ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာနဲ့ ဆင်တဲ့ ဆင်းတုတော်ကို ပညာရှင်တွေနဲ့ စိစစ်မယ်

ကုလလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂမ်ဘာရီမြန်မာခရီးစဉ်အတွင်း ကျောက်စိမ်းဆင်းတုတော်ကို လာရောက်ဖူးမြော်စဉ်
(Unicode)⤵⤵⤵
ရွှေတိဂုံစေတီက ကျောက်စိမ်းဘုရားဆင်းတုတော်ဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်နှာနဲ့ ဆင်တူတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ စိစစ်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

"တူတယ်၊မတူဘူး ဆိုတာက ပညာရှင်တွေနဲ့ စိစစ်ပြီးလို့ ပေါ်ပေါက်တယ်ဆိုရင် သြဝါဒါစရိယ ဆရာတော်တွေနဲ့ လျှောက်ထားသင့်လျှောက်ထားအပ်တဲ့ ဆရာတော်တွေဆီမှာ သြဝါဒခံယူရမှာ ဖြစ်ပါတယ် "လို့ သူက ပြောပါတယ်။

ဘယ်အချိန် စိစစ်မယ်ဆိုတာနဲ့ ပတ်သက်လို့ အချိန်ကာလတစ်ခု ယူရဖို့ရှိတယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဆင်းတုတော်ဟာ ၁၉၉၉ ခုနှစ် ကတည်းက ရွှေတိဂုံစေတီတော်မှာ ကိုးကွယ်ခဲ့တာဖြစ်ပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့လာမှ ဝန်ကြီးဌာနဘက်က စတင် သတိထားမိတာ ဖြစ်တယ်လို့လည်း သာသနာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီဆင်းတု အပါအဝင် နိုင်ငံအနှံ့က ထေရဝါဒဗုဒ္ဓသာသနာနဲ့ မလျော်ညီတဲ့ ရုပ်ပွားတော်တွေကို စာပေကျမ်းဂန်နဲ့အညီ၊ သြဝါဒါစရိယ ဆရာတော်ကြီးများရဲ့ သြဝါဒနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

အစိုးရသက်တမ်း ကုန်ခါနီးမှာ ဘာကြောင့် အခုလို ဆောင်ရွက်တာသလဲ ဆိုတာကို ဘီဘီစီက မေးမြန်းရာမှာတော့ ဦးဇာနည်ဝင်းက ဒီမေးခွန်းကို ဖြေဖို့အခက်ခဲရှိတယ်လို့ ပြောပါတယ်။

ဆင်းတုတော်တွေကို ပြုပြင်မယ်ဆိုရင် အလှူရှင်တွေဘက်က ကန့်ကွက်မှုရှိလာနိုင်တာနဲ့ ပတ်သက်ပြီး လှူဒါန်းထားပြီးဖြစ်တဲ့ ဆင်းတုတော်တွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ရွှေတိဂုံစေတီတော်ဂေါပကကပဲ စီမံခန့်ခွဲမှု ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ဇူလိုင်လ ၆ရက်ကလည်း နေပြည်တော် ပျဉ်းမနားမြို့မှာ စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ လှူဒါန်းထားတဲ့ အဂါရဝဖြစ်စေတဲ့ ဆင်းတုတွေကို ဖယ်ရှားခဲ့ပါတယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရိဝုဏ်အတွင်းက ရုပ်ပွားတော်တွေဟာ မြန်မာနိုင်ငံမှာ ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုထားကြတဲ့ မုဒြာ ၅၅ မျိုးမှာ မပါဘဲ ဥဒ္ဒိဿကစေတီတော်အဖြစ် ထားရှိကြည်ညိုဖို့ လျော်ကန်သင့်မြတ်မှုမရှိတဲ့အတွက် ဖယ်ရှားခဲ့တာလို့လည်း သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ မ်က္ႏွာနဲ႔ ဆင္တဲ့ ဆင္းတုေတာ္ကို ပညာရွင္ေတြနဲ႔ စိစစ္မယ္

ေ႐ႊတိဂုံေစတီက ေက်ာက္စိမ္းဘုရားဆင္းတုေတာ္ဟာ အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊရဲ႕ မ်က္ႏွာနဲ႔ ဆင္တူတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ပညာရွင္ေတြနဲ႔ စိစစ္မယ္လို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယ အၿမဲတမ္းအတြင္းဝန္ ဦးဇာနည္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

