မြောင်းမြမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးအား ထောက်ပံငွေ အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီး


နိုင်ငံတော်က ပြည်သူတွေကို ထောက်ပံငွေ ကို ဒေသခံတွေကို မပေးဘဲ အလွဲသုံးခဲ့တဲ့ မြောင်းမြ မြို့နယ် ကံဘဲ့လေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြ မြို့မရဲ့စခန်းက ဖမ်းဆီးထားတယ်လို့ မြောင်းမြမြို့မရဲစခန်း က တာဝန်ရှိသူက ပြောပါတယ်။

 ကံဘဲ့လေးကျေးရွာအုပ်စုက ပုံမှန်ဝင်ငွေမရှိ တဲ့ မိသားစု (၂၇၃) စုအတွက် နိုင်ငံတော်က  ဒုတိယအကြိမ် ထောက်ပံ့ငွေ (၅၄၆၀၀၀၀)ကျပ် ကို  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းက ဒေသခံတွေကို မပေးဘဲ အလွဲသုံးစား လုပ်ခဲ့တာကြောင့် မြောင်းမြမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တာ  ဖြစ်တယ်လို့လည်း သိရပါတယ်။

"ဦးတင်မောင်ဝင်းကို စစ်ဆေးတဲ့အခါမှာ ငွေ သုံးသောင်း ပဲ သူ့မှာကျန်တော့တယ်။  လေးဆယ့်ကိုးသိန်းကို ဓါတ်မြေဩဇာဖိုးပေး ချေတယ်။ ငါးသိန်းသုံးသောင်းကို သုံးစွဲထားတယ်လို့ ပေါ်ပေါက်ခဲ့တယ်။"လို့ မြောင်းမြမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒါကြောင့် ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းကို (ပ) ၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ(၄၀၉)နဲ့ မြောင်းမြမြိုမရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း- ဘိုဘို(မြောင်းမြ)။ One News Myanmar
https://www.facebook.com/onenewsmyan
မြောင်းမြမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးအား ထောက်ပံငွေ အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီး မြောင်းမြမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးအား ထောက်ပံငွေ အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီး Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.