ဦးပဉ္ဇင်း ဦးကိတ္တိသာရ (မင်းသားကြီး (ဦး) ကျော်ဟိန်း) ရဲ့ သမီး မခင်ခင်ခ နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

ဦးပဉ္ဇင်း ဦးကိတ္တိသာရ
(Unicode)⤵⤵⤵
မြန်မာ့ရုပ်ရှင်လောကမှာ အထင်ကရ ရုပ်ရှင် မင်းသား တစ်ယောက်ဖြစ်ခဲ့သူ ဦးကျော်ဟိန်းဟာ ဇူလိုင်လ ၁၁ ရက်မှာ သြစတြေးလျနိုင်ငံမှာ ရဟန်းဘဝနဲ့ ပျံလွန်တော်မူသွားပါတယ်။

စွယ်စုံရ အနုပညာရှင်ကြီး ဦးကျော်ဟိန်း တဖြစ်လဲ ဦးပဉ္ဇင်း ကိတ္တိသာရ ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၃ နှစ်၊ ဝါတော် ၁၃ နှစ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က စတင်ခံစားခဲ့ရတဲ့ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာ က တဖြည်းဖြည်း ဆိုးလာပြီး ပျံလွန်သွားတာ ဖြစ်ပါတယ်။

မင်းသားကြီးကျော်ဟိန်းဟာ အကာကအချစ် အနှစ်ကမေတ္တာ၊ မွန်းတည့်ချိန်တွင် နေဝင်သည်၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ဝေလည်းမွှေး ကြွေလည်းမွှေး၊ နေကမွေးတဲ့လ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီငါးကြိမ် ရရှိခဲ့ပါတယ်။

ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ကိုတာတီးဇာတ်ရုပ်နဲ့ ဝေလည်းမွှေးကြွေလည်းမွှေးထဲက တပ်ကြပ်ကြီးဖိုးစည် ဇာတ်ရုပ်တွေက မင်းသားကြီးနဲ့တစ်ထပ်တည်းကျတဲ့ဇာတ်ရုပ်လို့ ရုပ်ရှင်ချစ်ပရိသတ်များက လက်ခံထားကြပါတယ်။

မြန်မာ့ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေခဲ့တဲ့ အချိန်မှာပဲ မင်းသားကြီး ဦးကျော်ဟိန်းဟာ ကျော်ကြားအောင်မြင်မှုတွေကို စွန့်ခွာပြီး လွန်ခဲ့တဲ့ ၁၃ နှစ်က စလို့ သာသနာ့ဘောင် ဝင်သွားခဲ့နောက် ကင်ဘာရာမြို့က ဘုန်းကြီးကျောင်းမှာ တပါးတည်း သီတင်းသုံးပြီး တရားကျင့်ကြံ အားထုတ်နေခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်ကို ကျန်းမာရေးအတွက် လိုအပ်သူတွေမှာ အစားထိုး ကုသနိုင်ဖို့ လှူဒါန်းခဲ့ပါတယ်။

ကင်န်ဘာရာမြို့မှာ ဆွမ်းနဲ့ ဝေယျာဝစ္စ အားလုံးဆောင်ရွက်ပေးခဲ့သူ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မခင်ခင်ခ က ဦးဇင်းကြီး ဘဝ နောက်ဆုံး အချိန် အကြောင်း အခုလို ပြောပြပါတယ်။
ကျော်ဟိန်းနဲ့ မခင်ခင်ခ
ဘီဘီစီ - ဦးပဉ္ဇင်းကြီးက ဒီကနေ့ပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ဘယ်လိုရောဂါနဲ့ ပျံလွန်တော်မူသွားတာပါလဲ။

မခင်ခင်ခ - ဦးပဉ္ဇင်း ဦးကိတ္တိသာရက ဒီ (ဩစတြေးလျ နိုင်ငံ) ကင်န်ဘာရာမြို့ မှာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၅ မိနစ်အချိန်မှာ ပျံလွန်တော်မူသွားတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သူက Heart Attack နှလုံးဖောက်တာ ဖြစ်တယ်။ By Pass ခွဲစိတ်မှုလုပ်ထားစဉ်မှာပဲ သူ လေဖြတ်ခဲ့ပါတယ်။