"တူတယ္၊မတူဘူး ဆိုတာက ပညာရွင္ေတြနဲ႔ စိစစ္ၿပီးလို႔ ေပၚေပါက္တယ္ဆိုရင္ ၾသဝါဒါစရိယ ဆရာေတာ္ေတြနဲ႔ ေလွ်ာက္ထားသင့္ေလွ်ာက္ထားအပ္တဲ့ ဆရာေတာ္ေတြဆီမွာ ၾသဝါဒခံယူရမွာ ျဖစ္ပါတယ္ "လို႔ သူက ေျပာပါတယ္။

ဘယ္အခ်ိန္ စိစစ္မယ္ဆိုတာနဲ႔ ပတ္သက္လို႔ အခ်ိန္ကာလတစ္ခု ယူရဖို႔ရွိတယ္လို႔လည္း သူက ဘီဘီစီကို ေျပာပါတယ္။

အဲဒီ ဆင္းတုေတာ္ဟာ ၁၉၉၉ ခုႏွစ္ ကတည္းက ေ႐ႊတိဂုံေစတီေတာ္မွာ ကိုးကြယ္ခဲ့တာျဖစ္ၿပီး အင္တာနက္ စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႔လာမွ ဝန္ႀကီးဌာနဘက္က စတင္ သတိထားမိတာ ျဖစ္တယ္လို႔လည္း သာသနာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဒီဆင္းတု အပါအဝင္ ႏိုင္ငံအႏွံ႔က ေထရဝါဒဗုဒၶသာသနာနဲ႔ မေလ်ာ္ညီတဲ့ ႐ုပ္ပြားေတာ္ေတြကို စာေပက်မ္းဂန္နဲ႔အညီ၊ ၾသဝါဒါစရိယ ဆရာေတာ္ႀကီးမ်ားရဲ႕ ၾသဝါဒနဲ႔အညီ ေဆာင္႐ြက္သြားမယ္လို႔ သာသနာေရးနဲ႔ယဥ္ေက်းမႈဝန္ႀကီးဌာနက ေျပာပါတယ္။

အစိုးရသက္တမ္း ကုန္ခါနီးမွာ ဘာေၾကာင့္ အခုလို ေဆာင္႐ြက္တာသလဲ ဆိုတာကို ဘီဘီစီက ေမးျမန္းရာမွာေတာ့ ဦးဇာနည္ဝင္းက ဒီေမးခြန္းကို ေျဖဖို႔အခက္ခဲရွိတယ္လို႔ ေျပာပါတယ္။

ဆင္းတုေတာ္ေတြကို ျပဳျပင္မယ္ဆိုရင္ အလႉရွင္ေတြဘက္က ကန႔္ကြက္မႈရွိလာႏိုင္တာနဲ႔ ပတ္သက္ၿပီး လႉဒါန္းထားၿပီးျဖစ္တဲ့ ဆင္းတုေတာ္ေတြကို ထိန္းသိမ္း ေစာင့္ေရွာက္တဲ့ ေ႐ႊတိဂုံေစတီေတာ္ေဂါပကကပဲ စီမံခန႔္ခြဲမႈ ရွိပါတယ္လို႔လည္း သူက ေျပာပါတယ္။

ဇူလိုင္လ ၆ရက္ကလည္း ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕မွာ စစ္အစိုးရ အဖြဲ႕ဝင္ေဟာင္းေတြ လႉဒါန္းထားတဲ့ အဂါရဝျဖစ္ေစတဲ့ ဆင္းတုေတြကို ဖယ္ရွားခဲ့ပါတယ္။

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ စိႏၲာမုနိမင္းဝံေတာင္ ဘုရားပရိဝုဏ္အတြင္းက ႐ုပ္ပြားေတာ္ေတြဟာ ျမန္မာႏိုင္ငံမွာ ႐ိုးရာအစဥ္အလာအရ ထုဆစ္ပုံေဖာ္ကာ ၾကည္ညိဳထားၾကတဲ့ မုျဒာ ၅၅ မ်ိဳးမွာ မပါဘဲ ဥဒၵိႆကေစတီေတာ္အျဖစ္ ထားရွိၾကည္ညိဳဖို႔ ေလ်ာ္ကန္သင့္ျမတ္မႈမရွိတဲ့အတြက္ ဖယ္ရွားခဲ့တာလို႔လည္း သာသနာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53340558
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာနဲ့ ဆင်တဲ့ ဆင်းတုတော်ကို ပညာရှင်တွေနဲ့ စိစစ်မယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာနဲ့ ဆင်တဲ့ ဆင်းတုတော်ကို ပညာရှင်တွေနဲ့ စိစစ်မယ် Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.