ယတြာအစီအရင်ဆင်းတုတွေကို အစိုးရ ဘာကြောင့် ပြုပြင်တာလဲ

ကျောက်စိမ်းဆင်းတုမျက်နှာတော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာနဲ့ ဆင်တူတယ်လို့ ပြောဆိုမှုတွေပေါ်ပေါက်ခဲ့တာ ကာလအတန်ကြာခဲ့ပြီဖြစ်
(Unicode)⤵⤵⤵
နေပြည်တော်၊ ပျဉ်းမနားက စိန္တာမုနိ မင်းဝံတောင်ဘုရားဝင်းထဲမှာ ယတြာချေတဲ့အနေနဲ့ ထုလုပ်ထားတဲ့ ညာတင်ကုပ်ဆင်းတုတော်တွေကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဖယ်ရှားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ရွှေတိဂုံဘုရားမှာ တည်ထားကိုးကွယ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မျက်နှာနဲ့ ဆင်တူတဲ့ ကျောက်စိမ်းဆင်းတုတော်ကိုလည်း ထေရဝါဒဗုဒ္ဓဘာသာနဲ့အညီ ပြုပြင်ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

တကယ်တော့ ညာတင်ကုပ်လို့ အများသိတဲ့ မင်းဝံတောင်ဘုရားထဲက ဆင်းတုတော်တွေဟာ ၂၀၁၆ ခုနှစ် ဝန်းကျင်ကတည်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ သာသနာရေးဝန်ကြီးဌာနဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။

ဒါ့အပြင် ရွှေတိဂုံဘုရားက ကျောက်စိမ်းဆင်းတုဟာလည်း ၁၉၉၉ ခုနှစ်တည်းက ထုလုပ်တည်ထားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာနဲ့ဆင်တူတယ်လို့ ပြောဆိုမှုတွေဟာ အဲဒီကာလတွေထဲက ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။

ညာတင်ကုပ်ဆင်းတုတွေကို လှူဒါန်းထားတဲ့သူတွေစာရင်းမှာ အရင်စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု၊ ဒုဗိုလ်ချုပ်ကြီးဟောင်း မောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမိသားစုအပြင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းမိသားစုတွေ ပါဝင်နေပါတယ်။

ခုလို လှူဒါန်းထားတဲ့ဆင်းတုတွေ ဖယ်ရှားခံရတာနဲ့ပတ်သက်လို့ သူရဦးရွှေမန်းက ခုလိုပြောပါတယ်။

"သူများပြောမှပဲ သိတယ်။ အလှူရှင်တွေက ဘယ်သူလဲဆိုတော မေးလို့ရရင် မေးဖို့ကောင်းတယ်။ အစိုးရအပြောင်းအလဲပေါ်မူတည်ပြီးတော့ စဉ်းစားပြီး လုပ်ဆောင်ပုံရတယ်။

လွှတ်တော်ဆိုတော့ ကိုယ်နဲ့ပတ်သက်တာပေါ့။ လွှတ်တော်မြဲစေဆိုတာလည်း ကောင်းတယ်ဗျ။ ဒီပြင့်ဟာ မပြောဘူး။ မြန်မာနိုင်ငံမှာ လွှတ်တော်မရှိခဲ့ဘူးလေ။ လွှတ်တော်ဆိုတာက ဒီမိုကရေစီရဲ့သွေးကြော။

လွှတ်တော်မမြဲဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပျက်သုဉ်း သွားနိုင်တဲ့အနေအထားရှိတယ်။ သို့ရာတွင် ဒီဟာကြီးက ဘယ်သူကစီမံပြီးတော့ ဘယ်သူက ဘာကြောင့်လုပ်တယ်ဆိုတာတော့မသိဘူး" လို့ သူရဦးရွှေမန်းက ပြောပါတယ်။

အခုတော့ ဖယ်ရှားခံရတဲ့ညာတင်ကုပ်ဆင်းတုတွေကို မန္တလေးက ကျောက်ဆစ်တန်းမှာ ပြန်လည်ပြုပြင်နေပါတယ်။ ပြုပြင်ပြီးရင် မူလနေရာမှာ ပြန်တည်ထားမထားဆိုတာတော့ မသိရသေးပါဘူး။