သူ့အဆုတ်ကလည်း ငယ်ငယ်က ဆေးလိပ်သောက်တဲ့ ဒဏ်တွေနဲ့ သိပ်မကောင်းပါဘူး။ ဆရာဝန်တွေက အဲဒီအချိန်ကတည်းက သူသိပ်မခံလောက်တော့ဘူး၊ ရက်ပိုင်းလောက်ပဲလို့ အဲဒီ ဖေဖော်ဝါရီ ၂၀၁၇ လောက်က ပြောခဲ့တာကနေ အခု ၃ နှစ်ကျော် သူနေသွားနိုင်တယ်။

သူအဲဒီ ကာလတွေအတွင်းတရားကျင့်နိုင်တယ်၊ အလုပ်လည်း လုပ်နိုင်ပါတယ်၊ စာတွေလည်း ရေးတယ်။ ဒီတော့ နှလုံးရယ်၊ အဆုတ်ရယ်က ဖြစ်နေတာပါ။

အဲဒီရောဂါတွေနဲ့ပဲ သူနေနေရတယ်။ ဒီနေ့လည်း ထူးထူးခြားခြား ရောဂါအသစ် ဖြစ်တာမဟုတ်ပါဘူး။ သူ အေးအေးချမ်းချမ်းနဲ့ ပျံလွန်သွားတာပါ။

ဘီဘီစီ - ပျံလွန်တော်မူတဲ့အချိန်မှာ သူသီတင်းသုံးတဲ့ကျောင်းမှာပဲလား၊ ဆေးရုံမှာပါလား။

မခင်ခင်ခ - အစတုန်းက သူက သူတပါးတည်း ကျောင်းမှာပဲ သီတင်းသုံးနေတာပါ။ ဒါပေမဲ့ ၃ နှစ်အတွင်းမှာ ကျန်းမာရေးက ပိုပြီးသူအားနည်းလာတော့ (ကျွန်မ) အစ်မအိမ်မှာ ဆေးရုံလိုမျိုး ခုတင်တွေဘာတွေနဲ့ စီစဉ်နေခဲ့ပြီးတော့ အစ်မအိမ်မှာပဲ ဆုံးသွားတာပါရှင့်။

ဘီဘီစီ - လွန်ခဲ့တဲ့ ၃ နှစ်ကျော်တုန်းက ဦးပဉ္ဇင်းကြီးနဲ့ လျှောက်ထားပြီးမေးမြန်းခဲ့တုန်းက ဦးပဉ္ဇင်းကြီးက Heart Attack ရထားပြီးကာစ အခြေအနေပေါ့လေ၊ အဲဒီတုန်းက သူ အောက်စီဂျင်ပိုက်နဲ့နေရတယ်၊ Wheel Chair နဲ့ နေနေရပါတယ်။ အဲဒီနောက်ပိုင်းအခြေအနေမှာကော သူတိုးတက်လာခဲ့လား၊ သူ အောက်စီဂျင်နဲ့ Wheel Chair ကို ဆက်အားကိုးခဲ့ရလား။

မခင်ခင်ခ - ဟုတ်ပါတယ်။ သူက လေဖြတ်ထားတော့ ဘယ်ဘက်တခြမ်းက လုံးဝထိသွားတယ်ဆိုတဲ့ သဘောပေါ့နော်။ သူ အောက်စီဂျင်နဲ့ပဲ နေပါတယ်။ Lung Capacity ကလည်း ၂၀% ပဲ ရပါတယ်။

အဲဒီ ၃ နှစ် ကတည်းက (အခုအချိန်အထိ) ဒီအတိုင်းပဲ အောက်စီဂျင်နဲ့ ဝှီးချဲနဲ့ အဲ့ဒီအတိုင်းပဲ နေတယ်၊ စားတယ်၊ ဒီအတိုင်းပဲ သီတင်းသုံးတယ်။ ဒီနှစ်ထဲတော့ သူ့ကျန်းမာရေးက ပိုပို အခြေအနေဆိုးလာခဲ့တာပေါ့နော်။

ဘီဘီစီ - ဦးပဉ္ဇင်းကြီးရဲ့ ဈာပနကျတော့ရော၊ ဘယ်တော့လောက်ကို လုပ်ဖို့စီစဉ်ထားပါလဲ။

မခင်ခင်ခ - ဦးပဉ္ဇင်းကြီးက မပျံလွန်ချိန်ကတည်းက ဘာမှာခဲ့လဲဆိုတော့ သူ့ ခန္ဓာကို သူကွယ်လွန်ချိန်မှာ လှူချင်တယ်လို့ မှာထားပါတယ်။ ဆိုတော့ Organ donation (ကိုယ်ခန္ဓာ လှူဒါန်းဖို့) စာရင်းသွင်းထားပါတယ်။
ဦးပဉ္ဇင်း ဦးကိတ္တိသာရနဲ့ မိသားစု
အဲဒီတော့ သူပျံလွန်ချိန် ချက်ချင်းဆိုသလိုပဲ သူ့ဆရာဝန်က သူကွယ်လွန်ပြီဆိုတာကို အသိအမှတ်ပြုပြီး နောက်မှာပဲ သူ့ ခန္ဓာကိုယ်ကို သူတို့ ယူသွားတယ်ပေါ့။

