တိုင်းရင်းသားဒေသတွေမှာ သယံဇာတထုတ်ယူတဲ့လုပ်ငန်းတွေကြောင့် ပဋိပက္ခတွေ ပိုများနေ



Share/Bookmark
မဒေးကျွန်းက ရေနံတင်ဆိပ်ကမ်း
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ သယံဇာတထုတ်လုပ်တဲ့ လုပ်ငန်းတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေကို အားပေးရာ ရောက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တဲ့ အကြောင်း တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေရဲ့ သယံဇာတ ထုတ်ယူနေတဲ့ လုပ်ငန်းတွေ ကြောင့် ပဋိပက္ခတွေကို မီးမောင်းထိုးပေးရာ ရောက်နေသလို၊ နောက်ဆက်တွဲ ဒေသခံတွေ ဒုက္ခရောက်အောင် တွန်းပို့ပေးရာရောက်တဲ့အကြောင်း ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (AOW) က ကိုမောင်ခိုင်က ပြောပါတယ်။

"ဗဟိုအစိုးရကပဲ အကုန်လုံးထိန်းချုပ်ပြီးတော့ လုပ်တယ်။ အဲ့ဒါကြောင့်မို့လည်း နိုင်ငံက မညီမျှမှုတွေ များနေတယ်။ သယံဇာတကိုပေါ့နော် ဖယ်ဒရယ်စနစ်ကျကျ ပိုင်ဆိုင်ဖို့ ပြည်နယ်တွေကပဲ ပိုင်ဆိုင်ခွင့်တွေ၊ ပြည်နယ်တွေကပဲ စီမံခန့်ခွဲခွင့်တွေကို ကျနော်တို့ ရခိုင်က တောင်းဆိုထားပါတယ်။ ရခိုင်မှာ နိုင်ငံခြားရင်းနှီးမှုတွေ တော်တော်များများ ရခိုင်အတွက် ရခိုင်လူထုအတွက် အကျိုးမရှိစေဘဲနဲ့ ရခိုင်ပြည်သူတွေကို ပိုပြီးတော့ ဆိုးရွားစေတဲ့ အခြေအနေမှာ ရှိနေပါတယ်။"

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေ ပါဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက ရရှိတဲ့ ဘဏ္ဍာငွေတွေဟာလည်း ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေမှာ စစ်တပ်အတွက် လက်နက်ဝယ်ဖို့ ထောက်ပံ့ပေးနေသလို ဖြစ်နေတယ်လို့လည်း အစီရင်ခံစာ ပြုစုသူတွေက ပြောဆိုထားတာပါ။ တိုင်းရင်းသားဒေသက သယံဇာတတွေက ရတဲ့ အကျိုးအမြတ်တွေကို မျှမျှတတ ခံစားခွင့် မရှိတာဟာလည်း အခြေခံပြဿနာတခု ဖြစ်တယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ကိုမောင်ခိုင်က ပြောပါတယ်။

"ဒီစီးပွားရေးဇုန် မလုပ်ခင်ကတည်းက ပိုက်လိုင်းတွေ ဆောက်တဲ့ဟာတွေ၊ မဒေးကျွန်းမှာ ရေနံတင်ဆိပ်ကမ်း တည်ဆောက်တဲ့ဟာတွေ အဲ့ဒီဟာတွေမှာ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေရယ်၊ တခြား ဒီနယ်မြေသိမ်းဆည်းခံရမှုတွေ အမျိုးမျိုးကို သူတို့ ကြုံတွေ့ပြီးပြီ။ တကယ်လို့ ဒီရေနံတင်သွင်းဖို့တွေ ဘာတွေ တခုခု ဖြစ်လာပြီဆိုလို့ရှိရင် ကျောက်ဖြူရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လမုံတောပေါ့ မြန်မာပြည်မှာ ဒုတိယအကြီးဆုံးလောက်ရှိပါတယ်။ အဲလို လမုံတောတွေ အတွက်တောင် ကျနော်တို့ စိုးရိမ်ရတဲ့ ဒေသခံတွေရဲ့ သဘောထားကို အပြည့်အဝ ရယူမှု မရှိဘူးပေါ့နော်။ အစိုးရနဲ့ပဲ လုပ်ချင်သလို လုပ်နေတဲ့ အပိုင်းတွေရှိတယ်။"

