အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့


မြန်မာ့စပါးအုံးလို့ လူသိများတဲ့ ကချင်လက်ဝှေ့သမား အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို အတည်ပြုစစ်ဆေးတွေ့ရှိတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ၂ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ရောဂါပိုးရှိ မရှိစမ်းသပ်ခဲ့ပြီး မနေ့ကပဲ ရောဂါပိုးရှိတာ သေချာကြောင်း စစ်ဆေးတွေ့ရှိချက်ကို သိရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကြောင့် သူနဲ့သူ့မိသားစုက အိမ်ကနေ ဘယ်ကိုမှ မထွက်ပဲ ၁၄ရက် သီးသန့်နေထိုင်တော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ရက်အတွင်း သူ့မှာ အဖျားအနည်းငယ်ရှိတယ်။ အသက်ရှူ နည်းနည်းကြပ်တယ်။ ခန္ဓာကိုယ်ကိုက်ခဲတယ်။ ပင်ပမ်းနွမ်းနယ်တယ်။ ဒါတွေကလွဲပြီး သူတို့တမိသားစုလုံး ကောင်းကောင်းမွန်မွန်ရှိပါတယ် လို့လည်း အောင်လအန်ဆန်က သူ့ရဲ့Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မေရီလန်းပြည်နယ်က ဘောလ်တီမိုးမြို့မှာ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။

RFA Burmese
---------------------------------------
ေအာင္လ အန္ဆန္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕

ျမန္မာ့စပါးအုံးလို႔ လူသိမ်ားတဲ့ ကခ်င္လက္ေဝွ႔သမား ေအာင္လ အန္ဆန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ရွိေနတာကို အတည္ျပဳစစ္ေဆးေတြ႕ရွိတယ္လို႔ သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ဇူလိုင္လ၂ရက္ေန႔က ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က ေရာဂါပိုးရွိ မရွိစမ္းသပ္ခဲ့ၿပီး မေန႔ကပဲ ေရာဂါပိုးရွိတာ ေသခ်ာေၾကာင္း စစ္ေဆးေတြ႕ရွိခ်က္ကို သိရတယ္လို႔ ဆိုပါတယ္။

ဒီအေျခအေနေၾကာင့္ သူနဲ႔သူ႔မိသားစုက အိမ္ကေန ဘယ္ကိုမွ မထြက္ပဲ ၁၄ရက္ သီးသန႔္ေနထိုင္ေတာ့မွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ၿပီးခဲ့တဲ့ ၂ရက္အတြင္း သူ႔မွာ အဖ်ားအနည္းငယ္ရွိတယ္။ အသက္ရႉ နည္းနည္းၾကပ္တယ္။ ခႏၶာကိုယ္ကိုက္ခဲတယ္။ ပင္ပမ္းႏြမ္းနယ္တယ္။ ဒါေတြကလြဲၿပီး သူတို႔တမိသားစုလုံး ေကာင္းေကာင္းမြန္မြန္ရွိပါတယ္ လို႔လည္း ေအာင္လအန္ဆန္က သူ႔ရဲ႕Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေအာင္လအန္ဆန္ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ျပည္ေထာင္စု အေရွ႕ျခမ္း ေမရီလန္းျပည္နယ္က ေဘာလ္တီမိုးၿမိဳ႕မွာ မိသားစုနဲ႔အတူ ေနထိုင္ေနပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ Reviewed by THITHTOOLWIN on 07:03 Rating: 5
Powered by Blogger.