လှူလို့ရတဲ့ ခန္ဓာအစိတ်အပိုင်းတွေ သူတို့ ခွဲစိတ်ပြီး ကြည့်မယ်၊ ဥပမာ မျက်လုံးပဲဖြစ်ဖြစ်ပေါ့။ အဲဒါတွေလုပ်ဆောင်တာက ဘယ်နေ့ ပြီးမလဲ မသိသေးဘူးပေါ့နော်။

အဲဒါတွေပြီးဆုံးတော့မှ ဈာပန ပေါ့နော်။ သူက ကိုယ်ခန္ဓာကို လှူပေးပါ၊ ပြီးတော့မှ ကြွင်းကျန်ရစ်တာကို မီးသင်္ဂြိုဟ်လို့ ရရင် သင်္ဂြိုဟ်ပေးပါလို့ မှာခဲ့ပါတယ်ရှင့်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
ဦးပၪၨင္း ဦးကိတၱိသာရ (မင္းသားႀကီး (ဦး) ေက်ာ္ဟိန္း) ရဲ႕ သမီး မခင္ခင္ခ နဲ႔ ဘီဘီစီ ဆက္သြယ္ေမးျမန္းခ်က္

ျမန္မာ့႐ုပ္ရွင္ေလာကမွာ အထင္ကရ ႐ုပ္ရွင္ မင္းသား တစ္ေယာက္ျဖစ္ခဲ့သူ ဦးေက်ာ္ဟိန္းဟာ ဇူလိုင္လ ၁၁ ရက္မွာ ၾသစေၾတးလ်ႏိုင္ငံမွာ ရဟန္းဘဝနဲ႔ ပ်ံလြန္ေတာ္မူသြားပါတယ္။

စြယ္စုံရ အႏုပညာရွင္ႀကီး ဦးေက်ာ္ဟိန္း တျဖစ္လဲ ဦးပၪၨင္း ကိတၱိသာရ ဟာ ပ်ံလြန္ေတာ္မူခ်ိန္မွာ သက္ေတာ္ ၇၃ ႏွစ္၊ ဝါေတာ္ ၁၃ ႏွစ္ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ သုံးႏွစ္က စတင္ခံစားခဲ့ရတဲ့ ႏွလုံးေရာဂါနဲ႔ ေလျဖတ္ေဝဒနာ က တျဖည္းျဖည္း ဆိုးလာၿပီး ပ်ံလြန္သြားတာ ျဖစ္ပါတယ္။

မင္းသားႀကီးေက်ာ္ဟိန္းဟာ အကာကအခ်စ္ အႏွစ္ကေမတၱာ၊ မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္၊ ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး၊ ေဝလည္းေမႊး ေႂကြလည္းေမႊး၊ ေနကေမြးတဲ့လ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီငါးႀကိမ္ ရရွိခဲ့ပါတယ္။

ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး ဇာတ္ကားထဲက ကိုတာတီးဇာတ္႐ုပ္နဲ႔ ေဝလည္းေမႊးေႂကြလည္းေမႊးထဲက တပ္ၾကပ္ႀကီးဖိုးစည္ ဇာတ္႐ုပ္ေတြက မင္းသားႀကီးနဲ႔တစ္ထပ္တည္းက်တဲ့ဇာတ္႐ုပ္လို႔ ႐ုပ္ရွင္ခ်စ္ပရိသတ္မ်ားက လက္ခံထားၾကပါတယ္။

ျမန္မာ့႐ုပ္ရွင္ေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနခဲ့တဲ့ အခ်ိန္မွာပဲ မင္းသားႀကီး ဦးေက်ာ္ဟိန္းဟာ ေက်ာ္ၾကားေအာင္ျမင္မႈေတြကို စြန႔္ခြာၿပီး လြန္ခဲ့တဲ့ ၁၃ ႏွစ္က စလို႔ သာသနာ့ေဘာင္ ဝင္သြားခဲ့ေနာက္ ကင္ဘာရာၿမိဳ႕က ဘုန္းႀကီးေက်ာင္းမွာ တပါးတည္း သီတင္းသုံးၿပီး တရားက်င့္ႀကံ အားထုတ္ေနခဲ့ပါတယ္။