ရခိုင်ကမ်းရိုးတန်းက သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့လုပ်ငန်းကို ၂၀၁၄ ခုနှစ်က နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ပါဝင်လုပ်ကိုင်နေပြီး ပြင်သစ်၊ သြစတြေးလျ နိုင်ငံက ကုမ္ပဏီတွေကလည်း လက်ရှိ ရေနံလုပ်ငန်းတွေမှာ ပါဝင်နေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နောက်ထပ် ရှာဖွေတွေ့ရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေက တူးဖော်ရရှိတဲ့ ဓာတ်ငွေ့တွေကို အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းချဖို့ စီစဉ်ထားတာကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရဖို့ ရှိနေပေမဲ့ ဒေသခံတွေမှာတော့ နစ်နာဆုံးရှုံးမှုတွေက ကြီးမားလွန်းတယ်လို့လည်း ကိုမောင်ခိုင်က ပြောပါတယ်။

မြန်မာအစိုးရကတော့ ဖွံ့ဖြိုးမှုတွေ နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်ကို စီးပွားရေး စီမံကိန်းတွေနဲ့ တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုထားပြီး ပြည်ပလုပ်ငန်းတွေ အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးလုပ်ငန်းတွေ အရင်းအမြစ် ထုတ်လုပ်မှုတွေက ရရှိတဲ့ အကျိုးအမြတ်တွေကို ခွဲဝေသုံးစွဲရာမှာ မျှတမှု ရှိဖို့လိုတယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းတို့လို ဒေသခံ နိုင်ငံရေးသမားတွေက မြင်ကြပါတယ်။

"ဒီရင်းနှီးမြှုပ်နှံမှုတွေကအစ တိုင်းရင်းသားဒေသတွေမှာ နည်းတယ်။ budget ခွဲဝေမှုကလည်း နည်းတယ်။ ပြင်ပမှာပဲ များနေတယ်။ ကျနော်တို့က ကိုယ့်ဒေသကို အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့် ဖယ်ဒရယ်အခွင့်အရေးကို တောင်းလာကြတာပေါ့။ ဒါကလည်းတရားပါတယ်။ လက်ရှိ ထွက်တဲ့ သယံဇာတတွေပေါ်မှာလည်း လက်ဝါးကြီးအုပ်ပြီးတော့ အများကြီးယူပြီးတော့ နည်းနည်းပဲပေးတယ်။ ဒီလိုနိုင်ငံရေး မပြေလည်မှုတွေပေါ့ ၊ တန်းတူအခွင့်အရေးတွေ မရဘူးဆိုတဲ့ကိစ္စတွေကြောင့် ဒီနေ့တိုင်းရင်းသားတွေက ငါတို့အတွက် ထွက်ပေါက်ဟာ လက်နက်ကိုင် တော်လှန်ခြင်းပဲ ဖြစ်တယ်လို့ အယူအဆကို ပြောင်းသွားပြီးတော့ နှစ်ပေါင်း ၇၀ ရင်ဆိုင်နေရတယ်။ ရှေ့ဆက်ပြီးတော့ မြန်မာခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ဒီစိတ်ဓာတ်မျိုးနဲ့သာ သွားနေမယ်ဆိုရင်တော့ ပြည်တွင်းစစ်ဟာလည်း ဘယ်တော့မှ ရပ်စဲမှာမဟုတ်ဘူး။"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား ၂၀၁၉ ခုနှစ်က စခဲ့တဲ့ တိုက်ပွဲ တွေကြောင့် အရပ်သား ၂၆၀ လောက် သေဆုံးခဲ့ရပြီး၊ ၅၆၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လည်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျေးရွာပေါင်း ၂၀၀ ကျော်ဟာလည်း စစ်ဒဏ်သင့်ခဲ့တာကြောင့် ရခိုင်နဲ့ ချင်းရွာသားပေါင်း ၂၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 မေခ  / ဗွီအိုအေ ( မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
တိုင္းရင္းသားေဒသေတြမွာ သယံဇာတထုတ္ယူတဲ့လုပ္ငန္းေတြေၾကာင့္ ပဋိပကၡေတြ ပိုမ်ားေန

ရခိုင္ျပည္နယ္အပါအဝင္ တိုင္းရင္းသားေဒသေတြမွာ သယံဇာတထုတ္လုပ္တဲ့ လုပ္ငန္းေတြေၾကာင့္ လက္နက္ကိုင္ ပဋိပကၡေတြကို အားေပးရာ ေရာက္ေနတယ္လို႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရး လႈပ္ရွားမႈအဖြဲ႕တခုက ဒီကေန႔ အစီရင္ခံစာ ထုတ္ျပန္ရာမွာ ေျပာဆိုလိုက္တဲ့ အေၾကာင္း တင္ျပေပးခ်င္ပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ရခိုင္ျပည္နယ္မွာ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းႀကီးေတြရဲ႕ သယံဇာတ ထုတ္ယူေနတဲ့ လုပ္ငန္းေတြ ေၾကာင့္ ပဋိပကၡေတြကို မီးေမာင္းထိုးေပးရာ ေရာက္ေနသလို၊ ေနာက္ဆက္တြဲ ေဒသခံေတြ ဒုကၡေရာက္ေအာင္ တြန္းပို႔ေပးရာေရာက္တဲ့အေၾကာင္း ရခိုင္ေရနံ ေစာင့္ၾကည့္ေရးအဖြဲ႕ (AOW) က ကိုေမာင္ခိုင္က ေျပာပါတယ္။

