မွတ်ဆလင်တွေနဲ့အငြင်းပွားနေတဲ့ ဘာသာရေးမြေပေါ် ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ ဝန်ကြီးချုပ် Modi အုတ်မြစ်ချ



Share/Bookmark
ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ ဝန်ကြီးချုပ် Modi အုတ်မြစ်ချ

အိန္ဒိယနိုင်ငံ Ayodhya မြို့မှာ မွတ်ဆလင်နဲ့ ဟိန္ဒူဘာသာဝင်တွေအကြား ဆယ်စုနှစ်တွေကြာ အငြင်းပွားနေတဲ့ ဘာသာရေးမြေပေါ်မှာ ဟိန္ဒူ ဘုရားကျောင်း စတင် ဆောက်လုပ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က မနေ့ ဗုဒ္ဓဟူးနေ့က အုတ်မြစ်ချပေးလိုက်ပါတယ်။

“ဒီ ဘုရားကျောင်းဟာ ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ ခေတ်သစ် သင်္ကေတ ဖြစ်လာမှာပါ။ သန်းပေါင်း များစွာသော ပြည်သူတွေရဲ့ ညီညွတ်မှု ပြယုဂ် ဖြစ်လာမှာ” လို့ အုတ်မြစ်ချပွဲမှာ အိန္ဒိယ ဝန်ကြီးချုပ် Modiက ပြောသွားခဲ့ပါတယ်။

ဒီဘုရားကျောင်းကို တည်ဆောက်နိုင်ခဲ့တာဟာ ဝန်ကြီးချုပ် Modi ဦးဆောင်တဲ့ Bharatiya Janata Party - BJP ပါတီအတွက် အောင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။ ဟိန္ဒူ ဘုရား ရာမ အထိမ်းအမှတ် ဘုရားကျောင်းကို ဒီမြေပေါ်မှာ တည်ဆောက်နိုင်ရေး နှစ်ပေါင်း ၃၀ လောက် ဆော်ဩပြီး BJP ပါတီ ထင်ရှားလာတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ​သမိုင်းမှာ ထင်ရှားတဲ့ မွတ်ဆလင်အုပ်ချုပ်သူတွေက ဒီမြေပေါ်မှာ Babri ဗလီကို ၁၅၂၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပေမဲ့ အဲဒီ မတိုင်ခင်ကတည်းက ဟိန္ဒူ ဘာသာဝင်တွေရဲ့ မြင့်မြတ်တဲ့မြေ ဖြစ်ခဲ့တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ပြောပြီး ၁၉၉၂ ခုနှစ် မှာ ဆန္ဒပြသူတွေက Babri ဗလီကို ဖြိုချ ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာလတုန်းကတော့ အိန္ဒိယ တရားရုံးချုပ်ကဒီမြေပေါ်မှာ ဟိန္ဒူ ဘုရားကျောင်း တည်ဆောက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အခုလို ဟိန္ဒူ ဘုရားကျောင်း ပန္နက်ချမှုအပေါ် Ayodhya မြို့တွင်းက မူဆလင် အများက အမုန်းတရားတွေ ပြီးဆုံးသွားဖို့ မျှော်လင့် ချက်နဲ့ ကြိုဆိုခဲ့ကြပေမဲ့ ဩဇာကြီးမားတဲ့ မူဆလင် အုပ်စု တစ်စုကတော့ ကန့်ကွက်ခဲ့ပါတယ်။

အခု တည်ဆောက်မယ့် ဟိန္ဒူ ဘုရားကျောင်းဟာ အမိုးခုံး ၅ ခုပါရှိပြီး စတုရန်းမီတာ ၈၀၀၀ ကျော် ကြီးမားပါတယ်။ လာမယ့် ၃ နှစ်ခွဲ အတွင်း အပြီးတည်ဆောက်မှာ ဖြစ်လို့ ၂၀၂၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ BJP ပါတီအတွက် နိုင်ငံရေး အကျိုး အမြတ်ရရှိစေမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)


Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