ဒါ့အပြင် ဒီဖြစ်စဉ်တွေထွက်ပေါ်အပြီးမှာပဲ တချို့ဘုရားစေတီဝင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုပ်တု တချို့ ထားရှိတဲ့ပုံတွေ၊ စေတီနံရံမှာ ဒေါင်းရုပ်ပုံထွင်းထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီတော့ အငြင်းပွားဖွယ် ဒီဖြစ်စဉ်တွေအပေါ်မှာ သာသနာရေးက ဘယ်လို ကိုင်တွယ်ဆောင်ရွက်မှာပါလဲ။

ဒါ့အပြင် လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးခါနီးကျမှ ဒီကိစ္စတွေကို သာသနာရေးက ဘာကြောင့် အရေးယူဆောင်ရွက်တာပါလဲ။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းကိုမေးကြည့်ထားပါတယ်။

"တစ်နိုင်ငံလုံးက ဘုရားစေတီတွေမှာ ဗုဒ္ဓမြတ်စွာကို ရည်စူးပြီးတော့ တည်ထားကိုးကွယ်တယ်ဆိုတာက ကြည်ညိုဖွယ်ဆောင်ဖို့လိုတယ်။ အဂါရဝကိုရှောင်ရမယ့်သဘောရှိပါတယ်။

အဲဒီတော့ ကျွန်တော်တို့က ဒါတွေကို နေရာအနှံ့ပြန်ပြီးတော့မှ စိစစ်ရမယ့်အနေအထားဖြစ်နေတယ်။ တစ်နေရာတည်းပဲ လုပ်မလားဆိုတဲ့မေးခွန်းတွေကလည်း အများကြီးကို မေးလာတဲ့အနေအထားတွေ ဖြစ်လာတယ်။

အဲဒီတော့ ဒီတစ်နေရာတည်းလုပ်တာမဟုတ်ဘူး။ ကျန်တဲ့နေရာတွေမှာလည်း ရှိချင်ရှိမယ်။ ဒါကိုတော့ ပြန်ပြီးတော့စိစစ်ရဦးမယ်။ စိစစ်ပြီးတော့မှ ဆရာတော်ကြီးတွေရဲ့ သြဝါဒတွေကိုခံယူပြီးတော့မှ အဆင့်လိုက် ခွဲခြားပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်" လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

နောက်ထပ် အခုလို ထေရဝါဒနဲ့ မလျော်ညီတဲ့ရုပ်တုတွေ ဆက်မရှိဖို့ ဘုရားစေတီအသီးသီးက သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေကို လိုအပ်တဲ့အသိပညာပေးတာတွေ၊ အစဉ်အလာနဲ့ကိုက်ညီအောင် ညွှန်ကြားတာတွေ ဆက်လုပ်မယ်လို့ သူကပြောပါတယ်။

နေပြည်တော်က ညာတင်ကုပ်ဆင်းတုတွေနဲ့ ရွှေတိဂုံဘုရားက ဆင်းတုတွေဟာ တည်ထားကိုးကွယ်တာ ကြာခဲ့ပြီဖြစ်သလို လူပြောများခဲ့တဲ့ ကိစ္စလည်း ဖြစ်ခဲ့ပြီး အခုမှ ဘာကြောင့် အရေးယူရတာလဲဆိုတဲ့မေးခွန်းအပေါ် ဦးဇာနည်ဝင်းက

"သိတဲ့အချိန်မှာ ကျွန်တော်တို့က ဆောင်ရွက်တာဖြစ်ပါတယ်။နောက်တစ်ခုက အခုမှဘာကြောင့်ဆောင်ရွက်တာလဲဆိုတောကတော့ ကျွန်တော်တို့က အဲဒီမေးခွန်းကို ကျွန်တော်တို့က ဖြေဖို့ခက်ပါတယ်။ အများပြည်သူကလည်း အဲဒီမေးခွန်းက ဘာကြောင့်လဲဆိုတာ သူတို့ဘာသူတို့ တွေးဆကြည့်ရင်လည်း သဘောပေါက်နိုင်တဲ့အနေအထားရှိပါတယ်"လို့ ဖြေကြားပါတယ်။

