အိန္ဒိယနာမည်ကြီး လူဆိုးတယောက်ကို ရဲကပစ်ခတ်သတ်ဖြတ်

အနီးနားပြည်နယ်ရဲ့ ဘုရားကျောင်းတခုမှာ ဒူဘေးကို ဖမ်းဆီးမိခဲ့
(Unicode)⤵⤵⤵
အိန္ဒိယမြောက်ပိုင်း အူတရာပရာဒက်ရှ်ပြည်နယ်မှာ ရဲ ၈ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ ဗီးကတ်စ်ဒူဘေးကို ရဲက ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ရဲ ၈ ယောက်အသတ်ခံရပြီးနောက် ဗီးကတ်စ်ဒူဘေးဟာ တပတ်နီးပါးကြာအောင် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ကြာသပတေးနေ့ကမှ အနီးနားပြည်နယ်တခုဖြစ်တဲ့ မက်ဒယာပရာဒက်ရှ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဒူဘေးကို အူတရာပရာဒက်ရှ်ပြည်နယ်ဆီ ပို့ဆောင်စဉ် ကားတိမ်းမှောက်ခဲ့ပါတယ်။ သူဟာ ရဲတယောက်ရဲ့ သေနတ်ကို ခိုးယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ရဲက ပြောပါတယ်။

ရဲမှူးချုပ်မိုဟစ်အဂါဝါက အိန္ဒိယပီတီအိုင် သတင်းဌာနကို ဖြေကြားရာမှာ ဒူဘေးကို ရာဇဝင်လူဆိုးတယောက်လို့ဆိုပြီး သူဟာ လက်နက်မချဘဲ ရဲတွေကို ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် ပစ်သတ်လိုက်တာလို့ဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယရဲအဖွဲ့ဟာ အင်အားအလွန်အကျွံသုံးတယ်လို့ စွပ်စွဲခံရလေ့ရှိတဲ့ အတွက် ရဲပြောဆိုချက်ကို တချို့က သံသယဖြစ်ကြပါတယ်။

ဗီးကတ်စ်ဒူဘေးက ဘယ်လိုလူလဲ

ဒူဘေးဟာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ရာဇဝတ်သားတယောက်လို့ အူတရာပရာဒက်ရှ်ပြည်နယ်မှာ ပြောဆိုတတ်ကြပါတယ်။

လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှု၊ ပြန်ပေးမှု၊ မီးရှို့မှု၊ အဓိကရုဏ်းမှုတွေ အပါအဝင် သူ့ကိုစွဲဆိုထားပြီး မစစ်ဆေးရသေးတဲ့ အမှုပေါင်း ၆၀ ကျော်ရှိပါတယ်။

၂၀၀၁ ခုနှစ်မှာ သူဟာ ပြည်နယ်ဝန်ကြီးတယောက်ကို ရဲစခန်းထဲမှာ သတ်ဖြတ်ခဲ့တယ်လို့လည်း အစွပ်စွဲခံထားရပါတယ်။ အဲဒီတုန်းက သူအဖမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အာမခံနဲ့ ပြန်လွတ်သွားပါတယ်။ အမှုတော်တော်များများမှာ သူဟာ အဲသလိုနည်းမျိုးနဲ့ လွတ်မြောက်သွားတတ်ပါတယ်။
လူသတ်မှု၊ ပြန်ပေးမှု အပါအဝင် အမှုပေါင်း ၆၀ ကျော်စွပ်စွဲခံရပြီး ပြည်နယ်လွှတ်တော်အမတ်ဖြစ်ဖို့ ရည်မှန်းထားသူ
ဒူဘေးမှာ နိုင်ငံရေးအဆက်သွယ်ကောင်းတွေရှိတယ်လို့ ပြောကြပါတယ်။ သူအပြင်ထွက်တိုင်းမှာ လက်နက်ကိုင်လူတစုနဲ့ ခြံရံပြီးထွက်လေ့ရှိပါတယ်။ သူ့အမှုတွေမှာ သက်သေလိုက်တဲ့သူတွေဟာ သူတို့သက်သေထွက်ဆိုချက်တွေကို ပြောင်းလဲထွက်ဆိုတာမျိုး၊ တရားရုံးကို မလာတော့တာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။