သူ႔ခႏၶာကိုယ္ကို က်န္းမာေရးအတြက္ လိုအပ္သူေတြမွာ အစားထိုး ကုသႏိုင္ဖို႔ လႉဒါန္းခဲ့ပါတယ္။

ကင္န္ဘာရာၿမိဳ႕မွာ ဆြမ္းနဲ႔ ေဝယ်ာဝစၥ အားလုံးေဆာင္႐ြက္ေပးခဲ့သူ သမီးႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ မခင္ခင္ခ က ဦးဇင္းႀကီး ဘဝ ေနာက္ဆုံး အခ်ိန္ အေၾကာင္း အခုလို ေျပာျပပါတယ္။

ဘီဘီစီ - ဦးပၪၨင္းႀကီးက ဒီကေန႔ပဲ ပ်ံလြန္ေတာ္မူသြားတယ္လို႔ သိရပါတယ္။ ဘယ္လိုေရာဂါနဲ႔ ပ်ံလြန္ေတာ္မူသြားတာပါလဲ။

မခင္ခင္ခ - ဦးပၪၨင္း ဦးကိတၱိသာရက ဒီ (ဩစေၾတးလ် ႏိုင္ငံ) ကင္န္ဘာရာၿမိဳ႕ မွာ ေဒသစံေတာ္ခ်ိန္ ေန႔လယ္ ၁၂ နာရီ ၅၅ မိနစ္အခ်ိန္မွာ ပ်ံလြန္ေတာ္မူသြားတာပါ။

လြန္ခဲ့တဲ့ ၃ ႏွစ္ကတည္းက သူက Heart Attack ႏွလုံးေဖာက္တာ ျဖစ္တယ္။ By Pass ခြဲစိတ္မႈလုပ္ထားစဥ္မွာပဲ သူ ေလျဖတ္ခဲ့ပါတယ္။

သူ႔အဆုတ္ကလည္း ငယ္ငယ္က ေဆးလိပ္ေသာက္တဲ့ ဒဏ္ေတြနဲ႔ သိပ္မေကာင္းပါဘူး။ ဆရာဝန္ေတြက အဲဒီအခ်ိန္ကတည္းက သူသိပ္မခံေလာက္ေတာ့ဘူး၊ ရက္ပိုင္းေလာက္ပဲလို႔ အဲဒီ ေဖေဖာ္ဝါရီ ၂၀၁၇ ေလာက္က ေျပာခဲ့တာကေန အခု ၃ ႏွစ္ေက်ာ္ သူေနသြားႏိုင္တယ္။

သူအဲဒီ ကာလေတြအတြင္းတရားက်င့္ႏိုင္တယ္၊ အလုပ္လည္း လုပ္ႏိုင္ပါတယ္၊ စာေတြလည္း ေရးတယ္။ ဒီေတာ့ ႏွလုံးရယ္၊ အဆုတ္ရယ္က ျဖစ္ေနတာပါ။

အဲဒီေရာဂါေတြနဲ႔ပဲ သူေနေနရတယ္။ ဒီေန႔လည္း ထူးထူးျခားျခား ေရာဂါအသစ္ ျဖစ္တာမဟုတ္ပါဘူး။ သူ ေအးေအးခ်မ္းခ်မ္းနဲ႔ ပ်ံလြန္သြားတာပါ။

ဘီဘီစီ - ပ်ံလြန္ေတာ္မူတဲ့အခ်ိန္မွာ သူသီတင္းသုံးတဲ့ေက်ာင္းမွာပဲလား၊ ေဆး႐ုံမွာပါလား။

မခင္ခင္ခ - အစတုန္းက သူက သူတပါးတည္း ေက်ာင္းမွာပဲ သီတင္းသုံးေနတာပါ။ ဒါေပမဲ့ ၃ ႏွစ္အတြင္းမွာ က်န္းမာေရးက ပိုၿပီးသူအားနည္းလာေတာ့ (ကြၽန္မ) အစ္မအိမ္မွာ ေဆး႐ုံလိုမ်ိဳး ခုတင္ေတြဘာေတြနဲ႔ စီစဥ္ေနခဲ့ၿပီးေတာ့ အစ္မအိမ္မွာပဲ ဆုံးသြားတာပါရွင့္။