အခုလိုအလှူရှင်တွေလှူဒါန်းထားတဲ့ ဆင်းတုတွေကို ကျမ်းဂန်နဲ့အညီဆောင်ရွက်တဲ့အခါ လှူဒါန်းသူတွေဘက်က ကန့်ကွက်တာ၊ သဘောမတူတာရှိခဲ့ရင်လည်း ဒါဟာ လှူဒါန်းပြီးကတည်းက သက်ဆိုင်ရာဘုရားစေတီတွေရဲ့ဂေါပကတွေရဲ့စီမံခန့်ခွဲမှုအောက်မှာ ရှိတာမို့ ဆောင်ရွက်ခွင့်ရှိတယ်လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

ဖယ်ရှားခံရတဲ့ဆင်းတုတွေက ညာတင်ကုပ်ဆင်းတုတွေလား

အခုဖယ်ရှားခံရတဲ့ ယတြာ ဆင်းတုတွေဟာ ညတင်ကုပ်ဆင်းတုတွေမဟုတ်ဘဲ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မညီဘူးလို့ မြန်မာမှုပညာရှင် တပ္ပဝတီ ဦးဝင်းမောင်က ဘီဘီစီကိုပြောပါတယ်။

ညာတင်ကုပ်ဆင်းတုဆိုတာ ဓာတ်လုံးထည့်တဲ့ ဆင်းတုဖြစ်ပြီး လက်တစ်ဆုပ်စာ တစ်ထွာသာသာအရွယ်အစားသာ ရှိတယ်လို့ သူက ပြောပါတယ်။ အဓိကက ဘုရားထဲမှာ အစွမ်းသတ္တိရှိတဲ့ တစ်ခုခု ထည့်ထားတာဖြစ်ပြီး ဆင်းတုကို လှုပ်ကြည့်ရင် အသံမြည်တယ်လို့ ဦးဝင်းမောင်က ရှင်းပြပါတယ်။

"အဲဒီလို တစ်ခုခုထည့်ထားမှန်းသိအောင်လို့ ဘုရားဆင်းတုတော်ပုံတွေမှာဆိုရင် ဘယ်ဘက်ပခုံးပေါ်မှာ တင်ထားတဲ့ သင်္ကန်းကိုပြောင်းပြန်လုပ်လိုက်တာ။ ညာဘက်ကို သင်္ကန်းပြောင်းတင်လိုက်တာ။ အဲဒါကြောင့် ညာဘက်မှာ တကုပ်သင်္ကန်းတင်ထားလို့ ညာတင်ကုပ်ဘုရားလို့ခေါ်တာ။ ဒါက (ဖယ်ရှားခံရတဲ့ ဆင်းတုတွေ) ညာတင်ကုပ်နဲ့မဆိုင်ဘူး။ ဘုရားကိုအသုံးချချင်လို့ ကိုးကွယ်တာက မဟာယနနဲ့ ထေရဝါဒဗုဒ္ဓဘာသာမဟုတ်တဲ့ ဂိုဏ်းတွေက လုပ်တဲ့အခါ ကျတော့ မညီညွတ်ဘူးလို့ပြောရမှာပေါ့" လို့ သူက ဆိုပါတယ်။

ဒါ့ပြင် မြတ်စွာဘုရားရဲ့ လက်ဟန်ဖြစ်တဲ့ မုဒြာတွေရှိပြီး လက်တော်အားလုံးဟာ ဆင်းတုရဲ့ရှေ့ပိုင်းမှာပဲရှိရမှာဖြစ်တယ်လို့ ဦးဝင်းမောင်က ရှင်းပြပါတယ်။

အခု ဖယ်ရှားလိုက်တဲ့ ဆင်းတုတွေမှာဆိုရင် လက်တော်တွေကို နောက်တွေပါ ကာထားတဲ့ပုံစံ လုပ်ထားပြီး ရှေ့ကာ၊နောက်ကာလုပ်ထားတဲ့အတွက် ဘုရားဟာ လူတွေရဲ့ရှေ့နောက်ကို ကာထားပေးရအောင် သက်တော်စောင့်မဟုတ်တဲ့အပြင် ဒါဟာ ထေရဝါဒဗုဒ္ဓဘာသာနဲ့လည်း မညီဘူးလို့ သူက ဆက်ပြောပါတယ်။

