လူငယ်တွေက ဗိုင်းရပ်စ်အဓိကဖြန့်သူတွေဖြစ်နေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုဟာ အခုရက်ပိုင်းတွေအတွင်း လူငယ်တွေကို ပိုဦးတည်လာနေပြီး လူငယ်တွေဟာ အဓိကရောဂါဖြန့်နေတဲ့သူတွေဖြစ်လာနေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

လူငယ်တွေမှာ ရောဂါလက္ခဏာပြတဲ့နှုန်းနည်းတာကြောင့် ကူးစက်ခံထားရတာမသိဘဲ ပေါ့ပေါ့ဆဆနေမိကြရာကနေ ရောဂါဖြန့်တဲ့သူတွေဖြစ်လာနေတာလို့ WHO အနောက်ပိစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Takeshi Kasai က မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသက် ၄၀ ကနေ အသက် ၂၀ ကြား လူငယ်အများစု ရောဂါကူးစက်ခံနေရတယ်လို့လည်းဆိုပါတယ်။

ရောဂါကူးစက်မှုနှုန်းထိန်းချုပ်ထားနိုင်တဲ့ အာရှနိုင်ငံတော်တော်များများမှာတောင် အခုရက်ပိုင်းလူငယ်တွေ ရောဂါပြန်ကူးစက်လာနေတာကို WHO ကထောက်ပြတာပါ။

ဂျပန်နိုင်ငံမှာ အခုရက်ပိုင်းကူးစက်ခံရတဲ့သူ ၆၅ ရာခိုင်နှုန်းဟာ အသက် ၄၀ အောက် လူငယ်၊ လူလတ်ပိုင်းတွေဖြစ်ပါတယ်။

အလားတူ ဖိလစ်ပိုင်နဲ့ သြစတေးလျနိုင်ငံတွေမှာလည်း အခုတလောပိုးကူးစက်ခံရတဲ့သူအများစုဟာ အသက် ၄၀ အောက်လူငယ်တွေပါ။

ဒါကြောင့်လည်း လူငယ်အများစု စုစည်းရာနေရာတွေဖြစ်တဲ့ ကျောင်းတွေ တက္ကသိုလ် ကောလိပ်တွေ ပြန်ဖွင့်မယ့်အရေးကိုပညာရှင်တွေက စိတ်ပူနေကြပါတယ်။

အခုအချိန်ထိ ကမ္ဘာ့ကပ်ရောဂါနဲ့ သေဆုံးတဲ့သူဟာ ၇ သိန်း ရှစ်သောင်းခွဲလောက်ရှိသွားပြီဖြစ်ပြီးတော့ လူပေါင်း ၂၂ သန်းကျော် ရောဂါကူးစက်ခံထားရပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

လူငယ်တွေက ဗိုင်းရပ်စ်အဓိကဖြန့်သူတွေဖြစ်နေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး လူငယ်တွေက ဗိုင်းရပ်စ်အဓိကဖြန့်သူတွေဖြစ်နေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.