ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ဘာတွေကန့်သတ်လိုက်သလဲ



Share/Bookmark
လေ့လာခွင့်ကန့်သတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေကို ရွေးကောက်ပွဲနှစ်ခုနှိုင်းယှဉ်ပြထားတာပါ။
(Unicode)⤵⤵⤵
နောက်သတင်းတစ်ပုဒ်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလေ့လာလိုသူတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တချို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် ပွင့်လင်းမြင်သာမှု အားနည်းသွားစေတယ်လို့ ဝေဖန်တာတွေ ထွက်ပေါ်နေပါတယ်။

ရွေးကောက်ပွဲလေ့လာခွင့်လုပ်ငန်းစဉ်နှစ်ခုကိုနှိုင်းယှဉ်လေ့လာလိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲက လေ့လာခွင့်ရခဲ့တဲ့ လုပ်ငန်းစဉ်တွေထဲကတချို့ကို ပယ်ဖျက်တာအပါအဝင် အရေးကြီးတဲ့အပြောင်း အလဲတော်တော်များများ လုပ်ထားတာတွေ့ရပါတယ်။

ကော်မရှင်ဟာ ဒီလိုအပြောင်းအလဲလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည့်သူတွေနဲ့ ဆွေးနွေး တိုင်ပင်ညှိနှိုင်းတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခု ပြင်ဆင်လိုက်တဲ့အချက်တွေထဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဆိုတဲ့စကားရပ်အစား စောင့်ကြည့်ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များ ဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကို လေ့လာခွင့်တိုးလာပေမယ့် အရင်ကလုပ်ခွင့်ရတဲ့လုပ်ငန်းစဉ်တွေထဲက သုံးခုကို ပယ်ဖျက်ထားပါတယ်။

အဲဒီသုံးချက်ကတော့

    (၁) ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အမိန့်ညွှန်ကြားချက်တွေ
    (၂) မဲဆန္ဒရှင် သတင်းအချက်အလက်၊ မဲလက်မှတ်ရိုက်နှိပ်ခြင်းနဲ့
    (၃) ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေ စစ်ဆေးဆုံးဖြတ်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလို ပယ်ဖျက်ထားတာက ရွေးကောက်ပွဲဖြစ်စဉ် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုအတွက် ဘာတွေ ထိခိုက်သွားစေနိုင်ပါသလဲ။ New Myanmar Foundation ရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက ခုလိုပြောပါတယ်။

"ဘာလို့ဆို ကျွန်မတို့က ရွေးကောက်ပွဲတစ်ခုကို လေ့လာတာဟာ ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်။ နောက်ပြီးတော့ ကန့်ကွက်မှုတွေကို ဘယ်လိုဆုံးဖြတ်ချက်ချခဲ့လဲ၊ ဒီကနေမှ ပိုပြီးကောင်းမွန်တဲ့ ဥပဒေမူဘောင်တွေ ချမှတ်နိုင်ခဲ့လားဆိုတာတွေကို ကျွန်မတို့က လေ့လာချင်ပါတယ်။ ဒီအချက်တွေကိုတော့ မဖြုတ်လိုက်သင့်ပါဘူး။ ဒီလိုဖြုတ်လိုက်ခြင်းအားဖြင့် စောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ တက်ကြွစိတ်အားထက်သန်မှု ကျဆင်းနိုင်တယ်။ ရွေးကောက်ပွဲတစ်ခုရဲ့ ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ရှိမှုကို ထိခိုက်လာနိုင်တယ်"

မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ အပါအဝင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေအားလုံးအတွက် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ခွင့်ရဖို့က အရေးကြီးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲလေ့လာခွင့်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ စတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲလေ့လာခွင့်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ စတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာ တရားရုံးတွေကိုတောင် သွားရောက်လေ့လာဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေကို စစ်ဆေးဆုံးဖြတ်တဲ့အခါ စောင့်ကြည့်လေ့လာသူတွေကို လေ့လာခွင့်ပြုသင့်တယ်လို့ ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

ရွေးကောက်ပွဲလေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မထုတ်ပြန်ခင်မှာ အရပ်ဘက်အဖွဲ့တွေနဲ့ တစ်ကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပြီး ဒါဟာလည်း လုံလောက်တဲ့ဆွေးနွေးမှုမျိုးမဟုတ်ခဲ့ဘူးလို့ သူက ပြောပါတယ်။