"ဗဟိုအစိုးရကပဲ အကုန္လုံးထိန္းခ်ဳပ္ၿပီးေတာ့ လုပ္တယ္။ အဲ့ဒါေၾကာင့္မို႔လည္း ႏိုင္ငံက မညီမွ်မႈေတြ မ်ားေနတယ္။ သယံဇာတကိုေပါ့ေနာ္ ဖယ္ဒရယ္စနစ္က်က် ပိုင္ဆိုင္ဖို႔ ျပည္နယ္ေတြကပဲ ပိုင္ဆိုင္ခြင့္ေတြ၊ ျပည္နယ္ေတြကပဲ စီမံခန႔္ခြဲခြင့္ေတြကို က်ေနာ္တို႔ ရခိုင္က ေတာင္းဆိုထားပါတယ္။ ရခိုင္မွာ ႏိုင္ငံျခားရင္းႏွီးမႈေတြ ေတာ္ေတာ္မ်ားမ်ား ရခိုင္အတြက္ ရခိုင္လူထုအတြက္ အက်ိဳးမရွိေစဘဲနဲ႔ ရခိုင္ျပည္သူေတြကို ပိုၿပီးေတာ့ ဆိုး႐ြားေစတဲ့ အေျခအေနမွာ ရွိေနပါတယ္။"

ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းႀကီးေတြ ပါဝင္လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြက ရရွိတဲ့ ဘ႑ာေငြေတြဟာလည္း ရခိုင္ျပည္နယ္အပါအဝင္ တိုင္းရင္းသားေဒသေတြက တိုက္ပြဲေတြမွာ စစ္တပ္အတြက္ လက္နက္ဝယ္ဖို႔ ေထာက္ပံ့ေပးေနသလို ျဖစ္ေနတယ္လို႔လည္း အစီရင္ခံစာ ျပဳစုသူေတြက ေျပာဆိုထားတာပါ။ တိုင္းရင္းသားေဒသက သယံဇာတေတြက ရတဲ့ အက်ိဳးအျမတ္ေတြကို မွ်မွ်တတ ခံစားခြင့္ မရွိတာဟာလည္း အေျခခံျပႆနာတခု ျဖစ္တယ္လို႔ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႕က ကိုေမာင္ခိုင္က ေျပာပါတယ္။

"ဒီစီးပြားေရးဇုန္ မလုပ္ခင္ကတည္းက ပိုက္လိုင္းေတြ ေဆာက္တဲ့ဟာေတြ၊ မေဒးကြၽန္းမွာ ေရနံတင္ဆိပ္ကမ္း တည္ေဆာက္တဲ့ဟာေတြ အဲ့ဒီဟာေတြမွာ ေဒသခံေတြရဲ႕ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြရယ္၊ တျခား ဒီနယ္ေျမသိမ္းဆည္းခံရမႈေတြ အမ်ိဳးမ်ိဳးကို သူတို႔ ႀကဳံေတြ႕ၿပီးၿပီ။ တကယ္လို႔ ဒီေရနံတင္သြင္းဖို႔ေတြ ဘာေတြ တခုခု ျဖစ္လာၿပီဆိုလို႔ရွိရင္ ေက်ာက္ျဖဴရဲ႕ ပတ္ဝန္းက်င္မွာ ရွိတဲ့ လမုံေတာေပါ့ ျမန္မာျပည္မွာ ဒုတိယအႀကီးဆုံးေလာက္ရွိပါတယ္။ အဲလို လမုံေတာေတြ အတြက္ေတာင္ က်ေနာ္တို႔ စိုးရိမ္ရတဲ့ ေဒသခံေတြရဲ႕ သေဘာထားကို အျပည့္အဝ ရယူမႈ မရွိဘူးေပါ့ေနာ္။ အစိုးရနဲ႔ပဲ လုပ္ခ်င္သလို လုပ္ေနတဲ့ အပိုင္းေတြရွိတယ္။"