၂၀၀၀ ခုနှစ်ကျော်ကာလတခုမှာတုန်းက ဆယ်ကျော်သက်အရွယ် ဒူဘေးဟာ ရွာမှာ လူတွေကို ရိုက်နှက်မှုနဲ့ အစစ်ဆေးခံရချိန် နိုင်ငံရေးသမားတယောက်က အာမခံနဲ့ လာထုတ်သွားပြီး သူ့အမှုကို မှတ်တမ်းတောင် မတင်ခဲ့ပါဘူး။ အဲဒီကတည်းက ဒူဘေးဟာ အူတရာပရာဒက်ရှ်မြေအောက်လောကမှာ ကျော်ကြားလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရဲမှတ်တမ်းမှာ သူ့အမှုတွေ တခုပြီး တခုတိုးလာပြီး မိုက်ဂုဏ်တက်လာပါတယ်။ ဒါပေမယ့်သူ့ကို အရေးမယူနိုင်ခဲ့ပါဘူး။

ဒူဘေးဟာ နိုင်ငံရေးနယ်ထဲမှာတောင် ဝင်စမ်းကြည့်ဖူးပါတယ်။ သူရော သူ့မိန်းမရောဟာ ဒေသန္တရရွေးကောက်ပွဲမှာ မဲနိုင်ဖူးပါတယ်။

သူ့ရည်မှန်းချက်ဟာ ပြည်နယ်လွှတ်တော်အမတ်ဖြစ်ရေးပဲလို့ နိုင်ငံရေးသတင်းထောက်တယောက်က ဆိုပါတယ်။ အခုသေဆုံးချိန်မှာ သူဟာ နိုင်ငံရေးနယ်ထဲဝင်ဖို့ ပြင်ဆင်နေချိန် ဖြစ်ပါတယ်။

ဒူဘေးသေဆုံးခဲ့ပုံ

ဒူဘေးဟာ ရဲတယောက်ရဲ့ သေနတ်ကိုလုယူပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တယ်လို့ ရဲက ဆိုပါတယ်။ လက်နက်ချဖို့ ငြင်းဆိုပြီး ရဲတွေကို ပြန်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရဲအဖွဲ့က ပြန်ပစ်ရာမှာ ဒူဘေး ဒဏ်ရာအကြီးအကျယ် ရခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာ သူ့ကိုဆေးရုံခေါ်သွားစဉ်သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါမျိုးဟာလည်း အူတရာပရာဒက်ရှ်မှာ ကြားနေကျ ဇာတ်လမ်းမျိုးပါ။

ယိုဂီအဓိယာနတ် အာဏာရပြီးကတည်းက ရဲကပစ်ခတ်သမျှဟာ ခုခံပစ်ခတ်တာချည်းပဲလို့ ဆိုလေ့ရှိပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဓိယာနတ်ဟာ ဟန္ဒီအမျိုးသားရေးပါတီဖြစ်တဲ့ ဘရာတီယာဂျနာတာပါတီကဖြစ်ပြီး ပြည်နယ်တွင်းမှာ ဥပဒေစိုးမိုးဖို့ ရွေးကောက်ပွဲမှာ ကတိပေးခဲ့သူပါ။
ဒူဘေးကို ဖမ်းလာစဉ် ကားတိမ်းမှောက်ခဲ့
သူအာဏာရတဲ့ ပထမတနှစ်အတွင်းမှာ ရဲက ပြန်လည်ခုခံပစ်ခတ်မှုဖြစ်စဉ် ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ သူ့အတိုက်အခံနိုင်ငံရေးသမားတွေက သူ့လက်ထက်မှာ ရဲအဖွဲ့ဟာ အင်အားအလွန်အကျွံသုံးစွဲလေ့ရှိတယ်လို့ စွပ်စွဲကြပါတယ်။

ဒူဘေးသေဆုံးမှုနဲ့ ပတ်သက်တဲ့ တရားဝင်ထုတ်ပြန်ချက်အပေါ်မှာ တချို့က လူမှုကွန်ရက်ကနေ သံသယဝင်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။ ရဲဆီမှာ ကိုယ့်ဘာသာလက်နက်ချလာတဲ့လူတယောက်ဟာ ဘာ့ကြောင့်ထွက်ပြေးမှာလဲ၊ ဘယ်လိုလုပ်ပြီး ရဲတယောက်ရဲ့သေနတ်ကို လုယူနိုင်မှာလဲလို့ မေးခွန်းထုတ်ကြပါတယ်။