အတည်ပြုချက်မထွက်ခင် နောက်ထပ် ထပ်မံတွေ့ဆုံပြီးမှ ထုတ်ပြန်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒီအချက်တွေကြောင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ဟာ ၂၀၁၅ ကထက် ပိုပြီး ဘောင်ကျဉ်းသွားတယ်လို့ ပြောဆိုတာတွေလည်း ရှိလာပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို အစိုးရက ဥပဒေအကာအကွယ်လုံခြုံရေးအကာကွယ် ပေးထားမှုကိုလည်း ပယ်ဖျက်ထားတဲ့အတွက် စိုးရိမ်မှုတွေ ရှိလာနေတာပါ။
ရွေးကောက်ပွဲလေ့လာသူတွေရရှိနိုင်တဲ့အခွင့်အရေးထဲက ဥပဒေအကာကွယ်ပေးမှုကို ပယ်ဖျက်ထားပါတယ်။
"ဒီအချက်ကို ဖြုတ်လိုက်တာဟာလည်း ကျွန်မတို့ စောင့်ကြည့်လေ့လာမှုတွေကို အားနည်းသွားစေနိုင်ပါတယ်။ ဘာလို့ဆို မငြိမ်မသက်ဖြစ်တဲ့နေရာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်နေတဲ့နေရာတွေမှာဆိုရင် လေ့လာသူတွေရဲ့ လုံခြုံရေးက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကိုတော့ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်စဉ်းစားပေးပြီး ပြင်ဆင်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်" လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သဘောထားကို သိရဖို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို ဘီဘီစီက ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်အထိ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

ဒီလိုစောင့်ကြည့်လေ့လာသူတွေဘက်က ကန့်ကွက်ထောက်ပြမှုတွေအပေါ်မှာတော့ကော်မရှင်က တရားဝင်သဘောထား ထုတ်ပြန်ပြောဆိုတာလည်း မရှိသေးပါဘူး။

အခုလို ရွေးကောက်ပွဲစောင့်ကြည့်သူတွေဘက်က ကန့်ကွက်ချက်တွေကို ဆွေးနွေးဖို့ လာမယ့်ဇူလိုင် ၁၇ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်သူတွေကို ဖိတ်ကြားထားပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပမှုသမိုင်းတွေမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူတွေကို တရားဝင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီတုန်းက ပြည်တွင်း စောင့်ကြည့်အဖွဲ့ပေါင်း ၅၃ ဖွဲ့၊ စောင့်ကြည့်သူပေါင်း ၁၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။

BBC Burmese
------------------------------
(Zawgyi)⤵⤵⤵
ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ခြင့္ ဘာေတြကန႔္သတ္လိုက္သလဲ

ေနာက္သတင္းတစ္ပုဒ္ကေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲေလ့လာလိုသူေတြ ေဆာင္႐ြက္ရမယ့္ လုပ္ငန္းစဥ္တခ်ိဳ႕ကို အေျပာင္းအလဲလုပ္ခဲ့ပါတယ္။

ဒါဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲကထက္ ပြင့္လင္းျမင္သာမႈ အားနည္းသြားေစတယ္လို႔ ေဝဖန္တာေတြ ထြက္ေပၚေနပါတယ္။

ေ႐ြးေကာက္ပြဲေလ့လာခြင့္လုပ္ငန္းစဥ္ႏွစ္ခုကိုႏႈိင္းယွဥ္ေလ့လာလိုက္ရင္ ၂၀၁၅ ေ႐ြးေကာက္ပြဲက ေလ့လာခြင့္ရခဲ့တဲ့ လုပ္ငန္းစဥ္ေတြထဲကတခ်ိဳ႕ကို ပယ္ဖ်က္တာအပါအဝင္ အေရးႀကီးတဲ့အေျပာင္း အလဲေတာ္ေတာ္မ်ားမ်ား လုပ္ထားတာေတြ႕ရပါတယ္။

ေကာ္မရွင္ဟာ ဒီလိုအေျပာင္းအလဲလုပ္ဖို႔ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ေလ့လာေစာင့္ၾကည့္သူေတြနဲ႔ ေဆြးေႏြး တိုင္ပင္ညႇိႏႈိင္းတာမရွိခဲ့ဘူးလို႔ ဆိုပါတယ္။