ရခိုင္ကမ္း႐ိုးတန္းက သဘာဝဓာတ္ေငြ႕ ထုတ္လုပ္တဲ့လုပ္ငန္းကို ၂၀၁၄ ခုႏွစ္က ႏိုင္ငံျခားကုမၸဏီ ၁၃ ခု ပါဝင္လုပ္ကိုင္ေနၿပီး ျပင္သစ္၊ ၾသစေၾတးလ် ႏိုင္ငံက ကုမၸဏီေတြကလည္း လက္ရွိ ေရနံလုပ္ငန္းေတြမွာ ပါဝင္ေနေၾကာင္းလည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ေနာက္ထပ္ ရွာေဖြေတြ႕ရွိတဲ့ သဘာဝဓာတ္ေငြ႕သိုက္ေတြက တူးေဖာ္ရရွိတဲ့ ဓာတ္ေငြ႕ေတြကို အိမ္နီးခ်င္း ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံေတြကို ေရာင္းခ်ဖို႔ စီစဥ္ထားတာေၾကာင့္ ေဒၚလာ ဘီလီယံနဲ႔ခ်ီ ဝင္ေငြရဖို႔ ရွိေနေပမဲ့ ေဒသခံေတြမွာေတာ့ နစ္နာဆုံးရႈံးမႈေတြက ႀကီးမားလြန္းတယ္လို႔လည္း ကိုေမာင္ခိုင္က ေျပာပါတယ္။

ျမန္မာအစိုးရကေတာ့ ဖြံ႕ၿဖိဳးမႈေတြ နိမ့္က်ေနတဲ့ ရခိုင္ျပည္နယ္ကို စီးပြားေရး စီမံကိန္းေတြနဲ႔ တိုးတက္ေအာင္လုပ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာဆိုထားၿပီး ျပည္ပလုပ္ငန္းေတြ အပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုလည္း ဖိတ္ေခၚထားပါတယ္။ ဒါေပမဲ့လည္း စီးပြားေရးလုပ္ငန္းေတြ အရင္းအျမစ္ ထုတ္လုပ္မႈေတြက ရရွိတဲ့ အက်ိဳးအျမတ္ေတြကို ခြဲေဝသုံးစြဲရာမွာ မွ်တမႈ ရွိဖို႔လိုတယ္လို႔ ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဖသန္းတို႔လို ေဒသခံ ႏိုင္ငံေရးသမားေတြက ျမင္ၾကပါတယ္။

"ဒီရင္းႏွီးျမႇဳပ္ႏွံမႈေတြကအစ တိုင္းရင္းသားေဒသေတြမွာ နည္းတယ္။ budget ခြဲေဝမႈကလည္း နည္းတယ္။ ျပင္ပမွာပဲ မ်ားေနတယ္။ က်ေနာ္တို႔က ကိုယ့္ေဒသကို အုပ္ခ်ဳပ္ခြင့္၊ စီမံခန႔္ခြဲခြင့္ ဖယ္ဒရယ္အခြင့္အေရးကို ေတာင္းလာၾကတာေပါ့။ ဒါကလည္းတရားပါတယ္။ လက္ရွိ ထြက္တဲ့ သယံဇာတေတြေပၚမွာလည္း လက္ဝါးႀကီးအုပ္ၿပီးေတာ့ အမ်ားႀကီးယူၿပီးေတာ့ နည္းနည္းပဲေပးတယ္။ ဒီလိုႏိုင္ငံေရး မေျပလည္မႈေတြေပါ့ ၊ တန္းတူအခြင့္အေရးေတြ မရဘူးဆိုတဲ့ကိစၥေတြေၾကာင့္ ဒီေန႔တိုင္းရင္းသားေတြက ငါတို႔အတြက္ ထြက္ေပါက္ဟာ လက္နက္ကိုင္ ေတာ္လွန္ျခင္းပဲ ျဖစ္တယ္လို႔ အယူအဆကို ေျပာင္းသြားၿပီးေတာ့ ႏွစ္ေပါင္း ၇၀ ရင္ဆိုင္ေနရတယ္။ ေရွ႕ဆက္ၿပီးေတာ့ ျမန္မာေခါင္းေဆာင္ေတြ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ ဒီစိတ္ဓာတ္မ်ိဳးနဲ႔သာ သြားေနမယ္ဆိုရင္ေတာ့ ျပည္တြင္းစစ္ဟာလည္း ဘယ္ေတာ့မွ ရပ္စဲမွာမဟုတ္ဘူး။"

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔ၾကား ၂၀၁၉ ခုႏွစ္က စခဲ့တဲ့ တိုက္ပြဲ ေတြေၾကာင့္ အရပ္သား ၂၆၀ ေလာက္ ေသဆုံးခဲ့ရၿပီး၊ ၅၆၀ ေလာက္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း လည္း ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။ လက္နက္ကိုင္ ပဋိပကၡေတြအတြင္း ေက်း႐ြာ ၁၀ ႐ြာထက္မနည္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး ေက်း႐ြာေပါင္း ၂၀၀ ေက်ာ္ဟာလည္း စစ္ဒဏ္သင့္ခဲ့တာေၾကာင့္ ရခိုင္နဲ႔ ခ်င္း႐ြာသားေပါင္း ၂၅၀,၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရတယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

 ေမခ  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-natural-resource-lead-to-conflict-/5494372.html

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