ခုဖယ်ရှားထားတဲ့ ဆင်းတုတွေမှာ ဆံတော်ကို ကြာပန်းပုံစံ ပြုလုပ်ထားပြီး လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နဲ့ ဦးခေါင်း တော်နောက်ဘက်တွေမှာ ခရုပတ်ပုံစံထည့်ထားတယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနထုတ်ပြန်ချက်မှာပါရှိပါတယ်။

ညာလက်တော်ကိုရှေ့ကိုချထားပြီး ဘယ်လက်တော်ကို နောက်ဘက်ကို ဖြန့်ချထားတဲ့အတွက်ကြည်ညိုဖို့ လျော်ကန်သင့်မြတ်မှုမရှိဘူးလို့လည်း ပါရှိပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ယၾတာအစီအရင္ဆင္းတုေတြကို အစိုးရ ဘာေၾကာင့္ ျပဳျပင္တာလဲ

ေနျပည္ေတာ္၊ ပ်ဥ္းမနားက စိႏၲာမုနိ မင္းဝံေတာင္ဘုရားဝင္းထဲမွာ ယၾတာေခ်တဲ့အေနနဲ႔ ထုလုပ္ထားတဲ့ ညာတင္ကုပ္ဆင္းတုေတာ္ေတြကို သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနက ဖယ္ရွားခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ ေ႐ႊတိဂုံဘုရားမွာ တည္ထားကိုးကြယ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊရဲ႕မ်က္ႏွာနဲ႔ ဆင္တူတဲ့ ေက်ာက္စိမ္းဆင္းတုေတာ္ကိုလည္း ေထရဝါဒဗုဒၶဘာသာနဲ႔အညီ ျပဳျပင္ေဆာင္႐ြက္မယ္လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။

တကယ္ေတာ့ ညာတင္ကုပ္လို႔ အမ်ားသိတဲ့ မင္းဝံေတာင္ဘုရားထဲက ဆင္းတုေတာ္ေတြဟာ ၂၀၁၆ ခုႏွစ္ ဝန္းက်င္ကတည္းက လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တာျဖစ္ၿပီး အဲဒီတုန္းကေတာ့ သာသနာေရးဝန္ႀကီးဌာနဘက္က တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုတာမရွိခဲ့ပါဘူး။

ဒါ့အျပင္ ေ႐ႊတိဂုံဘုရားက ေက်ာက္စိမ္းဆင္းတုဟာလည္း ၁၉၉၉ ခုႏွစ္တည္းက ထုလုပ္တည္ထားခဲ့တာျဖစ္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊရဲ႕ မ်က္ႏွာနဲ႔ဆင္တူတယ္လို႔ ေျပာဆိုမႈေတြဟာ အဲဒီကာလေတြထဲက ေပၚေပါက္ေနခဲ့တာျဖစ္ပါတယ္။

ညာတင္ကုပ္ဆင္းတုေတြကို လႉဒါန္းထားတဲ့သူေတြစာရင္းမွာ အရင္စစ္အစိုးရအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း သန္းေ႐ႊမိသားစု၊ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေမာင္ဘိုမိသားစု၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးမိသားစုအျပင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရဦးေ႐ႊမန္းမိသားစုေတြ ပါဝင္ေနပါတယ္။

ခုလို လႉဒါန္းထားတဲ့ဆင္းတုေတြ ဖယ္ရွားခံရတာနဲ႔ပတ္သက္လို႔ သူရဦးေ႐ႊမန္းက ခုလိုေျပာပါတယ္။

"သူမ်ားေျပာမွပဲ သိတယ္။ အလႉရွင္ေတြက ဘယ္သူလဲဆိုေတာ ေမးလို႔ရရင္ ေမးဖို႔ေကာင္းတယ္။ အစိုးရအေျပာင္းအလဲေပၚမူတည္ၿပီးေတာ့ စဥ္းစားၿပီး လုပ္ေဆာင္ပုံရတယ္။

