NLD နာယကရဲ့ပြောဆိုမှု ပါတီရဲ့သဘောထား မဟုတ်ကြောင်း ဒုဥက္ကဋ္ဌ တုံ့ပြန်


(Unicode)⤵⤵⤵
ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာနိုင်တယ်ဆိုတဲ့ NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောစကားဟာ ပါတီရဲ့ မူဝါဒ သဘောထားမဟုတ်ဘူးလို့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တုံ့ပြန်လိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရင် ၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်မှာ သမ္မတဖြစ်လာနိုင်တယ်လို့ NLD ပါတီ နာယက ဦးဝင်းထိန်က သတင်းမီဒီယာတစ်ခုနဲ့ မေးမြန်းခန်းမှာ မကြာခင်က ပြောခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ ပါတီရဲ့ မူဝါဒလား၊ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်တို့ အကြား နားလည်မှု ယူထားတာရှိသလားလို့ သတင်းထောက်တွေက ဒေါက်တာ ဇော်မြင့်မောင်ကို မနေ့ကမေးမြန်းခဲ့ကြပါတယ်။

NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောစကားဟာ ပါတီရဲ့ မူဝါဒ မဟုတ်ဘူးလို့ နေပြည်တော်မှာ ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီးမှာ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ  ၂ ဒေါက်တာဇော်မြင့်မောင်က မနေ့က ဖြေရှင်းပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့ အဲဒီလို စဉ်းစားချက်တွေ၊ မူဝါဒတွေ လုံးဝမရှိခဲ့ဘူးလို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ဖို့ စဉ်းစားမယ်။ သူ့အနေနဲ့ နှစ်ပေါင်း ၄ဝ ကျော် နိုင်ငံရေးနဲ့ စစ်ရေးအတွေ့အကြုံတွေ ရှိတယ်လို့ ဇွန်လ ၂၃ ရက်နေ့က ရုရှား သတင်းဌာနတခုကို ပြောကြားခဲ့တဲ့အတွက် သမ္မတရာထူး ရယူဖို့ အစီအစဉ်ရှိသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေးစီးချုပ်ရဲ့ အတွေ့အကြုံတွေကို တိုင်းပြည်အတွက် ပြန်လည်အသုံးချသွားမှာ သေချာပေမယ့် NLD ပါတီနဲ့ တစုံတရာ ညှိုနှိုင်းထားတယ်ဆိုတဲ့ အခြေအနေမျိုး သိထားသလောက်တော့ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောဆိုချက်အပေါ်တော့ ဝေဖန်မှတ်ချက်ပေးဖို့ မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ ဒီအချိန်မှာ တပ်မတော်ကာကွယ်ရေးစီးချုပ်ရဲ့ မျှော်မှန်းချက်ကို ထုတ်ပြမှာ မဟုတ်သေးဘဲ ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်လိမ့်မယ်လို့ ယူဆကြပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ တာဝန်ယူ၊ မယူဆိုတဲ့ ငြင်းခုန်မှုတွေအပေါ် သူ့အမြင်ကို ပြောပြပါတယ်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်မက ရွေးကောက်ပွဲနိုင်တဲ့ ပါတီ တစ်ခုနဲ့ ပူးပေါင်းမယ့်အစား တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသားတစ်ဦးကို သမ္မတတင်မြှောက်၊ သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရယူတဲ့ အခြေအနေမျိုးလည်း ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာနိုင်ချေရှိတယ်လို့ ဒေါက်တာအောင်မျိုးက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့တဲ့ ၂ ရက် ကပဲ ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်တော့မှာဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ အစည်းအဝေးအပြီးမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကော့မှုးမြို့နယ်ကနေ မယှဉ်ပြိုင်တေ့ာမှာ သေချာပေမယ့် ဘယ်မြို့နယ်က အရွေးခံမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ အလားတူ သမ္မတ ဦးဝင်းမြင့်လည်း ဘယ်နေရာက ဝင်ပြိုင်မယ်ဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။

NLD ပါတီ အနေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမူမရှိဘူးလို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ၆ ဦးနဲ့ ဖွဲ့စည်းလိုက်သလို ပါတီအောင်နိုင်ရေး ဗဟိုအဖွဲ့ကိုလည်း မနေ့ကပဲ ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ဖို့ လျှောက်လွှာတင်သူ ရှိပါ့မလားလို့ စိုးရိမ်မှုတွေ အရင်က ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရခိုင်က မြို့နယ်တိုင်းမှာ လျှောက်လွှာတင်ကြတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသွားပါတယ်။

