://www.facebook.com/BBCnewsBurmese

ကျန်းမာရေးနဲ့ အရေးပေါ်ကလွဲလို့ ပြည်တွင်းခရီးမသွားကြဖို့ ကိုဗစ်ဗဟိုကော်မတီ ထုတ်ပြန် ကျန်းမာရေးနဲ့ အရေးပေါ်ကလွဲလို့ ပြည်တွင်းခရီးမသွားကြဖို့ ကိုဗစ်ဗဟိုကော်မတီ ထုတ်ပြန် Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.