လႊတ္ေတာ္ဆိုေတာ့ ကိုယ္နဲ႔ပတ္သက္တာေပါ့။ လႊတ္ေတာ္ၿမဲေစဆိုတာလည္း ေကာင္းတယ္ဗ်။ ဒီျပင့္ဟာ မေျပာဘူး။ ျမန္မာႏိုင္ငံမွာ လႊတ္ေတာ္မရွိခဲ့ဘူးေလ။ လႊတ္ေတာ္ဆိုတာက ဒီမိုကေရစီရဲ႕ေသြးေၾကာ။

လႊတ္ေတာ္မၿမဲဘူးဆိုရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္ ပ်က္သုဥ္း သြားႏိုင္တဲ့အေနအထားရွိတယ္။ သို႔ရာတြင္ ဒီဟာႀကီးက ဘယ္သူကစီမံၿပီးေတာ့ ဘယ္သူက ဘာေၾကာင့္လုပ္တယ္ဆိုတာေတာ့မသိဘူး" လို႔ သူရဦးေ႐ႊမန္းက ေျပာပါတယ္။

အခုေတာ့ ဖယ္ရွားခံရတဲ့ညာတင္ကုပ္ဆင္းတုေတြကို မႏၲေလးက ေက်ာက္ဆစ္တန္းမွာ ျပန္လည္ျပဳျပင္ေနပါတယ္။ ျပဳျပင္ၿပီးရင္ မူလေနရာမွာ ျပန္တည္ထားမထားဆိုတာေတာ့ မသိရေသးပါဘူး။

ဒါ့အျပင္ ဒီျဖစ္စဥ္ေတြထြက္ေပၚအၿပီးမွာပဲ တခ်ိဳ႕ဘုရားေစတီဝင္းအတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္႐ုပ္တု တခ်ိဳ႕ ထားရွိတဲ့ပုံေတြ၊ ေစတီနံရံမွာ ေဒါင္း႐ုပ္ပုံထြင္းထားတဲ့ ဓာတ္ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

ဒီေတာ့ အျငင္းပြားဖြယ္ ဒီျဖစ္စဥ္ေတြအေပၚမွာ သာသနာေရးက ဘယ္လို ကိုင္တြယ္ေဆာင္႐ြက္မွာပါလဲ။

ဒါ့အျပင္ လက္ရွိအစိုးရသက္တမ္း ကုန္ဆုံးခါနီးက်မွ ဒီကိစၥေတြကို သာသနာေရးက ဘာေၾကာင့္ အေရးယူေဆာင္႐ြက္တာပါလဲ။

သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးဇာနည္ဝင္းကိုေမးၾကည့္ထားပါတယ္။

"တစ္ႏိုင္ငံလုံးက ဘုရားေစတီေတြမွာ ဗုဒၶျမတ္စြာကို ရည္စူးၿပီးေတာ့ တည္ထားကိုးကြယ္တယ္ဆိုတာက ၾကည္ညိဳဖြယ္ေဆာင္ဖို႔လိုတယ္။ အဂါရဝကိုေရွာင္ရမယ့္သေဘာရွိပါတယ္။

အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဒါေတြကို ေနရာအႏွံ႔ျပန္ၿပီးေတာ့မွ စိစစ္ရမယ့္အေနအထားျဖစ္ေနတယ္။ တစ္ေနရာတည္းပဲ လုပ္မလားဆိုတဲ့ေမးခြန္းေတြကလည္း အမ်ားႀကီးကို ေမးလာတဲ့အေနအထားေတြ ျဖစ္လာတယ္။

အဲဒီေတာ့ ဒီတစ္ေနရာတည္းလုပ္တာမဟုတ္ဘူး။ က်န္တဲ့ေနရာေတြမွာလည္း ရွိခ်င္ရွိမယ္။ ဒါကိုေတာ့ ျပန္ၿပီးေတာ့စိစစ္ရဦးမယ္။ စိစစ္ၿပီးေတာ့မွ ဆရာေတာ္ႀကီးေတြရဲ႕ ၾသဝါဒေတြကိုခံယူၿပီးေတာ့မွ အဆင့္လိုက္ ခြဲျခားၿပီးေတာ့ေဆာင္႐ြက္ရမွာျဖစ္ပါတယ္" လို႔ ဦးဇာနည္ဝင္းက ေျပာပါတယ္။