(သီဟထွန်း) / RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
NLD နာယကရဲ႕ေျပာဆိုမႈ ပါတီရဲ႕သေဘာထား မဟုတ္ေၾကာင္း ဒုဥကၠ႒ တုံ႔ျပန္

ဖြဲ႕စည္းပုံျပင္ဆင္ေရးေဆာင္႐ြက္ရင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္  ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သမၼတျဖစ္လာႏိုင္တယ္ဆိုတဲ့ NLD ပါတီ နာယက ဦးဝင္းထိန္ရဲ႕ ေျပာစကားဟာ ပါတီရဲ႕ မူဝါဒ သေဘာထားမဟုတ္ဘူးလို႔ NLD ပါတီ ဒုတိယ ဥကၠ႒ ၂ ၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က တုံ႔ျပန္လိုက္ပါတယ္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ေဆာင္႐ြက္ရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး အစိုးရသစ္မွာ သမၼတျဖစ္လာႏိုင္တယ္လို႔ NLD ပါတီ နာယက ဦးဝင္းထိန္က သတင္းမီဒီယာတစ္ခုနဲ႔ ေမးျမန္းခန္းမွာ မၾကာခင္က ေျပာခဲ့ပါတယ္။ ဒီေျပာၾကားခ်က္ဟာ ပါတီရဲ႕ မူဝါဒလား၊ လက္ရွိ NLD ဦးေဆာင္တဲ့ အစိုးရနဲ႔ တပ္မေတာ္တို႔ အၾကား နားလည္မႈ ယူထားတာရွိသလားလို႔ သတင္းေထာက္ေတြက ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို မေန႔ကေမးျမန္းခဲ့ၾကပါတယ္။

NLD ပါတီ နာယက ဦးဝင္းထိန္ရဲ႕ ေျပာစကားဟာ ပါတီရဲ႕ မူဝါဒ မဟုတ္ဘူးလို႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ အစည္းအေဝးအၿပီးမွာ NLD ပါတီ ဒုတိယ ဥကၠ႒  ၂ ေဒါက္တာေဇာ္ျမင့္ေမာင္က မေန႔က ေျဖရွင္းပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ အေနနဲ႔ အဲဒီလို စဥ္းစားခ်က္ေတြ၊ မူဝါဒေတြ လုံးဝမရွိခဲ့ဘူးလို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က လာမယ့္ ေ႐ြးေကာက္ပြဲအၿပီး ျမန္မာ့ႏိုင္ငံေရးမွာ ပါဝင္ ေဆာင္႐ြက္ဖို႔ စဥ္းစားမယ္။ သူ႔အေနနဲ႔ ႏွစ္ေပါင္း ၄ဝ ေက်ာ္ ႏိုင္ငံေရးနဲ႔ စစ္ေရးအေတြ႕အႀကဳံေတြ ရွိတယ္လို႔ ဇြန္လ ၂၃ ရက္ေန႔က ႐ုရွား သတင္းဌာနတခုကို ေျပာၾကားခဲ့တဲ့အတြက္ သမၼတရာထူး ရယူဖို႔ အစီအစဥ္ရွိသလားဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚေနပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက တပ္မေတာ္ကာကြယ္ေရးစီးခ်ဳပ္ရဲ႕ အေတြ႕အႀကဳံေတြကို တိုင္းျပည္အတြက္ ျပန္လည္အသုံးခ်သြားမွာ ေသခ်ာေပမယ့္ NLD ပါတီနဲ႔ တစုံတရာ ညႇိဳႏႈိင္းထားတယ္ဆိုတဲ့ အေျခအေနမ်ိဳး သိထားသေလာက္ေတာ့ မရွိေသးဘူးလို႔ RFA ကို ေျပာပါတယ္။

