![]() |
ဇွန် ၂၅ ရက်နေ့တုန်းက ကန်လွှတ်တော်ရှေ့ သတင်းစာရှင်းလင်းပွဲလုပ် |
အမေရိကန် အောက်လွှတ်တော်အမတ် Louie Gohmert က COVID-19 ကူးစက်ခံရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ Nancy Pelosi က အခုအမိန့်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ လွှတ်တော်အမတ် Gohmert ဟာ လွှတ်တော်တွင်းနှာခေါင်းစည်း မဝတ်ဆင်ပဲနေ တာကိုလည်း မကြာသေးခင်ကပဲ တွေ့ခဲ့ကြရပါတယ်။ Gohmert ဟာ ဗုဒ္ဓဟူးနေ့တုန်းက သူ့ဇာတိပြည်နယ်Texas ကို သမ္မတ Donald Trump နဲ့ အတူသွားရောက်ဖို့အတွက် ဆေးစစ်ခံခဲ့တာဖြစ်ပြီး သူ့မှာ ရောဂါကူးစက်နေကြောင်း တွေ့ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူနှာခေါင်းစည်းတပ်ကြောင်းနဲ့ တပ်လိုက် ချွတ်လိုက်လုပ်တာကနေ နှာခေါင်းစည်းမှာ ရောဂါ ပိုးပါလာတာကို ရှုသွင်းမိတာဖြစ်နိုင်ကြောင်းဆေးစစ်တဲ့ ရလဒ်ထွက်လာအပြီးမှာ Gohmert က Texas KETK သတင်းဌာနကို ပြော ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက CNN သတင်းနဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ သူက ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ပုံမှန် စစ်ဆေးမှုခံယူနေတဲ့အတွက် နှာခေါင်းစည်း မတပ်တာလို့ Gohmert ကပြောခဲ့ဖူးပါတယ်။
အသက် ၆၆နှစ်ရှိပြီဖြစ်တဲ့ ရီပတ်ဗလစ်ကန်အမတ် Gohmert ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အောက်လွှတ်တော်တရားရေး ကော်မတီမှာ လုပ်ခဲ့တဲ့ ရှေ့နေချုပ် William Barr ရဲ့ ကြားနာပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီကြားနာပွဲကို နှာခေါင်းစည်းမတပ်ပဲ တက်ရောက်တဲ့ ရီပတ်ဘလစ်ကန် အမတ်တော်တော်များများကိုလည်း သဘာပတိ Jerry Nadler က ဆူပူကြိမ်းမောင်း ပြောဆိုခဲ့ပါသေးတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-congress-mandate-to-wear-mask-/5524794.html
