ရန်ကုန်လုံနယ်ဝန်ကြီးကို တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းဦးစီးချုပ် ခန့်အပ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်တချို့နဲ့အတူအခမ်းအနားတစ်ခုမှာတွေ့ရတဲ့ ရန်ကုန်တိုင်းနယ်လုံဝန်ကြီးတာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးအောင်စိုးမိုး - ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
မကြာသေးခင်ရက်ပိုင်းကမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ( လုံနယ် ) ရာထူးက အနားယူသွားတဲ့ ဗိုလ်မှူးကြီးအောင်စိုးမိုးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် အဖြစ် ခန့်အပ်လိုက်တယ်လို့တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေထံက သိရပါတယ်။

ယခင်က တပ်မတော်မှာ ဗိုလ်မှုးချုပ်တွေကို ဒုတိယ တိုင်းမှူးအဖြစ်သာ ခန့်အပ်လေ့ရှိပေမဲ့ မကြာသေးခင်ရက်ပိုင်းကစလို့ စစ်တိုင်းအလိုက် တိုင်းဦးစီးချုပ်ရာထူးတွေကို စတင်ဖော်ဆောင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့်ရှိသူတွေကို စတင်ခန့်အပ်လာတာဖြစ်ပါတယ်။
တိုင်းလွှတ်တော်အစည်းအဝေးမှာ တက်ရောက်ဖြေကြားနေစဉ် - ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနီးတဲ့အချိန်မှာလည်း သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသ ကြီးအစိုးရအဖွဲ တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်လုံဝန်ကြီးတွေဟာ  ဝန်ကြီးရာထူးကအနားယူပြီးနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတွေရှိခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ကိုးကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းဟာ ရန်ကုန်တိုင်း လုံနယ်ဝန်ကြီးအဖြစ်ကနေ အနားယူပြီး ၂၀၁၅ မှာရွေးကောက်ပွဲဝင်ခဲ့သူပါ။

တိုင်းဦးစီးချုပ်တွေဟာ သက်ဆိုင်ရာ စစ်တိုင်းအလိုက် စစ်ဦးစီး ၊ စစ်ရေး ၊ စစ်ထောက် လုပ်ငန်း တွေကို တာဝန်ယူ လုပ်ဆောင်ရတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

နယ်လုံဝန်ကြီးတာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးအောင်စိုးမိုးဟာ စစ်တက္ကသိုလ် ၃၇ ဆင်းတစ်ဦးဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese
ရန်ကုန်လုံနယ်ဝန်ကြီးကို တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းဦးစီးချုပ် ခန့်အပ် ရန်ကုန်လုံနယ်ဝန်ကြီးကို  တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းဦးစီးချုပ် ခန့်အပ် Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.