(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၃၀ ရက်နေ့ညက မြန်မာ့တပ်မတော်သား သုံးဦးက ရွာခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာကို အရေးယူပေးဖို့ဆိုပြီး ကာယကံရှင်အမျိုးသမီးက စစ်တွေ မြို့မရဲစခန်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆- မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ဖို့ အတွက် အားပေးမှု... စတဲ့ ပုဒ်မသုံးခုနဲ့ တိုင်ချက်ဖွင့်ခဲ့တာလို့ ကာယကံရှင်အမျိုးသမီးအတွက် အကူညီပေးနေ သူတွေထဲမှာ ပါဝင်တဲ့ စစ်တွေမြို့ခံ ဒေါ်ညိုအေးက ပြောပါတယ်။
ကာယကံရှင် တရားလိုအမျိုးသမီးကတော့ အမှုမှန် ပေါ်ပေါက်စေဖို့အတွက် ရဲစခန်းမှာ အခုလို အမှုဖွင့် တိုင်ကြားလိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာ AA ရက္ခိုင့်တပ်တော်ကို စစ်ဆင်ရေးဆောင်ရွက်နေတဲ့ တပ်မတော်သားသုံးဦးက ဦးဂါကျေးရွာက သားသမီးလေးဦးရဲ့ မိခင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြသလို သမီးဖြစ်သူကိုပါ အဓမ္မပြုကျင့်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြတယ်လို့ ကာယကံရှင်အမျိုးသမီးက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့... တပ်မတော်သားတွေက အဓမ္မပြုကျင့်တယ် ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုထားပြီး တရားဥပဒေကြောင်းအရ ဖြေရှင်းစေလိုကြောင်း RFA ကိုပြောဆိုထားပါတယ်။
RFA Burmese
------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္မွာ တပ္မေတာ္သားသုံးဦးက အဓမၼျပဳက်င့္တယ္ဆိုတဲ့အမႈ အေရးယူဖို႔ ကာယကံရွင္အမႈဖြင့္
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်း႐ြာမွာ ဇြန္လ ၃၀ ရက္ေန႔ညက ျမန္မာ့တပ္မေတာ္သား သုံးဦးက ႐ြာခံ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တာကို အေရးယူေပးဖို႔ဆိုၿပီး ကာယကံရွင္အမ်ိဳးသမီးက စစ္ေတြ ၿမိဳ႕မရဲစခန္းမွာ ဇူလိုင္လ ၁၀ ရက္ေန႔က အမႈဖြင့္လိုက္ပါတယ္။
ရာဇသတ္ႀကီးပုဒ္မ ၃၇၆- မုဒိမ္းမႈ၊ ပုဒ္မ ၃၆၆ အတင္းအဓမၼ ေသြးေဆာင္ဆြဲေခၚမႈ၊ ပုဒ္မ ၁၄၄ ျပစ္မႈက်ဴးလြန္ဖို႔ အတြက္ အားေပးမႈ... စတဲ့ ပုဒ္မသုံးခုနဲ႔ တိုင္ခ်က္ဖြင့္ခဲ့တာလို႔ ကာယကံရွင္အမ်ိဳးသမီးအတြက္ အကူညီေပးေန သူေတြထဲမွာ ပါဝင္တဲ့ စစ္ေတြၿမိဳ႕ခံ ေဒၚညိဳေအးက ေျပာပါတယ္။
ကာယကံရွင္ တရားလိုအမ်ိဳးသမီးကေတာ့ အမႈမွန္ ေပၚေပါက္ေစဖို႔အတြက္ ရဲစခန္းမွာ အခုလို အမႈဖြင့္ တိုင္ၾကားလိုက္တာလို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။
ရေသ့ေတာင္ၿမိဳ႕နယ္မွာ AA ရကၡိဳင့္တပ္ေတာ္ကို စစ္ဆင္ေရးေဆာင္႐ြက္ေနတဲ့ တပ္မေတာ္သားသုံးဦးက ဦးဂါေက်း႐ြာက သားသမီးေလးဦးရဲ႕ မိခင္ျဖစ္သူ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့ၾကသလို သမီးျဖစ္သူကိုပါ အဓမၼျပဳက်င့္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးပမ္းခဲ့ၾကတယ္လို႔ ကာယကံရွင္အမ်ိဳးသမီးက သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။
တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့... တပ္မေတာ္သားေတြက အဓမၼျပဳက်င့္တယ္ ဆိုတဲ့စြပ္စြဲခ်က္ကို ျငင္းဆိုထားၿပီး တရားဥပေဒေၾကာင္းအရ ေျဖရွင္းေစလိုေၾကာင္း RFA ကိုေျပာဆိုထားပါတယ္။
RFA Burmese
https://www.facebook.com/rfaburmese
