ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဓာတ်ပုံ မီးရှို့ပြီး ဘန်ကောက်မှာ ဆန္ဒပြ



Share/Bookmark
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အစိုးရရုံးရှေ့မှာ ဓာတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၀)
ထိုင်းနိုင်ငံက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်တစုဟာ အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့က အစိုးရရုံးရှေ့မှာ ဒီနေ့ စုဝေးဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာနဲ့ ဒုဝန်ကြီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေက ထိုင်းအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့နဲ့ လက်ရှိရှိနေတဲ့ ၂၀ ခုမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပြီး အခုလက်ရှိ အခြေခံဥပဒေနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။
ဘန်ကောက်မြို့ အစိုးရရုံးရှေ့မှာ ဓာတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၀)
ဒီနေ့ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘန်ကောက်မြို့နဲ့ ထိုင်းနိုင်ငံက တခြားခရိုင်တွေမှာ ဖြစ်ပွားခဲ့တဲ့ လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေထဲက တခုဖြစ်ပါတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ် ပရာရွတ်အစိုးရအပေါ်မှာ ထိုင်းပြည်သူတွေရဲ့ အတိုက်အခံဆန္ဒပြမှုတွေဟာ မကြာသေးခင် လပိုင်းတွေအတွင်းမှာ ပိုများလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲကျင်းပပြီးချိန်ကစပြီး ဒုတိယအကြီးဆုံး အတိုက်အခံပါတီကို ထိုင်းတရားရုံးကဖျက်သိမ်းခဲ့တာကြောင့် လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရအနေနဲ့ ပါလီမန်အတွင်းမှာ ပိုပြီးတော့ ခိုင်မာအားကောင်းလာခဲ့ပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ အရေးပေါ်အခြေအနေကို လာမယ့် သြဂုတ်လအထိ ကြေငြာထားပေမယ့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကတော့ အဲဒီလိုအရေးပေါ်အခြေအနေကြေငြာထားတာဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွက် မဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဖမ်းဆီးတာ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thailand-protests/5515956.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