တရုတ်၊ Chengdu မြို့က ကန် ကောင်စစ်ဝန်ချုပ်ရုံးပိတ်ဖို့ တရုတ်အစိုးရညွှန်ကြား



Share/Bookmark
တရုတ်နိုင်ငံ Chengdu မြို့က ကန် ကောင်စစ်ဝန်ချုပ်ရုံးရှေ့ မြက်ကွင်း။ (ဇူလိုင် ၂၃၊ ၂၀၂၀)

တရုတ်နိုင်ငံ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ရမယ်လို့ တရုတ်အစိုးရက ဒီကနေ့ အသိပေးလိုက်ပါတယ်။

Chengdu မြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ လုပ်နေတဲ့ လုပ်ငန်းအားလုံးကို ရပ်ဖို့ အသေးစိတ် အတိအကျတောင်းဆိုခဲ့ကြောင်းနဲ့ သံတမန်ဆက်ဆံရေးဆိုတာ အပြန်အလှန်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီကနေ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin
အဲဒီကောင်စစ်ဝန်ရုံးချုပ်မှာရှိတဲ့ ဝန်ထမ်းတချို့ဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့သလို တရုတ်နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်အောင်လုပ်ခဲ့တယ်လို့ သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဒီနေ့ သောကြာနေ့ နောက်ဆုံးထားပြီး အမေရိကန်အစိုးရက ပိတ်ခိုင်းခဲ့တဲ့အပေါ် တရုတ်က လက်တုံ့ပြန်ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

Houston မြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ၇၂ နာရီအတွင်း ပိတ်ခိုင်းခဲ့တဲ့အတိုင်း အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း တနင်္လာနေ့မနက် ၁၀ နာရီမတိုင်ခင် ၇၂ နာရီအတွင်းပိတ်ရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးခဲ့ကြောင်း Global Times သတင်းကဖော်ပြပါတယ်။

၁၉၈၅ ခုနှစ်မှာ စတင်ဖွင့်ခဲ့တဲ့ Chengdu မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဒေသခံဝန်ထမ်း ၁၅၀ အပါအဝင် ဝန်ထမ်း ၂၀၀ နီးပါးရှိတယ်လို့ သံရုံး website မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-china-dipolmatic-relation/5515880.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