ဖားကန့် မြေပြိုမှု နေအိမ် ၁၆ လုံးပျက်စီး၊ လူဦးရေ ၄၀ နီးပါး နေရာရွှေ့ပြောင်းရ


 ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော် ရပ်ကွက် ၂ မှာ ဒီနေ့မနက်က မြေပြိုတာကြောင့် လူနေအိမ် ၁၆ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်ပြိုကျသွားတဲ့ထဲက လူဦးရေ ၄၀ လောက်ဟာ ဝှေခါမှော်မှာရှိတဲ့ ငြိမ်းချမ်းရေးဓမ္မာရုံမှာ ရွှေ့ပြောင်းခိုလှုံနေကြပါတယ်။

ဒီနေ့မနက် ပြိုကျခဲ့တဲ့နေရာဟာ လွန်ခဲ့တဲ့၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုးရုံးကို တင်ပြခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့လည်း ဦးရွှေသိန်းက ပြောပါတယ်။

အခုပြိုကျတဲ့နေရာဟာ ဇူလိုင်လ ၂ ရက်နေ့က မြေပြိုကျခဲ့တဲ့နေရာရဲ့အနီးမှာဖြစ်ပြီး ရပ်ကွက် ၄ ရပ်ကွက် ၆ ရပ်ကွက် ၇ တွေလည်း ပြိုကြနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ်အစိုးအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ အခုလို မြေပြိုတာတွေ ထပ်မဖြစ်အောင် သဘောဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေတယ်လို့ ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့ လေးနှစ်တာ လုပ်ဆောင်မှုတွေကို တင်ပြဆွေနွေးတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မြေပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော်သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိပြီး အိမ်ခြေ နှစ်ဆယ်ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဖားကန့် မြေပြိုမှု နေအိမ် ၁၆ လုံးပျက်စီး၊ လူဦးရေ ၄၀ နီးပါး နေရာရွှေ့ပြောင်းရ ဖားကန့် မြေပြိုမှု နေအိမ် ၁၆ လုံးပျက်စီး၊ လူဦးရေ ၄၀ နီးပါး နေရာရွှေ့ပြောင်းရ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.