ဘရာဇီးမှာ အမျိုးသမီးတစ်ဦးလည်ပင်းကို ရဲက နင်းထားတဲ့ပုံ ထွက်လာလို့ ဒေါသထွက်

ဆွာပေါ်လို စစ်ရဲတပ်ဖွဲ့ဝင်တစ်ဦး
(Unicode)⤵⤵⤵
ဘရာဇီးနိုင်ငံ ဆွာပေါ်လိုမြို့မှာ လူမည်းအမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို စစ်ရဲက နင်းထားတဲ့ပုံ ရုပ်သံမှာ ထွက်ပေါ်လာပြီးနောက် စစ်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရာဇဝတ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘားဆိုင်ငယ်တစ်ခုပိုင်ရှင် သက်လတ်ပိုင်းအမျိုးသမီးကို နောက်ပိုင်းမှာ လက်ထိတ်ခတ်ပြီး ပလက်ဖောင်းတစ်လျှောက် ဆွဲခေါ်သွားခံရတဲ့ပုံ ထွက်လာတာ ဖြစ်ပါတယ်။

မေလတုန်းက အဲဒီအဖြစ်အပျက်ကို တွေ့ခဲ့သူတစ်ယောက်က ဗီဒီယို ရိုက်ထားခဲ့တာပါ။

အဲဒီလို အနိုင်ကျင့်တာမျိုးကို သည်းခံမှာ မဟုတ်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ယိုဝမ် ဒေါ်ရီယားက ပြောပြီး အဲဒီတပ်ဖွဲ့ဝင် နှစ်ယောက်လုံးကိုလည်း ရာထူးက ထုတ်လိုက်ပါတယ်။

ဒါပေမဲ့ သူတို့နာမည်တွေကိုတော့ ထုတ်မပြောပါဘူး။

ဒါ့အပြင် ဆွာပေါ်လိုရဲတပ်ဖွဲ့က ရဲဝန်ထမ်း ၂၀၀၀ ကို ကိုယ်ခန္ဓာမှာတပ်ဆင်သုံးရတဲ့ ကင်မရာတွေ တပ်ပေးမယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီ အမျိုးသမီးအကြောင်း ဗီဒီယိုကို Fantástico ရုပ်သံက ဒီသီတင်းပတ်ကုန်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပုံတွေကြောင့် ဘရာဇီးက လူတွေ ဒေါ်သအကြီးအကျယ် ထွက်နေကြပါတယ်။

ဒါက အမေရိကန်နိုင်ငံ မင်နီယာပိုလိစ်မြို့မှာ မေလ ၂၅ ရက်တုန်းက လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ကို ရဲက ထိန်းသိမ်းစဉ် သေဆုံးခဲ့တဲ့ အဖြစ်အပျက်ကို ပြန်သတိရစေပါတယ်။

ဂျော့ဖလွိုက်က သူအသက်ရှူလို့ မရဘူးလို့ တောင်းပန်နေတုန်းမှာ သူ့ရဲ့လည်ပင်းကို လူဖြူရဲတစ်ဦးက ဒူးနဲ့ဖိထားတာကို မြင်ရပါတယ်။

မစ္စတာဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်တဝန်း လမ်းပေါ်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။

BBC Burmese
-------------------------------------

(Zawgyi)⤵⤵⤵
ဘရာဇီးမွာ အမ်ိဳးသမီးတစ္ဦးလည္ပင္းကို ရဲက နင္းထားတဲ့ပုံ ထြက္လာလို႔ ေဒါသထြက္

ဘရာဇီးႏိုင္ငံ ဆြာေပၚလိုၿမိဳ႕မွာ လူမည္းအမ်ိဳးသမီးတစ္ဦးရဲ႕ လည္ပင္းကို စစ္ရဲက နင္းထားတဲ့ပုံ ႐ုပ္သံမွာ ထြက္ေပၚလာၿပီးေနာက္ စစ္ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ရာဇဝတ္မႈနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ဘားဆိုင္ငယ္တစ္ခုပိုင္ရွင္ သက္လတ္ပိုင္းအမ်ိဳးသမီးကို ေနာက္ပိုင္းမွာ လက္ထိတ္ခတ္ၿပီး ပလက္ေဖာင္းတစ္ေလွ်ာက္ ဆြဲေခၚသြားခံရတဲ့ပုံ ထြက္လာတာ ျဖစ္ပါတယ္။

ေမလတုန္းက အဲဒီအျဖစ္အပ်က္ကို ေတြ႕ခဲ့သူတစ္ေယာက္က ဗီဒီယို ႐ိုက္ထားခဲ့တာပါ။

အဲဒီလို အႏိုင္က်င့္တာမ်ိဳးကို သည္းခံမွာ မဟုတ္ဘူးလို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ယိုဝမ္ ေဒၚရီယားက ေျပာၿပီး အဲဒီတပ္ဖြဲ႕ဝင္ ႏွစ္ေယာက္လုံးကိုလည္း ရာထူးက ထုတ္လိုက္ပါတယ္။

ဒါေပမဲ့ သူတို႔နာမည္ေတြကိုေတာ့ ထုတ္မေျပာပါဘူး။

ဒါ့အျပင္ ဆြာေပၚလိုရဲတပ္ဖြဲ႕က ရဲဝန္ထမ္း ၂၀၀၀ ကို ကိုယ္ခႏၶာမွာတပ္ဆင္သုံးရတဲ့ ကင္မရာေတြ တပ္ေပးမယ္လို႔လည္း အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

အဲဒီ အမ်ိဳးသမီးအေၾကာင္း ဗီဒီယိုကို Fantástico ႐ုပ္သံက ဒီသီတင္းပတ္ကုန္မွာ ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီပုံေတြေၾကာင့္ ဘရာဇီးက လူေတြ ေဒၚသအႀကီးအက်ယ္ ထြက္ေနၾကပါတယ္။

ဒါက အေမရိကန္ႏိုင္ငံ မင္နီယာပိုလိစ္ၿမိဳ႕မွာ ေမလ ၂၅ ရက္တုန္းက လက္နက္မဲ့ လူမည္းအမ်ိဳးသား ေဂ်ာ့ခ်္ဖလြိဳက္ကို ရဲက ထိန္းသိမ္းစဥ္ ေသဆုံးခဲ့တဲ့ အျဖစ္အပ်က္ကို ျပန္သတိရေစပါတယ္။

ေဂ်ာ့ဖလြိဳက္က သူအသက္ရႉလို႔ မရဘူးလို႔ ေတာင္းပန္ေနတုန္းမွာ သူ႔ရဲ႕လည္ပင္းကို လူျဖဴရဲတစ္ဦးက ဒူးနဲ႔ဖိထားတာကို ျမင္ရပါတယ္။

မစၥတာဖလြိဳက္ေသဆုံးမႈေၾကာင့္ အေမရိကန္တဝန္း လမ္းေပၚဆႏၵျပမႈေတြ ျဖစ္လာခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/53405679
ဘရာဇီးမှာ အမျိုးသမီးတစ်ဦးလည်ပင်းကို ရဲက နင်းထားတဲ့ပုံ ထွက်လာလို့ ဒေါသထွက် ဘရာဇီးမှာ အမျိုးသမီးတစ်ဦးလည်ပင်းကို ရဲက နင်းထားတဲ့ပုံ ထွက်လာလို့ ဒေါသထွက် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.