မင်္ဂလာဒုံယာဉ်တိုက်မှု လူခြောက်ဦး သေဆုံး


(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းပေါ်မှာ ဒီကနေ့  ဇူလိုင် (၈) ရက်၊ မနက်(၁) နာရီခန့်က ယဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှာ လူ(၆) ဦးသေဆုံးခဲ့ပါတယ်။

 ဖြစ်စဉ်က Toyota Kluger အိမ်စီးကားဟာ Denko စက်သုံးဆီ အရောင်းဆိုင်ရှေ့ အရောက် လမ်းဘေးရပ်ထားတဲ့ ကွန်တိန်ကားကို အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆) ဦးစလုံး သေဆုံးခဲ့တာလို့ ယာဉ်မှုစစ် ရဲအုပ်သိန်းအေးက ပြောပါတယ်။

ယာဉ်မောင်းအပါအဝင် ငါးဦးဟာ အခင်းဖြစ်ရပ်မှာ သေဆုံးခဲ့တာဖြစ်ပြီး တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တာလို့ ရဲအုပ်သိန်းအေးက ပြောပါတယ်။

ကွန်တိန်နာကားကတော့ အချက်ပြမီးတွေ ဖွင့်ကာ လမ်းဘေးချရပ်ထားတာ ဖြစ်ပြီး   ယာဉ်မောင်းက မုန့်ဆင်းဝယ်နေတာဖြစ်တယ်လို့လည်း ရဲအုပ် သိန်းအေးက ပြောပါတယ်။

သေဆုံးသူတွေဟာ အမြန်လမ်း၊ (ဝ) မိုင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံသောက်စားပြီး အိမ်ပြန်လာတဲ့အချိန်မှာ အခင်းဖြစ်ပွားတာ ဖြစ်တယ်လို့ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့တာဝန်ခံ ကိုထင်လင်းအောင်က ပြောပါတယ်။

အဲဒီ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းမှာ လူသေမှုပုဒ်မ၊ မဆင်မခြင်မောင်းနှင်မှုတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - ဝေယံထက်ဝင်း / ဓာတ်ပုံ - Htin Lin Aung(FB) / One News Myanmar
--------------------------------------

(Zawgyi)⤵⤵⤵







https://www.facebook.com/onenewsmyan
မင်္ဂလာဒုံယာဉ်တိုက်မှု လူခြောက်ဦး သေဆုံး မင်္ဂလာဒုံယာဉ်တိုက်မှု လူခြောက်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.