ဘီဘီစီ - လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္တုန္းက ဦးပၪၨင္းႀကီးနဲ႔ ေလွ်ာက္ထားၿပီးေမးျမန္းခဲ့တုန္းက ဦးပၪၨင္းႀကီးက Heart Attack ရထားၿပီးကာစ အေျခအေနေပါ့ေလ၊ အဲဒီတုန္းက သူ ေအာက္စီဂ်င္ပိုက္နဲ႔ေနရတယ္၊ Wheel Chair နဲ႔ ေနေနရပါတယ္။ အဲဒီေနာက္ပိုင္းအေျခအေနမွာေကာ သူတိုးတက္လာခဲ့လား၊ သူ ေအာက္စီဂ်င္နဲ႔ Wheel Chair ကို ဆက္အားကိုးခဲ့ရလား။

မခင္ခင္ခ - ဟုတ္ပါတယ္။ သူက ေလျဖတ္ထားေတာ့ ဘယ္ဘက္တျခမ္းက လုံးဝထိသြားတယ္ဆိုတဲ့ သေဘာေပါ့ေနာ္။ သူ ေအာက္စီဂ်င္နဲ႔ပဲ ေနပါတယ္။ Lung Capacity ကလည္း ၂၀% ပဲ ရပါတယ္။

အဲဒီ ၃ ႏွစ္ ကတည္းက (အခုအခ်ိန္အထိ) ဒီအတိုင္းပဲ ေအာက္စီဂ်င္နဲ႔ ဝွီးခ်ဲနဲ႔ အဲ့ဒီအတိုင္းပဲ ေနတယ္၊ စားတယ္၊ ဒီအတိုင္းပဲ သီတင္းသုံးတယ္။ ဒီႏွစ္ထဲေတာ့ သူ႔က်န္းမာေရးက ပိုပို အေျခအေနဆိုးလာခဲ့တာေပါ့ေနာ္။

ဘီဘီစီ - ဦးပၪၨင္းႀကီးရဲ႕ ဈာပနက်ေတာ့ေရာ၊ ဘယ္ေတာ့ေလာက္ကို လုပ္ဖို႔စီစဥ္ထားပါလဲ။

မခင္ခင္ခ - ဦးပၪၨင္းႀကီးက မပ်ံလြန္ခ်ိန္ကတည္းက ဘာမွာခဲ့လဲဆိုေတာ့ သူ႔ ခႏၶာကို သူကြယ္လြန္ခ်ိန္မွာ လႉခ်င္တယ္လို႔ မွာထားပါတယ္။ ဆိုေတာ့ Organ donation (ကိုယ္ခႏၶာ လႉဒါန္းဖို႔) စာရင္းသြင္းထားပါတယ္။

အဲဒီေတာ့ သူပ်ံလြန္ခ်ိန္ ခ်က္ခ်င္းဆိုသလိုပဲ သူ႔ဆရာဝန္က သူကြယ္လြန္ၿပီဆိုတာကို အသိအမွတ္ျပဳၿပီး ေနာက္မွာပဲ သူ႔ ခႏၶာကိုယ္ကို သူတို႔ ယူသြားတယ္ေပါ့။

လႉလို႔ရတဲ့ ခႏၶာအစိတ္အပိုင္းေတြ သူတို႔ ခြဲစိတ္ၿပီး ၾကည့္မယ္၊ ဥပမာ မ်က္လုံးပဲျဖစ္ျဖစ္ေပါ့။ အဲဒါေတြလုပ္ေဆာင္တာက ဘယ္ေန႔ ၿပီးမလဲ မသိေသးဘူးေပါ့ေနာ္။

အဲဒါေတြၿပီးဆုံးေတာ့မွ ဈာပန ေပါ့ေနာ္။ သူက ကိုယ္ခႏၶာကို လႉေပးပါ၊ ၿပီးေတာ့မွ ႂကြင္းက်န္ရစ္တာကို မီးသၿဂႋဳဟ္လို႔ ရရင္ သၿဂႋဳဟ္ေပးပါလို႔ မွာခဲ့ပါတယ္ရွင့္။

BBC Burmese
https://www.bbc.com/burmese/burma-53376403
ဦးပဉ္ဇင်း ဦးကိတ္တိသာရ (မင်းသားကြီး (ဦး) ကျော်ဟိန်း) ရဲ့ သမီး မခင်ခင်ခ နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက် ဦးပဉ္ဇင်း ဦးကိတ္တိသာရ (မင်းသားကြီး (ဦး) ကျော်ဟိန်း) ရဲ့ သမီး မခင်ခင်ခ နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက် Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.