သရုပ်ဆောင် သီဟတင်စိုးအား လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူ နှင့် ပွဲစားတို့ကို ထောင်ဒဏ် ချမှတ်


ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး လိမ်လည်တိုင်တန်းခဲ့တဲ့ အိမ်အကူ နဲ့ ပွဲစားတို့ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် (၃၀) ရက်က ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။

တရားစွဲဆိုထားတဲ့ အိမ်အကူ ခင်မာမြင့်ကို နစ်နာစေဖို့ ရည်ရွယ်ပြီး ပြစ်မှုကျူးလွန်တယ်လို့ မမှန်မကန် စွပ်စွဲခြင်း ပုဒ်မ နဲ့ ထောင်ဒဏ် နှစ်နှစ်၊ ခြောက်လှန့် တောင်းယူမှု ပုဒ်မနဲ့ ထောင်ဒဏ် ငါးနှစ် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။
အဲဒီအမှုမှာ ပူးပေါင်းပါဝင်တဲ့ ပွဲစား ဒေါ်ညိုကိုလည်း ခြောက်လှန့်တောင်းယူမှု ပုဒ်မနဲ့ ထောင်ဒဏ် ငါးနှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အခုအမှုကတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လအတွင်းက သရုပ်ဆောင် သီဟတင်စိုး နဲ့ ဒေါ်ဇင်မာဦး တို့ အိမ်မှာ အိမ်အကူလုပ်ကိုင်နေတဲ့ ခင်မာမြင့်က သူ့ကို သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ခဲ့တယ်ဆိုပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ မုဒိမ်းမှုနဲ့ တိုင်းတန်းခဲ့တာပါ။

တိုင်တန်းချက်ကို ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့နဲ့ စစ်ဆေးခဲ့ပြီးနောက် အိမ်အကူခင်မာမြင့်က ပွဲစား ဒေါ်ညိုနဲ့ ပူးပေါင်းပြီး လိမ်လည်တိုင်တန်းခဲ့တယ်လို့ ပေါ်ပေါက်ပါတယ်။
အဲဒီအမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ နှစ်နှစ်ခန့်ကြာ စစ်ဆေးပြီးနောက် အပြီးသတ်အမိန့် ချမှတ်ခဲ့တာပါ။

သတင်း-ဝေယံထက်ဝင်း / ဓာတ်ပုံ-Yangon Police - One News Myanmar
https://www.facebook.com/onenewsmyan
သရုပ်ဆောင် သီဟတင်စိုးအား လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူ နှင့် ပွဲစားတို့ကို ထောင်ဒဏ် ချမှတ် သရုပ်ဆောင် သီဟတင်စိုးအား လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူ နှင့် ပွဲစားတို့ကို ထောင်ဒဏ် ချမှတ် Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.