ေနာက္ထပ္ အခုလို ေထရဝါဒနဲ႔ မေလ်ာ္ညီတဲ့႐ုပ္တုေတြ ဆက္မရွိဖို႔ ဘုရားေစတီအသီးသီးက သက္ဆိုင္ရာ ေဂါပကအဖြဲ႕ေတြကို လိုအပ္တဲ့အသိပညာေပးတာေတြ၊ အစဥ္အလာနဲ႔ကိုက္ညီေအာင္ ၫႊန္ၾကားတာေတြ ဆက္လုပ္မယ္လို႔ သူကေျပာပါတယ္။

ေနျပည္ေတာ္က ညာတင္ကုပ္ဆင္းတုေတြနဲ႔ ေ႐ႊတိဂုံဘုရားက ဆင္းတုေတြဟာ တည္ထားကိုးကြယ္တာ ၾကာခဲ့ၿပီျဖစ္သလို လူေျပာမ်ားခဲ့တဲ့ ကိစၥလည္း ျဖစ္ခဲ့ၿပီး အခုမွ ဘာေၾကာင့္ အေရးယူရတာလဲဆိုတဲ့ေမးခြန္းအေပၚ ဦးဇာနည္ဝင္းက

"သိတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က ေဆာင္႐ြက္တာျဖစ္ပါတယ္။ေနာက္တစ္ခုက အခုမွဘာေၾကာင့္ေဆာင္႐ြက္တာလဲဆိုေတာကေတာ့ ကြၽန္ေတာ္တို႔က အဲဒီေမးခြန္းကို ကြၽန္ေတာ္တို႔က ေျဖဖို႔ခက္ပါတယ္။ အမ်ားျပည္သူကလည္း အဲဒီေမးခြန္းက ဘာေၾကာင့္လဲဆိုတာ သူတို႔ဘာသူတို႔ ေတြးဆၾကည့္ရင္လည္း သေဘာေပါက္ႏိုင္တဲ့အေနအထားရွိပါတယ္"လို႔ ေျဖၾကားပါတယ္။

အခုလိုအလႉရွင္ေတြလႉဒါန္းထားတဲ့ ဆင္းတုေတြကို က်မ္းဂန္နဲ႔အညီေဆာင္႐ြက္တဲ့အခါ လႉဒါန္းသူေတြဘက္က ကန႔္ကြက္တာ၊ သေဘာမတူတာရွိခဲ့ရင္လည္း ဒါဟာ လႉဒါန္းၿပီးကတည္းက သက္ဆိုင္ရာဘုရားေစတီေတြရဲ႕ေဂါပကေတြရဲ႕စီမံခန႔္ခြဲမႈေအာက္မွာ ရွိတာမို႔ ေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ဦးဇာနည္ဝင္းက ေျပာပါတယ္။

ဖယ္ရွားခံရတဲ့ဆင္းတုေတြက ညာတင္ကုပ္ဆင္းတုေတြလား

အခုဖယ္ရွားခံရတဲ့ ယၾတာ ဆင္းတုေတြဟာ ညတင္ကုပ္ဆင္းတုေတြမဟုတ္ဘဲ ေထရဝါဒဗုဒၶဘာသာနဲ႔ မညီဘူးလို႔ ျမန္မာမႈပညာရွင္ တပၸဝတီ ဦးဝင္းေမာင္က ဘီဘီစီကိုေျပာပါတယ္။

ညာတင္ကုပ္ဆင္းတုဆိုတာ ဓာတ္လုံးထည့္တဲ့ ဆင္းတုျဖစ္ၿပီး လက္တစ္ဆုပ္စာ တစ္ထြာသာသာအ႐ြယ္အစားသာ ရွိတယ္လို႔ သူက ေျပာပါတယ္။ အဓိကက ဘုရားထဲမွာ အစြမ္းသတၱိရွိတဲ့ တစ္ခုခု ထည့္ထားတာျဖစ္ၿပီး ဆင္းတုကို လႈပ္ၾကည့္ရင္ အသံျမည္တယ္လို႔ ဦးဝင္းေမာင္က ရွင္းျပပါတယ္။