ရဲက မက်ဒရာပရာဒက်ရှ်က ဘုရားကျောင်းတခုမှာ သူ့ကို ဇာတ်လမ်းဆန်ဆန် ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ အတိုက်အခံပါတီတွေကတော့ ဒူဘေးဟာ တပတ်ကျော် ထွက်ပြေးလွတ်မြောက်ပြီးနောက် လူသိရှင်ကြား လက်နက်ချ အဖမ်းခံခဲ့တာလို့ ဆိုပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေက ဒူဘေးကို တရားရုံးရှေ့မှောက်ရောက်တဲ့အထိ ဘေးကင်းကင်းနဲ့ခေါ်ဆောင်သွားပြီး ရုံးတင်စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ ရဲ ၈ ယောက်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပြီးကတည်းက ဒီအကြောင်းဟာ အိန္ဒိယသတင်းစာတွေရဲ့ ခေါင်းကြီးသတင်းဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အပြန်အလှန်ပစ်ခတ်စဉ် ဒူဘေးရဲ့ လက်ထောက်နှစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ ဒူဘေးတို့ရွာနားရဲစခန်းက ရဲအရာရှိတယောက်ဟာလည်း တရားခံပြေးတွေကို ကူညီမှုနဲ့ အဖမ်းခံထားရပါတယ်။ ရဲအရာရှိတွေဟာ အရင်အမှုတခုအတွက် ပြီးခဲ့တဲ့အပတ်မှာ လိုက်လံရှာဖွေစဉ် အမြင့်ကနေ ပစ်ခတ်ခံခဲ့ရတဲ့ အတွက် ၈ ယောက်အထိ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

BBC Burmese
-----------------------------
(Zawgyi)⤵⤵⤵
အိႏၵိယနာမည္ႀကီး လူဆိုးတေယာက္ကို ရဲကပစ္ခတ္သတ္ျဖတ္

အိႏၵိယေျမာက္ပိုင္း အူတရာပရာဒက္ရွ္ျပည္နယ္မွာ ရဲ ၈ ေယာက္ကို သတ္ခဲ့တယ္ဆိုတဲ့ ဗီးကတ္စ္ဒူေဘးကို ရဲက ပစ္ခတ္သတ္ျဖတ္လိုက္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ရဲ ၈ ေယာက္အသတ္ခံရၿပီးေနာက္ ဗီးကတ္စ္ဒူေဘးဟာ တပတ္နီးပါးၾကာေအာင္ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ၿပီး ၾကာသပေတးေန႔ကမွ အနီးနားျပည္နယ္တခုျဖစ္တဲ့ မက္ဒယာပရာဒက္ရွ္မွာ ဖမ္းမိခဲ့တာျဖစ္ပါတယ္။

ဒူေဘးကို အူတရာပရာဒက္ရွ္ျပည္နယ္ဆီ ပို႔ေဆာင္စဥ္ ကားတိမ္းေမွာက္ခဲ့ပါတယ္။ သူဟာ ရဲတေယာက္ရဲ႕ ေသနတ္ကို ခိုးယူၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တယ္လို႔ ရဲက ေျပာပါတယ္။

ရဲမႉးခ်ဳပ္မိုဟစ္အဂါဝါက အိႏၵိယပီတီအိုင္ သတင္းဌာနကို ေျဖၾကားရာမွာ ဒူေဘးကို ရာဇဝင္လူဆိုးတေယာက္လို႔ဆိုၿပီး သူဟာ လက္နက္မခ်ဘဲ ရဲေတြကို ျပန္လည္ ပစ္ခတ္ခဲ့တဲ့အတြက္ ပစ္သတ္လိုက္တာလို႔ဆိုပါတယ္။

ဒါေပမယ့္ အိႏၵိယရဲအဖြဲ႕ဟာ အင္အားအလြန္အကြၽံသုံးတယ္လို႔ စြပ္စြဲခံရေလ့ရွိတဲ့ အတြက္ ရဲေျပာဆိုခ်က္ကို တခ်ိဳ႕က သံသယျဖစ္ၾကပါတယ္။

ဗီးကတ္စ္ဒူေဘးက ဘယ္လိုလူလဲ

ဒူေဘးဟာ နာမည္ဆိုးနဲ႔ အေက်ာ္ၾကားဆုံး ရာဇဝတ္သားတေယာက္လို႔ အူတရာပရာဒက္ရွ္ျပည္နယ္မွာ ေျပာဆိုတတ္ၾကပါတယ္။

လူသတ္မႈ၊ လူသတ္ရန္ႀကိဳးစားမႈ၊ ျပန္ေပးမႈ၊ မီးရႈိ႕မႈ၊ အဓိက႐ုဏ္းမႈေတြ အပါအဝင္ သူ႔ကိုစြဲဆိုထားၿပီး မစစ္ေဆးရေသးတဲ့ အမႈေပါင္း ၆၀ ေက်ာ္ရွိပါတယ္။

