ဘရာဇီးသမ္မတ COVID-19 ကူးစက္ခံရ


(Unicode)⤵⤵⤵
ဘရာဇီးလ်သမ္မတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံနေရပြီ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။ သူ့မှာ အဖျားရှိတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့လာရပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလိုကြေညာခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်ပြီး သမ္မတ Bolsonaro က လေ ျှာ့ပေါ့ ပြောလေ့ရှိသလို သူဟာ ကျန်းမာရေးလိုက်စားသူ ဖြစ်တဲ့ အတွက် အကူးစက်ခံရမှာကို စိတ်မပူကြောင်း သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ဘူးပါတယ်။

ဒီရောဂါဖြစ်တာဟာ ရိုးရိုးဖျားနာတာလို ဒါမှမဟုတ် ဥတုရာသီ ဒဏ်ခံရသလို ဖြစ်နေပြီး သူ့အနေနဲ့ဘာမှ သိပ်မခံစားရကြောင်းလည်း ပြောပါတယ်။

သမ္မတ Bolsonaro ဟာ ဒီဗိုင်းရပ်စ်ပိုးရဲ့ အသက်ပါသေစေနိုင်တဲ့ အန္တရာယ်ကို လ ျှစ်လျူရှုတဲ့ အနေနဲ့ လူထုကြားသွားလာရာမှာ နှာခေါင်းစည်း တပ်ဖို့လိုမျိုး ဒီရောဂါမပြန့်နှံအောင် ထိန်းချုပ်မှုတွေကိုပါ စိန်ခေါ်ခဲ့သူ ဖြစ်ပါတယ်။

သူ့လက်ထောက် အများအပြားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖလော်ရီဒါပြည်နယ်က Mar-a-Lago နေအိမ်မှာ တွေ့ဆုံခဲ့ပြီး နောက်ပိုင်း မတ်လထဲမှာ ဒီရောဂါ အကူးစက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီနောက်မှာ သမ္မတ Bolsonaro ရဲ့ ကိုဗစ် ၁၉ အတွက် ဆေးစစ်မှု ၃ ကြိမ်စလုံး ပိုးကူးစက်မှု မရှိခဲ့ဘူးလို့ AP သတင်းမှာ ဖေါ်ပြပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဒဏ် အဆိုးဝါးဆုံး ခံရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အကူးစက်ခံရသူက ၁.၆ သန်းကျော်ရှိနေသလို ဒီရောဂါကြောင့် သေဆုံးရသူကလည်း ၆ သောင်းခွဲ ကျော် ရှိနေတာပါ။

ဗွီအိုအေ ( မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
ဘရာဇီးသမၼတ COVID-19 ကူးစကၡံရ

ဘရာဇီးလ္သမၼတ Jair Bolsonaro က သူဟာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါအကူးစက္ခံေနရၿပီ ျဖစ္ေၾကာင္း အဂၤါေန႔မွာ ေၾကညာပါတယ္။ သူ႔မွာ အဖ်ားရွိတာ အပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာေတြ ေတြ႕လာရၿပီး ရက္ပိုင္းအတြင္းမွာပဲ ခုလိုေၾကညာခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္နဲ႔ပတ္သက္ၿပီး သမၼတ Bolsonaro က ေလ ွ်ာ့ေပါ့ ေျပာေလ့ရွိသလို သူဟာ က်န္းမာေရးလိုက္စားသူ ျဖစ္တဲ့ အတြက္ အကူးစက္ခံရမွာကို စိတ္မပူေၾကာင္း သူ႔ကို ေထာက္ခံသူေတြကို ေျပာခဲ့ဘူးပါတယ္။

ဒီေရာဂါျဖစ္တာဟာ ႐ိုး႐ိုးဖ်ားနာတာလို ဒါမွမဟုတ္ ဥတုရာသီ ဒဏ္ခံရသလို ျဖစ္ေနၿပီး သူ႔အေနနဲ႔ဘာမွ သိပ္မခံစားရေၾကာင္းလည္း ေျပာပါတယ္။

သမၼတ Bolsonaro ဟာ ဒီဗိုင္းရပ္စ္ပိုးရဲ႕ အသက္ပါေသေစႏိုင္တဲ့ အႏၲရာယ္ကို လ ွ်စ္လ်ဴရႈတဲ့ အေနနဲ႔ လူထုၾကားသြားလာရာမွာ ႏွာေခါင္းစည္း တပ္ဖို႔လိုမ်ိဳး ဒီေရာဂါမျပန႔္ႏွံေအာင္ ထိန္းခ်ဳပ္မႈေတြကိုပါ စိန္ေခၚခဲ့သူ ျဖစ္ပါတယ္။

သူ႔လက္ေထာက္ အမ်ားအျပားဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ဖေလာ္ရီဒါျပည္နယ္က Mar-a-Lago ေနအိမ္မွာ ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္း မတ္လထဲမွာ ဒီေရာဂါ အကူးစက္ခံခဲ့ရတာ ျဖစ္ၿပီး အဲဒီေနာက္မွာ သမၼတ Bolsonaro ရဲ႕ ကိုဗစ္ ၁၉ အတြက္ ေဆးစစ္မႈ ၃ ႀကိမ္စလုံး ပိုးကူးစက္မႈ မရွိခဲ့ဘူးလို႔ AP သတင္းမွာ ေဖၚျပပါတယ္။

ဘရာဇီးလ္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ဒဏ္ အဆိုးဝါးဆုံး ခံရတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ၿပီး အကူးစက္ခံရသူက ၁.၆ သန္းေက်ာ္ရွိေနသလို ဒီေရာဂါေၾကာင့္ ေသဆုံးရသူကလည္း ၆ ေသာင္းခြဲ ေက်ာ္ ရွိေနတာပါ။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/brazil-president-infected-by-covid-19/5494149.html
ဘရာဇီးသမ္မတ COVID-19 ကူးစက္ခံရ ဘရာဇီးသမ္မတ COVID-19 ကူးစက္ခံရ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.