အခု ျပင္ဆင္လိုက္တဲ့အခ်က္ေတြထဲမွာ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူ ဆိုတဲ့စကားရပ္အစား ေစာင့္ၾကည့္ဆိုတဲ့ စကားလုံးကို ပယ္ဖ်က္ထားပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ေစ့စပ္ညႇိႏႈိင္းေရးလုပ္ငန္းစဥ္မ်ား ဆိုတဲ့ လုပ္ငန္းစဥ္တစ္ခုကို ေလ့လာခြင့္တိုးလာေပမယ့္ အရင္ကလုပ္ခြင့္ရတဲ့လုပ္ငန္းစဥ္ေတြထဲက သုံးခုကို ပယ္ဖ်က္ထားပါတယ္။

အဲဒီသုံးခ်က္ကေတာ့

    (၁) ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းနဲ႔အမိန႔္ၫႊန္ၾကားခ်က္ေတြ
    (၂) မဲဆႏၵရွင္ သတင္းအခ်က္အလက္၊ မဲလက္မွတ္႐ိုက္ႏွိပ္ျခင္းနဲ႔
    (၃) ေ႐ြးေကာက္ပြဲကန႔္ကြက္လႊာအမႈေတြ စစ္ေဆးဆုံးျဖတ္ျခင္းတို႔ ျဖစ္ပါတယ္။

ဒီလို ပယ္ဖ်က္ထားတာက ေ႐ြးေကာက္ပြဲျဖစ္စဥ္ တရားမွ်တမႈနဲ႔ ပြင့္လင္းျမင္သာမႈအတြက္ ဘာေတြ ထိခိုက္သြားေစႏိုင္ပါသလဲ။ New Myanmar Foundation ရဲ႕ ေ႐ြးေကာက္ပြဲဆိုင္ရာအႀကံေပး ေဒၚျမနႏၵာသင္းက ခုလိုေျပာပါတယ္။

"ဘာလို႔ဆို ကြၽန္မတို႔က ေ႐ြးေကာက္ပြဲတစ္ခုကို ေလ့လာတာဟာ ေ႐ြးေကာက္ပြဲအႀကိဳ၊ ေ႐ြးေကာက္ပြဲေန႔နဲ႔ ေ႐ြးေကာက္ပြဲအလြန္ကာလေတြမွာ ဘာေတြျဖစ္ပ်က္ခဲ့တယ္။ ေနာက္ၿပီးေတာ့ ကန႔္ကြက္မႈေတြကို ဘယ္လိုဆုံးျဖတ္ခ်က္ခ်ခဲ့လဲ၊ ဒီကေနမွ ပိုၿပီးေကာင္းမြန္တဲ့ ဥပေဒမူေဘာင္ေတြ ခ်မွတ္ႏိုင္ခဲ့လားဆိုတာေတြကို ကြၽန္မတို႔က ေလ့လာခ်င္ပါတယ္။ ဒီအခ်က္ေတြကိုေတာ့ မျဖဳတ္လိုက္သင့္ပါဘူး။ ဒီလိုျဖဳတ္လိုက္ျခင္းအားျဖင့္ ေစာင့္ၾကည့္တဲ့အဖြဲ႕ေတြရဲ႕ တက္ႂကြစိတ္အားထက္သန္မႈ က်ဆင္းႏိုင္တယ္။ ေ႐ြးေကာက္ပြဲတစ္ခုရဲ႕ ပြင့္လင္းျမင္သာမႈနဲ႔ သမာသမတ္ရွိမႈကို ထိခိုက္လာႏိုင္တယ္"

မီဒီယာေတြ၊ ႏိုင္ငံေရးပါတီေတြ အပါအဝင္ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္သူေတြအားလုံးအတြက္ ေ႐ြးေကာက္ပြဲျဖစ္စဥ္တစ္ခုလုံးကို ေစာင့္ၾကည့္ခြင့္ရဖို႔က အေရးႀကီးတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

ေ႐ြးေကာက္ပြဲေလ့လာခြင့္ကို ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ စတင္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

