အမေရိကန်မှာ COVID-19 ကူးစက်မှု စံချိန်တင် များနေဆဲ

Texas ပြည်နယ် Houston မြို့က ဆေးရုံတခုမှာ COVID -19 လူနာတဦးကို ကျန်းမာရေးဝန်ထမ်းများက သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ကြာသပတေးနေ့ တရက်ထဲ COVID-19 အတည်ပြုလူနာ ၆၄,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်အောင် များခဲ့ပါတယ်။ အတည်ပြုလူနာတွေ များနေတဲ့ Arizona, California, Florida နဲ့ Texas ပြည်နယ်အပါအဝင် နိုင်ငံအနောက်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေက ဆေးရုံတွေရဲ့ ICU အထူးကြပ်မတ် ကုသဆောင်တွေမှာ မနိုင်မနင်းဖြစ်နေကြပါတယ်။

ရောဂါကူးသူအရေအတွက် မြင့်တက်နေတာကို လေ ျှာ့ချနိုင်ဖို့ ပြည်နယ်တွေထဲက စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်တာကို ဆိုင်းထားဖို့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ ဒေါက်တာ Anthony Fauci က တိုက်တွန်းနေပါတယ်။

ကမ္ဘာတဝန်း COVID-19 ရောဂါဖြစ်ပွားမှုကို မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ သောကြာနေ့ အစောပိုင်းမှတ်တမ်းတွေအရ ကမ္ဘာတဝန်း အတည်ပြုလူနာ ၁၂,၃၀၀,၀၀၀ နီးပါးရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတင် ၃,၀၀၀,၀၀၀ ကျော်ပါတယ်။

ဒီလိုအခြေအနေမှာပဲ စာသင်ကျောင်းတွေကို မကြာခင်ပြန်ဖွင့်ဖို့ သမ္မတ Donald Trump ကဆက်ပြီး တိုက်တွန်းနေပါတယ်။

Coronavirus ပိုး ပျံ့နှံ့ ကူးစက်မှုအပေါ် ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စတင်စုံစမ်းနေပါတယ်။
New Zealand ဝန်ကြီးချုပ်ဟောင်း Helen Clark
New Zealand ဝန်ကြီးချုပ်ဟောင်း Helen Clark နဲ့ လိုက်ဘေးရီးယားသမ္မတဟောင်း Ellen Sirleaf Johnson တို့ဦးဆောင်သွားကြမယ့် စုံစမ်းမှုတွေအတွင်း ရောဂါကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ထိန်းချုပ်ရေး နိုင်ငံတခုနဲ့ တခုဆောင်ရွက်ပုံတွေကို လေ့လာသွားကြမှာဖြစ်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္မွာ COVID-19 ကူးစက္မႈ စံခ်ိန္တင္ မ်ားေနဆဲ

အေမရိကန္ျပည္ေထာင္စုမွာ ၾကာသပေတးေန႔ တရက္ထဲ COVID-19 အတည္ျပဳလူနာ ၆၄,၀၀၀ ေက်ာ္နဲ႔ စံခ်ိန္သစ္တင္ေအာင္ မ်ားခဲ့ပါတယ္။ အတည္ျပဳလူနာေတြ မ်ားေနတဲ့ Arizona, California, Florida နဲ႔ Texas ျပည္နယ္အပါအဝင္ ႏိုင္ငံအေနာက္ပိုင္းနဲ႔ ေတာင္ပိုင္းျပည္နယ္ေတြက ေဆး႐ုံေတြရဲ႕ ICU အထူးၾကပ္မတ္ ကုသေဆာင္ေတြမွာ မႏိုင္မနင္းျဖစ္ေနၾကပါတယ္။

ေရာဂါကူးသူအေရအတြက္ ျမင့္တက္ေနတာကို ေလ ွ်ာ့ခ်ႏိုင္ဖို႔ ျပည္နယ္ေတြထဲက စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္တာကို ဆိုင္းထားဖို႔ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းတာဝန္ရွိသူ ေဒါက္တာ Anthony Fauci က တိုက္တြန္းေနပါတယ္။

ကမာၻတဝန္း COVID-19 ေရာဂါျဖစ္ပြားမႈကို မွတ္တမ္းတင္ေနတဲ့ Johns Hopkins တကၠသိုလ္ရဲ႕ ေသာၾကာေန႔ အေစာပိုင္းမွတ္တမ္းေတြအရ ကမာၻတဝန္း အတည္ျပဳလူနာ ၁၂,၃၀၀,၀၀၀ နီးပါးရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာတင္ ၃,၀၀၀,၀၀၀ ေက်ာ္ပါတယ္။

ဒီလိုအေျခအေနမွာပဲ စာသင္ေက်ာင္းေတြကို မၾကာခင္ျပန္ဖြင့္ဖို႔ သမၼတ Donald Trump ကဆက္ၿပီး တိုက္တြန္းေနပါတယ္။

Coronavirus ပိုး ပ်ံ႕ႏွံ႔ ကူးစက္မႈအေပၚ ကမာၻ႔ႏိုင္ငံေတြ ဘယ္လိုတုံ႔ျပန္ၾကသလဲဆိုတာကို WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက စတင္စုံစမ္းေနပါတယ္။

New Zealand ဝန္ႀကီးခ်ဳပ္ေဟာင္း Helen Clark နဲ႔ လိုက္ေဘးရီးယားသမၼတေဟာင္း Ellen Sirleaf Johnson တို႔ဦးေဆာင္သြားၾကမယ့္ စုံစမ္းမႈေတြအတြင္း ေရာဂါကို ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ေရး ႏိုင္ငံတခုနဲ႔ တခုေဆာင္႐ြက္ပုံေတြကို ေလ့လာသြားၾကမွာျဖစ္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-us/5497356.html
အမေရိကန်မှာ COVID-19 ကူးစက်မှု စံချိန်တင် များနေဆဲ အမေရိကန်မှာ COVID-19 ကူးစက်မှု စံချိန်တင် များနေဆဲ Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.