၂၀၀၁ ခုႏွစ္မွာ သူဟာ ျပည္နယ္ဝန္ႀကီးတေယာက္ကို ရဲစခန္းထဲမွာ သတ္ျဖတ္ခဲ့တယ္လို႔လည္း အစြပ္စြဲခံထားရပါတယ္။ အဲဒီတုန္းက သူအဖမ္းခံခဲ့ရပါတယ္။ ဒါေပမယ့္ မၾကာခင္မွာပဲ အာမခံနဲ႔ ျပန္လြတ္သြားပါတယ္။ အမႈေတာ္ေတာ္မ်ားမ်ားမွာ သူဟာ အဲသလိုနည္းမ်ိဳးနဲ႔ လြတ္ေျမာက္သြားတတ္ပါတယ္။

ဒူေဘးမွာ ႏိုင္ငံေရးအဆက္သြယ္ေကာင္းေတြရွိတယ္လို႔ ေျပာၾကပါတယ္။ သူအျပင္ထြက္တိုင္းမွာ လက္နက္ကိုင္လူတစုနဲ႔ ၿခံရံၿပီးထြက္ေလ့ရွိပါတယ္။ သူ႔အမႈေတြမွာ သက္ေသလိုက္တဲ့သူေတြဟာ သူတို႔သက္ေသထြက္ဆိုခ်က္ေတြကို ေျပာင္းလဲထြက္ဆိုတာမ်ိဳး၊ တရား႐ုံးကို မလာေတာ့တာမ်ိဳး မၾကာခဏ ျဖစ္တတ္ပါတယ္။

၂၀၀၀ ခုႏွစ္ေက်ာ္ကာလတခုမွာတုန္းက ဆယ္ေက်ာ္သက္အ႐ြယ္ ဒူေဘးဟာ ႐ြာမွာ လူေတြကို ႐ိုက္ႏွက္မႈနဲ႔ အစစ္ေဆးခံရခ်ိန္ ႏိုင္ငံေရးသမားတေယာက္က အာမခံနဲ႔ လာထုတ္သြားၿပီး သူ႔အမႈကို မွတ္တမ္းေတာင္ မတင္ခဲ့ပါဘူး။ အဲဒီကတည္းက ဒူေဘးဟာ အူတရာပရာဒက္ရွ္ေျမေအာက္ေလာကမွာ ေက်ာ္ၾကားလာခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ရဲမွတ္တမ္းမွာ သူ႔အမႈေတြ တခုၿပီး တခုတိုးလာၿပီး မိုက္ဂုဏ္တက္လာပါတယ္။ ဒါေပမယ့္သူ႔ကို အေရးမယူႏိုင္ခဲ့ပါဘူး။

ဒူေဘးဟာ ႏိုင္ငံေရးနယ္ထဲမွာေတာင္ ဝင္စမ္းၾကည့္ဖူးပါတယ္။ သူေရာ သူ႔မိန္းမေရာဟာ ေဒသႏၲရေ႐ြးေကာက္ပြဲမွာ မဲႏိုင္ဖူးပါတယ္။

သူ႔ရည္မွန္းခ်က္ဟာ ျပည္နယ္လႊတ္ေတာ္အမတ္ျဖစ္ေရးပဲလို႔ ႏိုင္ငံေရးသတင္းေထာက္တေယာက္က ဆိုပါတယ္။ အခုေသဆုံးခ်ိန္မွာ သူဟာ ႏိုင္ငံေရးနယ္ထဲဝင္ဖို႔ ျပင္ဆင္ေနခ်ိန္ ျဖစ္ပါတယ္။

ဒူေဘးေသဆုံးခဲ့ပုံ

ဒူေဘးဟာ ရဲတေယာက္ရဲ႕ ေသနတ္ကိုလုယူၿပီး ထြက္ေျပးဖို႔ႀကိဳးစားခဲ့တယ္လို႔ ရဲက ဆိုပါတယ္။ လက္နက္ခ်ဖို႔ ျငင္းဆိုၿပီး ရဲေတြကို ျပန္ပစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ ရဲအဖြဲ႕က ျပန္ပစ္ရာမွာ ဒူေဘး ဒဏ္ရာအႀကီးအက်ယ္ ရခဲ့ပါတယ္။ မိနစ္အနည္းငယ္အၾကာမွာ သူ႔ကိုေဆး႐ုံေခၚသြားစဥ္ေသဆုံးသြားခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဒါမ်ိဳးဟာလည္း အူတရာပရာဒက္ရွ္မွာ ၾကားေနက် ဇာတ္လမ္းမ်ိဳးပါ။

