အရေးယူခံရသည့် ရဲမှူးချုပ်(၃)ဦး နေရာအပါအဝင် ရဲတပ်ဖွဲ့အတွင်းအပြောင်းအလဲဖြစ်


(Unicode)⤵⤵⤵
အရေးယူခံရတဲ့ ရဲမှူးချုပ်(၃)ဦးနေရာကို အစားထိုးခန့်အပ်တာအပြင် ရဲတပ်ဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်လာသူ ရဲမှူးကြီးခင်ကျော်က One News ကို ပြောပါတယ်။

အခုလို အပြောင်းအရွှေ့ဖြစ်ပေါ်တာဟာ ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ဆောင်ရွက်တာဖြစ်တယ်လို့ ရဲမှူးကြီး ခင်ကျော်ကပြောပါတယ်။
“ အပြောင်းအရွှေ့တွေက ရဲမှူးနဲ့ အထက်အားလုံးက ပြည်ထဲရေးဝန်ကြီး ဆုံးဖြတ်ချက်နဲ့ပေးတာ။ ဒါက သမားစဉ်ပဲ။ ပုံမှန်ပဲ။ ဝေးလံခေါင်သီမှာ ထမ်းဆောင်နေတဲ့ သူတွေကို မြို့ပြနဲ့နီးတဲ့နေရာတွေရွှေ့တယ်။ မြို့ပြမှာအနေကြာတဲ့သူတွေကို ဝေးလံခေါင်သီတဲ့နေရာကိုရွှေ့ပေးတယ်။ အလှည့်ကျလို့ရင် ပုံမှန် Rotation သွားတာပဲလေ ” လို့ ရဲမှူးကြီးခင်ကျော်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကအရေးယူခံရတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းနေရာမှာ ရဲမှူးချုပ်အောင်အောင်၊ ရဲထောက်ချုပ် ရဲမှူးချုပ် ဇော်ခင်အောင်နေရာမှာ ရဲမှူးချုပ် မြင့်တိုးနဲ့ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မိုးသန်းအောင်နေရာမှာ ရဲမှူးချုပ် လူလူသန်းတို့ကို အစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးကတော့ ရဲမှူးချုပ်ရာထူးတိုးပြီး ရဲလေ့ကျင့်လေ့ကျင့်ရေး အရာရှိချုပ်ဖြစ်လာပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးနေရာမှာတော့ ရဲမှူးကြီး စိုးမြင့်ဦးကိုခန့်အပ်လိုက်ပါတယ်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်ကတော့ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး သူနေရာမှာတော့ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးဖြစ်လာပါတယ်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးနေရာမှာ ရဲမှူးကြီးသန်းဝင်းကို ခန့်အပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး နေရာမှာတော့ ရဲမှူးကြီး လှိုင်တင့်ကိုခန့်အပ်လိုက်ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ကျော်မင်းက နေပြည်တော်စည်ပင်သာယာ ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ကိုဦးက အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ဒုတိယ ကွပ်ကဲရေးမှူးဖြစ်လာပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကိုကတော့  မွန်ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ဖြစ်လာတယ်လို့ သိရပါတယ်။

သတင်း- ဝေယံထက်ဝင်း / ဓာတ်ပုံ -မြန်မာနိုင်ငံရဲတပ်ဖွဲ့ - One News Myanmar
--------------------------------------------------
(Zawgyi)⤵⤵⤵
အေရးယူခံရသည့္ ရဲမႉးခ်ဳပ္(၃)ဦး ေနရာအပါအဝင္ ရဲတပ္ဖြဲ႕အတြင္းအေျပာင္းအလဲျဖစ္

အေရးယူခံရတဲ့ ရဲမႉးခ်ဳပ္(၃)ဦးေနရာကို အစားထိုးခန႔္အပ္တာအျပင္ ရဲတပ္ဖြဲ႕အတြင္း အေျပာင္းအလဲ ျဖစ္ေပၚခဲ့တယ္လို႔ တနသၤာရီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉးျဖစ္လာသူ ရဲမႉးႀကီးခင္ေက်ာ္က One News ကို ေျပာပါတယ္။