NLD ပါတီ နာယက ဦးဝင္းထိန္ရဲ႕ ေျပာဆိုခ်က္အေပၚေတာ့ ေဝဖန္မွတ္ခ်က္ေပးဖို႔ မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။ ႏိုင္ငံေရးေလ့လာသုံးသပ္သူ တခ်ိဳ႕ကေတာ့ ဒီအခ်ိန္မွာ တပ္မေတာ္ကာကြယ္ေရးစီးခ်ဳပ္ရဲ႕ ေမွ်ာ္မွန္းခ်က္ကို ထုတ္ျပမွာ မဟုတ္ေသးဘဲ ေ႐ြးေကာက္ပြဲအေျခအေနကို ေစာင့္ၾကည့္လိမ့္မယ္လို႔ ယူဆၾကပါတယ္။

တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ႏိုင္ငံေရးေလ့လာသူ ေဒါက္တာေအာင္မ်ိဳးက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သမၼတ တာဝန္ယူ၊ မယူဆိုတဲ့ ျငင္းခုန္မႈေတြအေပၚ သူ႔အျမင္ကို ေျပာျပပါတယ္။

 ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔ ျပည္မက ေ႐ြးေကာက္ပြဲႏိုင္တဲ့ ပါတီ တစ္ခုနဲ႔ ပူးေပါင္းမယ့္အစား တိုင္းရင္းသားပါတီေတြနဲ႔ ပူးေပါင္းၿပီး တိုင္းရင္းသားတစ္ဦးကို သမၼတတင္ေျမႇာက္၊ သူက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရာထူးကို ရယူတဲ့ အေျခအေနမ်ိဳးလည္း ေ႐ြးေကာက္ပြဲအၿပီးမွာ ျဖစ္လာႏိုင္ေခ်ရွိတယ္လို႔ ေဒါက္တာေအာင္မ်ိဳးက ဆိုပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ တနဂၤေႏြေန႔မွာ လႊတ္ေတာ္အသီးသီးအတြက္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲေတြ က်င္းပမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လြန္ခဲ့တဲ့ ၂ ရက္ ကပဲ ေၾကညာခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ အေနနဲ႔ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ ပါတီစည္း႐ုံးေရးနဲ႔ နယ္ေျမစည္း႐ုံးေရး လုပ္ငန္းေတြကို စတင္ ေဆာင္႐ြက္ေတာ့မွာျဖစ္ေၾကာင္း NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ဒီေန႔ အစည္းအေဝးအၿပီးမွာ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ ေကာ့မႈးၿမိဳ႕နယ္ကေန မယွဥ္ၿပိဳင္ေတ့ာမွာ ေသခ်ာေပမယ့္ ဘယ္ၿမိဳ႕နယ္က အေ႐ြးခံမလဲဆိုတာ မဆုံးျဖတ္ရေသးဘူးလို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။ အလားတူ သမၼတ ဦးဝင္းျမင့္လည္း ဘယ္ေနရာက ၀င္ၿပိဳင္မယ္ဆိုတာ မသိေသးဘူးလို႔ ဆိုပါတယ္။

NLD ပါတီ အေနနဲ႔ ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းေရးမူမရွိဘူးလို႔လည္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း စိစစ္ေရးအဖြဲ႕ကို ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ၆ ဦးနဲ႔ ဖြဲ႕စည္းလိုက္သလို ပါတီေအာင္ႏိုင္ေရး ဗဟိုအဖြဲ႕ကိုလည္း မေန႔ကပဲ ဖြဲ႕စည္းခဲ့တယ္လို႔ ေျပာပါတယ္။

တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ဖို႔ ေလွ်ာက္လႊာတင္သူ ရွိပါ့မလားလို႔ စိုးရိမ္မႈေတြ အရင္က ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ရခိုင္က ၿမိဳ႕နယ္တိုင္းမွာ ေလွ်ာက္လႊာတင္ၾကတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာဆိုသြားပါတယ္။

(သီဟထြန္း) / RFA Burmese
https://www.facebook.com/rfaburmese
NLD နာယကရဲ့ပြောဆိုမှု ပါတီရဲ့သဘောထား မဟုတ်ကြောင်း ဒုဥက္ကဋ္ဌ တုံ့ပြန် NLD နာယကရဲ့ပြောဆိုမှု ပါတီရဲ့သဘောထား မဟုတ်ကြောင်း ဒုဥက္ကဋ္ဌ တုံ့ပြန် Reviewed by THITHTOOLWIN on 07:13 Rating: 5
Powered by Blogger.