ယိုဂီအဓိယာနတ္ အာဏာရၿပီးကတည္းက ရဲကပစ္ခတ္သမွ်ဟာ ခုခံပစ္ခတ္တာခ်ည္းပဲလို႔ ဆိုေလ့ရွိပါတယ္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ယိုဂီအဓိယာနတ္ဟာ ဟႏၵီအမ်ိဳးသားေရးပါတီျဖစ္တဲ့ ဘရာတီယာဂ်နာတာပါတီကျဖစ္ၿပီး ျပည္နယ္တြင္းမွာ ဥပေဒစိုးမိုးဖို႔ ေ႐ြးေကာက္ပြဲမွာ ကတိေပးခဲ့သူပါ။

သူအာဏာရတဲ့ ပထမတႏွစ္အတြင္းမွာ ရဲက ျပန္လည္ခုခံပစ္ခတ္မႈျဖစ္စဥ္ ၁၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ သူ႔အတိုက္အခံႏိုင္ငံေရးသမားေတြက သူ႔လက္ထက္မွာ ရဲအဖြဲ႕ဟာ အင္အားအလြန္အကြၽံသုံးစြဲေလ့ရွိတယ္လို႔ စြပ္စြဲၾကပါတယ္။

ဒူေဘးေသဆုံးမႈနဲ႔ ပတ္သက္တဲ့ တရားဝင္ထုတ္ျပန္ခ်က္အေပၚမွာ တခ်ိဳ႕က လူမႈကြန္ရက္ကေန သံသယဝင္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုၾကပါတယ္။ ရဲဆီမွာ ကိုယ့္ဘာသာလက္နက္ခ်လာတဲ့လူတေယာက္ဟာ ဘာ့ေၾကာင့္ထြက္ေျပးမွာလဲ၊ ဘယ္လိုလုပ္ၿပီး ရဲတေယာက္ရဲ႕ေသနတ္ကို လုယူႏိုင္မွာလဲလို႔ ေမးခြန္းထုတ္ၾကပါတယ္။

ရဲက မက္ဒရာပရာဒက္ရွ္က ဘုရားေက်ာင္းတခုမွာ သူ႔ကို ဇာတ္လမ္းဆန္ဆန္ ဖမ္းဆီးမိခဲ့တာလို႔ ဆိုပါတယ္။ အတိုက္အခံပါတီေတြကေတာ့ ဒူေဘးဟာ တပတ္ေက်ာ္ ထြက္ေျပးလြတ္ေျမာက္ၿပီးေနာက္ လူသိရွင္ၾကား လက္နက္ခ် အဖမ္းခံခဲ့တာလို႔ ဆိုပါတယ္။ အတိုက္အခံ ႏိုင္ငံေရးသမားေတြက ဒူေဘးကို တရား႐ုံးေရွ႕ေမွာက္ေရာက္တဲ့အထိ ေဘးကင္းကင္းနဲ႔ေခၚေဆာင္သြားၿပီး ႐ုံးတင္စစ္ေဆးဖို႔ တိုက္တြန္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ ရဲ ၈ ေယာက္ပစ္ခတ္ သတ္ျဖတ္ခံခဲ့ရၿပီးကတည္းက ဒီအေၾကာင္းဟာ အိႏၵိယသတင္းစာေတြရဲ႕ ေခါင္းႀကီးသတင္းျဖစ္ခဲ့ပါတယ္။ အဲဒီတုန္းက အျပန္အလွန္ပစ္ခတ္စဥ္ ဒူေဘးရဲ႕ လက္ေထာက္ႏွစ္ေယာက္လည္း ေသဆုံးခဲ့ပါတယ္။ ဒူေဘးတို႔႐ြာနားရဲစခန္းက ရဲအရာရွိတေယာက္ဟာလည္း တရားခံေျပးေတြကို ကူညီမႈနဲ႔ အဖမ္းခံထားရပါတယ္။ ရဲအရာရွိေတြဟာ အရင္အမႈတခုအတြက္ ၿပီးခဲ့တဲ့အပတ္မွာ လိုက္လံရွာေဖြစဥ္ အျမင့္ကေန ပစ္ခတ္ခံခဲ့ရတဲ့ အတြက္ ၈ ေယာက္အထိ ေသဆုံးခဲ့ရတာလို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53367030
အိန္ဒိယနာမည်ကြီး လူဆိုးတယောက်ကို ရဲကပစ်ခတ်သတ်ဖြတ် အိန္ဒိယနာမည်ကြီး လူဆိုးတယောက်ကို ရဲကပစ်ခတ်သတ်ဖြတ် Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.