အခုလို အေျပာင္းအေ႐ႊ႕ျဖစ္ေပၚတာဟာ ျပည္ထဲေရးဝန္ႀကီး အမိန႔္နဲ႔ေဆာင္႐ြက္တာျဖစ္တယ္လို႔ ရဲမႉးႀကီး ခင္ေက်ာ္ကေျပာပါတယ္။
“ အေျပာင္းအေ႐ႊ႕ေတြက ရဲမႉးနဲ႔ အထက္အားလုံးက ျပည္ထဲေရးဝန္ႀကီး ဆုံးျဖတ္ခ်က္နဲ႔ေပးတာ။ ဒါက သမားစဥ္ပဲ။ ပုံမွန္ပဲ။ ေဝးလံေခါင္သီမွာ ထမ္းေဆာင္ေနတဲ့ သူေတြကို ၿမိဳ႕ျပနဲ႔နီးတဲ့ေနရာေတြေ႐ႊ႕တယ္။ ၿမိဳ႕ျပမွာအေနၾကာတဲ့သူေတြကို ေဝးလံေခါင္သီတဲ့ေနရာကိုေ႐ႊ႕ေပးတယ္။ အလွည့္က်လို႔ရင္ ပုံမွန္ Rotation သြားတာပဲေလ ” လို႔ ရဲမႉးႀကီးခင္ေက်ာ္ကေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းကအေရးယူခံရတဲ့ ရဲရာထူးခန႔္ခ်ဳပ္ ရဲမႉးခ်ဳပ္ေဇာ္မိုးသန္းေနရာမွာ ရဲမႉးခ်ဳပ္ေအာင္ေအာင္၊ ရဲေထာက္ခ်ဳပ္ ရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္ေနရာမွာ ရဲမႉးခ်ဳပ္ ျမင့္တိုးနဲ႔ ရထားရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ မိုးသန္းေအာင္ေနရာမွာ ရဲမႉးခ်ဳပ္ လူလူသန္းတို႔ကို အစားထိုးခန႔္အပ္လိုက္တာျဖစ္ပါတယ္။

တနသၤာရီတိုင္းတပ္ဖြဲ႕မႉး ရဲမႉးႀကီးခင္ေမာင္ေအးကေတာ့ ရဲမႉးခ်ဳပ္ရာထူးတိုးၿပီး ရဲေလ့က်င့္ေလ့က်င့္ေရး အရာရွိခ်ဳပ္ျဖစ္လာၿပီး ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉးေနရာမွာေတာ့ ရဲမႉးႀကီး စိုးျမင့္ဦးကိုခန႔္အပ္လိုက္ပါတယ္။

ခ်င္းျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးခင္ေက်ာ္ကေတာ့ တနသၤာရီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉးအျဖစ္ ေျပာင္းေ႐ႊ႕ခဲ့ၿပီး သူေနရာမွာေတာ့ ေရနံေျမလုံၿခဳံေရးရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးေက်ာ္ေထြးျဖစ္လာပါတယ္။

ကရင္ျပည္နယ္ရဲတပ္ဖြဲ႕မႉးေနရာမွာ ရဲမႉးႀကီးသန္းဝင္းကို ခန႔္အပ္ခဲ့ၿပီး မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး ေနရာမွာေတာ့ ရဲမႉးႀကီး လႈိင္တင့္ကိုခန႔္အပ္လိုက္ပါတယ္။

ဒါ့အျပင္ မြန္ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးေက်ာ္ေက်ာ္မင္းက ေနျပည္ေတာ္စည္ပင္သာယာ ရဲတပ္ဖြဲ႕မႉး၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေအာင္ကိုဦးက အမွတ္(၂)လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕ ဒုတိယ ကြပ္ကဲေရးမႉးျဖစ္လာၿပီး ရဲအရာရွိေလ့က်င့္ေရးေက်ာင္း ဒုတိယေက်ာင္းအုပ္ႀကီး ရဲမႉးႀကီး ဥကၠာကိုကေတာ့  မြန္ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး ျဖစ္လာတယ္လို႔ သိရပါတယ္။

သတင္း- ေဝယံထက္ဝင္း / ဓာတ္ပုံ -ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ - One News Myanmar
https://www.facebook.com/onenewsmyan
အရေးယူခံရသည့် ရဲမှူးချုပ်(၃)ဦး နေရာအပါအဝင် ရဲတပ်ဖွဲ့အတွင်းအပြောင်းအလဲဖြစ် အရေးယူခံရသည့် ရဲမှူးချုပ်(၃)ဦး နေရာအပါအဝင် ရဲတပ်ဖွဲ့အတွင်းအပြောင်းအလဲဖြစ် Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.