ဇွဲကပင်တောင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးပြန်၊ အလောင်းကို ပြန်ရှာတွေ့ထား

ညနေပိုင်းမှာ အလောင်းပြန်တွေ့
(Unicode)⤵⤵⤵
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင် မှန်ရင်ပြင်နေရာကနေ လူငယ်တစ်ဦး ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ခုန်ချခဲ့ရာမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ပြန်တွေ့ထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူဟာ ဘားအံတက္ကသိုလ်က ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား ခွန်မင်းမော်ကွန်း ဖြစ်တယ်လို့ သိရှိရပါတယ်။

အဲဒီ လူငယ်ဟာ တောင်ပေါ်ကို ခလောက်နိုကျေးရွာဘက် တောင်တက်လမ်းကနေ စေတီရင်ပြင်အရောက် တက်ရောက်ခဲ့ပြီး စေတီရင်ပြင်ရှိ မှန်ရင်ပြင်နေရာကနေ ခုန်ချခဲ့တာလို့ ဆိုပါတယ်။

" တောင်ခြေမှာတော့ ဆိုင်ကယ်နဲ့ မိဘတွေဆီ ရေးထားတဲ့စာကို တွေ့ရတယ်၊ လွယ်အိတ်တွေ သော့တွေ ချန်ထားခဲ့တယ်၊ ဒရုန်းယာဉ် ရိုက်ကူးရေးသမားတွေ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အစိုးရတာဝန်ရှိသူတွေ အဖွဲ့စုံက သွားရောက်စစ်ဆေးရှာဖွေခဲ့ ကြတယ်" လို့ ပြည်နယ် မီးသတ်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။
ဇွဲကပင်တောင်စေတီ မှန်ရင်ပြင်နေရာကနေ ခုန်ချခဲ့
ရှာဖွေမှုတွေကို ဇူလိုင် ၁၀ ရက် နေ့ခင်းပိုင်းက စတင်ခဲ့ပြီး ညနေ ၄ နာရီ ခွဲ ဝန်းကျင်မှာတော့ အလောင်း ပြန်လည်တွေ့ရှိထားတယ်လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင်ဝင်းက အတည်ပြုပါတယ်။

အရင်လ ဇွန် ၂၅ ရက် တုန်း ကလည်း ဘားအံတက္ကသိုလ်က ကျောင်းသူ တစ်ဦး ဇွဲကပင်တောင်မှာ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုအမှုအခင်းတွေ ထပ်မံ မဖြစ်ပွားအောင် ဇွဲကပင်တောင်စေတီ ဂေါပကအဖွဲ့၊ ဒေသခံ ကျွမ်းကျင်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အရေးယူ ကာကွယ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပါတယ်။

အခု ခုန်ချခဲ့သူ လူငယ် ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျက်စီးနေတဲ့ အလောင်းကိုတော့ ဘားအံ ပြည်သူ့ ဆေးရုံကြီး ရင်ခွဲတိုက် ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးစစ်ချက်နဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

BBC Burmese
-------------------------------

(Zawgyi)⤵⤵⤵
ဇြဲကပင္ေတာင္မွာ တကၠသိုလ္ေက်ာင္းသားတစ္ဦး ေသဆုံးျပန္၊ အေလာင္းကို ျပန္ရွာေတြ႕ထား

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ဇြဲကပင္ေတာင္ မွန္ရင္ျပင္ေနရာကေန လူငယ္တစ္ဦး ဇူလိုင္ ၁၀ ရက္ မနက္ပိုင္းက ခုန္ခ်ခဲ့ရာမွာ ကယ္ဆယ္ေရးအဖြဲ႕ေတြက အေလာင္းကို ျပန္ေတြ႕ထားၿပီလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေသဆုံးသူဟာ ဘားအံတကၠသိုလ္က ဘူမိေဗဒ ဒုတိယႏွစ္ေက်ာင္းသား ခြန္မင္းေမာ္ကြန္း ျဖစ္တယ္လို႔ သိရွိရပါတယ္။

အဲဒီ လူငယ္ဟာ ေတာင္ေပၚကို ခေလာက္ႏိုေက်း႐ြာဘက္ ေတာင္တက္လမ္းကေန ေစတီရင္ျပင္အေရာက္ တက္ေရာက္ခဲ့ၿပီး ေစတီရင္ျပင္ရွိ မွန္ရင္ျပင္ေနရာကေန ခုန္ခ်ခဲ့တာလို႔ ဆိုပါတယ္။

" ေတာင္ေျခမွာေတာ့ ဆိုင္ကယ္နဲ႔ မိဘေတြဆီ ေရးထားတဲ့စာကို ေတြ႕ရတယ္၊ လြယ္အိတ္ေတြ ေသာ့ေတြ ခ်န္ထားခဲ့တယ္၊ ဒ႐ုန္းယာဥ္ ႐ိုက္ကူးေရးသမားေတြ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြ အစိုးရတာဝန္ရွိသူေတြ အဖြဲ႕စုံက သြားေရာက္စစ္ေဆးရွာေဖြခဲ့ ၾကတယ္" လို႔ ျပည္နယ္ မီးသတ္ၫႊန္ၾကားေရးမႉး ဦးစိုးဝင္းက ေျပာပါတယ္။
ဇြဲကပင္ေတာင္ေစတီ မွန္ရင္ျပင္ေနရာကေန ခုန္ခ်ခဲ့

ရွာေဖြမႈေတြကို ဇူလိုင္ ၁၀ ရက္ ေန႔ခင္းပိုင္းက စတင္ခဲ့ၿပီး ညေန ၄ နာရီ ခြဲ ဝန္းက်င္မွာေတာ့ အေလာင္း ျပန္လည္ေတြ႕ရွိထားတယ္လို႔ ဘားအံခ႐ိုင္ မီးသတ္ဦးစီးမႉး ဦးသန႔္စင္ဝင္းက အတည္ျပဳပါတယ္။

အရင္လ ဇြန္ ၂၅ ရက္ တုန္း ကလည္း ဘားအံတကၠသိုလ္က ေက်ာင္းသူ တစ္ဦး ဇြဲကပင္ေတာင္မွာ ေသဆုံးမႈ ျဖစ္ပြားခဲ့ပါတယ္။

ဒီလိုအမႈအခင္းေတြ ထပ္မံ မျဖစ္ပြားေအာင္ ဇြဲကပင္ေတာင္ေစတီ ေဂါပကအဖြဲ႕၊ ေဒသခံ ကြၽမ္းက်င္သူေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး အေရးယူ ကာကြယ္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ကရင္ျပည္နယ္လူမႈေရးဝန္ႀကီး ဦးဘိုဘိုေဝေမာင္က ဘီဘီစီကို ေျပာပါတယ္။

အခု ခုန္ခ်ခဲ့သူ လူငယ္ ရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ပ်က္စီးေနတဲ့ အေလာင္းကိုေတာ့ ဘားအံ ျပည္သူ႔ ေဆး႐ုံႀကီး ရင္ခြဲတိုက္ ပို႔ေဆာင္ထားၿပီး လိုအပ္တဲ့ ေဆးစစ္ခ်က္နဲ႔ အေရးယူ ေဆာင္႐ြက္ခ်က္ေတြ ျပဳလုပ္သြားဖို႔ ရွိတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53366679
ဇွဲကပင်တောင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးပြန်၊ အလောင်းကို ပြန်ရှာတွေ့ထား ဇွဲကပင်တောင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးပြန်၊ အလောင်းကို ပြန်ရှာတွေ့ထား Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.