"အဲဒီလို တစ္ခုခုထည့္ထားမွန္းသိေအာင္လို႔ ဘုရားဆင္းတုေတာ္ပုံေတြမွာဆိုရင္ ဘယ္ဘက္ပခုံးေပၚမွာ တင္ထားတဲ့ သကၤန္းကိုေျပာင္းျပန္လုပ္လိုက္တာ။ ညာဘက္ကို သကၤန္းေျပာင္းတင္လိုက္တာ။ အဲဒါေၾကာင့္ ညာဘက္မွာ တကုပ္သကၤန္းတင္ထားလို႔ ညာတင္ကုပ္ဘုရားလို႔ေခၚတာ။ ဒါက (ဖယ္ရွားခံရတဲ့ ဆင္းတုေတြ) ညာတင္ကုပ္နဲ႔မဆိုင္ဘူး။ ဘုရားကိုအသုံးခ်ခ်င္လို႔ ကိုးကြယ္တာက မဟာယနနဲ႔ ေထရဝါဒဗုဒၶဘာသာမဟုတ္တဲ့ ဂိုဏ္းေတြက လုပ္တဲ့အခါ က်ေတာ့ မညီၫြတ္ဘူးလို႔ေျပာရမွာေပါ့" လို႔ သူက ဆိုပါတယ္။

ဒါ့ျပင္ ျမတ္စြာဘုရားရဲ႕ လက္ဟန္ျဖစ္တဲ့ မုျဒာေတြရွိၿပီး လက္ေတာ္အားလုံးဟာ ဆင္းတုရဲ႕ေရွ႕ပိုင္းမွာပဲရွိရမွာျဖစ္တယ္လို႔ ဦးဝင္းေမာင္က ရွင္းျပပါတယ္။

အခု ဖယ္ရွားလိုက္တဲ့ ဆင္းတုေတြမွာဆိုရင္ လက္ေတာ္ေတြကို ေနာက္ေတြပါ ကာထားတဲ့ပုံစံ လုပ္ထားၿပီး ေရွ႕ကာ၊ေနာက္ကာလုပ္ထားတဲ့အတြက္ ဘုရားဟာ လူေတြရဲ႕ေရွ႕ေနာက္ကို ကာထားေပးရေအာင္ သက္ေတာ္ေစာင့္မဟုတ္တဲ့အျပင္ ဒါဟာ ေထရဝါဒဗုဒၶဘာသာနဲ႔လည္း မညီဘူးလို႔ သူက ဆက္ေျပာပါတယ္။

ခုဖယ္ရွားထားတဲ့ ဆင္းတုေတြမွာ ဆံေတာ္ကို ၾကာပန္းပုံစံ ျပဳလုပ္ထားၿပီး လက္ေမာင္းေတာ္၊ ခ်က္ေတာ္၊ ဒူးေတာ္၊ ေက်ာဘက္နဲ႔ ဦးေခါင္း ေတာ္ေနာက္ဘက္ေတြမွာ ခ႐ုပတ္ပုံစံထည့္ထားတယ္လို႔ သာသနာေရးနဲ႔ယဥ္ေက်းမႈဝန္ႀကီးဌာနထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ညာလက္ေတာ္ကိုေရွ႕ကိုခ်ထားၿပီး ဘယ္လက္ေတာ္ကို ေနာက္ဘက္ကို ျဖန႔္ခ်ထားတဲ့အတြက္ၾကည္ညိဳဖို႔ ေလ်ာ္ကန္သင့္ျမတ္မႈမရွိဘူးလို႔လည္း ပါရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53365477
ယတြာအစီအရင်ဆင်းတုတွေကို အစိုးရ ဘာကြောင့် ပြုပြင်တာလဲ ယတြာအစီအရင်ဆင်းတုတွေကို အစိုးရ ဘာကြောင့် ပြုပြင်တာလဲ Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.