အခုခ်ိန္မွာ တရား႐ုံးေတြကိုေတာင္ သြားေရာက္ေလ့လာဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲကန႔္ကြက္လႊာအမႈေတြကို စစ္ေဆးဆုံးျဖတ္တဲ့အခါ ေစာင့္ၾကည့္ေလ့လာသူေတြကို ေလ့လာခြင့္ျပဳသင့္တယ္လို႔ ေဒၚျမနႏၵာသင္းက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲေလ့လာသူေတြ လိုက္နာရမယ့္ က်င့္ဝတ္ေတြကို မထုတ္ျပန္ခင္မွာ အရပ္ဘက္အဖြဲ႕ေတြနဲ႔ တစ္ႀကိမ္သာ ေတြ႕ဆုံခြင့္ရခဲ့ၿပီး ဒါဟာလည္း လုံေလာက္တဲ့ေဆြးေႏြးမႈမ်ိဳးမဟုတ္ခဲ့ဘူးလို႔ သူက ေျပာပါတယ္။

အတည္ျပဳခ်က္မထြက္ခင္ ေနာက္ထပ္ ထပ္မံေတြ႕ဆုံၿပီးမွ ထုတ္ျပန္သင့္တယ္လို႔လည္း ဆိုပါတယ္။

ဒီအခ်က္ေတြေၾကာင့္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးလုပ္ငန္းစဥ္ဟာ ၂၀၁၅ ကထက္ ပိုၿပီး ေဘာင္က်ဥ္းသြားတယ္လို႔ ေျပာဆိုတာေတြလည္း ရွိလာပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူေတြကို အစိုးရက ဥပေဒအကာအကြယ္လုံၿခဳံေရးအကာကြယ္ ေပးထားမႈကိုလည္း ပယ္ဖ်က္ထားတဲ့အတြက္ စိုးရိမ္မႈေတြ ရွိလာေနတာပါ။

"ဒီအခ်က္ကို ျဖဳတ္လိုက္တာဟာလည္း ကြၽန္မတို႔ ေစာင့္ၾကည့္ေလ့လာမႈေတြကို အားနည္းသြားေစႏိုင္ပါတယ္။ ဘာလို႔ဆို မၿငိမ္မသက္ျဖစ္တဲ့ေနရာေတြ၊ ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြ ျဖစ္ေနတဲ့ေနရာေတြမွာဆိုရင္ ေလ့လာသူေတြရဲ႕ လုံၿခဳံေရးက အင္မတန္မွ အေရးႀကီးပါတယ္။ ဒါကိုေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပန္လည္စဥ္းစားေပးၿပီး ျပင္ဆင္ေပးသင့္တယ္လို႔ အႀကံျပဳခ်င္ပါတယ္" လို႔ ဆိုပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕သေဘာထားကို သိရဖို႔ ေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္နဲ႔ ဦးသန္းေဌးတို႔ကို ဘီဘီစီက ဇူလိုင္ ၉ ရက္ကေန ၁၁ ရက္အထိ ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ မရရွိခဲ့ပါဘူး။

ဒီလိုေစာင့္ၾကည့္ေလ့လာသူေတြဘက္က ကန႔္ကြက္ေထာက္ျပမႈေတြအေပၚမွာေတာ့ေကာ္မရွင္က တရားဝင္သေဘာထား ထုတ္ျပန္ေျပာဆိုတာလည္း မရွိေသးပါဘူး။

အခုလို ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူေတြဘက္က ကန႔္ကြက္ခ်က္ေတြကို ေဆြးေႏြးဖို႔ လာမယ့္ဇူလိုင္ ၁၇ ရက္မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေစာင့္ၾကည့္သူေတြကို ဖိတ္ၾကားထားပါတယ္။

ျမန္မာႏိုင္ငံေ႐ြးေကာက္ပြဲက်င္းပမႈသမိုင္းေတြမွာ ပထမဆုံးအႀကိမ္အျဖစ္ ၂၀၁၅ ေ႐ြးေကာက္ပြဲကို ျပည္တြင္းျပည္ပေစာင့္ၾကည့္ေလ့လာသူေတြကို တရားဝင္ခြင့္ျပဳခဲ့ပါတယ္။ အဲဒီတုန္းက ျပည္တြင္း ေစာင့္ၾကည့္အဖြဲ႕ေပါင္း ၅၃ ဖြဲ႕၊ ေစာင့္ၾကည့္သူေပါင္း ၁၁,၀၀၀ ေက်ာ္ရွိခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53365477

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