အဓမ္မပြုကျင့်ခံရမှုနဲ့ အမှုဖွင့်ထားသူ ရသေ့တောင်ဒေသခံအမျိုးသမီး လုံခြုံရေး စိုးရိမ်နေ


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်သားတချို့က အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သူ အမျိုးသမီးဟာ အခုအခါ လုံခြုံရေးအတွက် စိုးရိမ်နေတဲ့အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးဦးက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာယကံရှင်အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က အမှုဖွင့်ခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအတွက် စိုးရိမ်နေတာပါ။

ရဲစခန်းမှာ အမှုဖွင့်ပြီးနောက်ပိုင်း သူကိုယ်တိုင်နဲ့ မိသားစုလုံခြုံရေးကို စိတ်ပူတယ်လို့လည်း ကာယကံရှင်အမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

"ကျမရဲ့လုံခြုံမှု ကျမမိသားစုရဲ့ ဘယ်လိုလုံခြုံမလဲဆိုတာကို ကျမတော်တော်ကြောက်လန့်ပြီးတော့ အမျိုးမျိုး တွေးနေမိတယ်။ ကျမတော့ အရမ်းကြောက်နေပါပြီ။"

လက်ရှိအချိန်မှာ အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သတ်ပြီး စစ်တွေမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိန်းမှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု၊ ပုဒ်မ ၁၄၄ ပူးပေါင်းပါဝင်မှု စတဲ့ ပုဒ်နဲ့ သုံးခုနဲ့ အမှုဖွင့်ထားကြောင်းလည်း ကာယကံရှင်နဲ့ အမှုမှာ လိုက်ပါ ကူညီနေသူတွေက ပြောပါတယ်။ အမှုနဲ့ ပတ်သတ်လို့ မေးမြန်းဖို့ စစ်တွေမြို့မရဲစခန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

တပ်မတော်ဘက်ကတော့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ဒီလဆန်းမှာပဲ ကြေညာချက်ထုတ်ပြန် ငြင်းဆန်ထားပါတယ်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ပြောပါတယ်။

"ကျနော်တို့က ဒီကိစ္စ မဟုတ်ဘူးဆိုပြီးတော့ ရေးထားတယ်။ အဲအမျိုးသမီးကို ခေါ်ပြီးတော့ သတင်းတွေဘာ တွေမှာလည်း ကျနော်တို့ တွေ့တာပဲ။ သူတို့မှန်ကန်တယ်ဆိုရင် မှန်ကန်တဲ့အတိုင်း ဥပဒေကြောင်းအရဖြစ်မှာပေါ့။ မမှန်ကန် ဘူးဆိုရင်လည်း မမှန်ကန်တဲ့ဥပဒေကြောင်းရပဲဖြစ်မှာပေါ့။ ကျနော်တို့ကတော့ မြေပြင်အခြေအနေ အသေးစိတ်မသိဘူးဗျ။သိချင်ရင်တော့ သက်ဆိုင်ရာ ရဲစခန်းတွေကို မေးကြည့်ပေါ့နော်။"

လက်ရှိအချိန်မှာတော့ အမှုဖွင့်တိုင်ကြားထားသူ အမျိုးသမီးနဲ့ မိသားစုဝင်တွေဟာ နေရပ်ကျေးရွာကို ပြန်မသွားရဲတာကြောင့် ရခိုင်အမျိုးသမီး ကွန်ရက်အဖွဲ့က တာဝန်ယူ စောင့်ရှောက်ထားပါတယ်။ အမှုမှာ လိုက်ပါကူညီပေးနေတဲ့ ရခိုင်အမျိုးသမီးကွန်ယက် အနေနဲ့လည်း လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ ဒေါ်ညိုအေးက ပြောပါတယ်။

"ကျမတို့အဖွဲ့ကတော့ ပါဝင်ကူညီပြီးတော့ လုပ်ပေးတဲ့နေရာမှာ ထဲထဲဝင်ဝင်ဖြစ်သွားတဲ့ သဘောရှိတယ်။ အချိန်မရွေး ကျမလည်း စိုးရိမ်စရာ အခြေအနေရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုလည်း ကျမ လက်ခံထားပေးရတယ်။ နောက်တစ်ခုက အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကို ကျမက ဝင်စွပ်ဖက်တာ တော့မရှိဘူး ရဲတပ်ဖွဲ့ကမေးလို့ရှိရင် သူတို့သဘောနဲ့ သူတို့ဖြေနိုင်ဖို့ ကြံဆောင်ပေးတယ်။ ပြီးတော့ စခန်းကိုလည်း ကျမတို့ ကိုယ်တိုင်လိုက်ပြီးတော့ ဆောင်ရွက်ပေးတယ်။ ဆိုတော့ ကျမရဲ့ လုံခြုံရေးအနေအထားကလည်း စိုးရိမ်စရာတော့ ရှိတာပေါ့။"

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာတုန်းကလည်း ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်း ငြင်းဆန်ထားပြီး၊ ကျုးလွန်သူတချို့ကို ဖော်ထုတ်အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

သက်နိုင်  / ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
အဓမၼျပဳက်င့္ခံရမႈနဲ႔ အမႈဖြင့္ထားသူ ရေသ့ေတာင္ေဒသခံအမ်ိဳးသမီး လုံၿခဳံေရး စိုးရိမ္ေန

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္သားတခ်ိဳ႕က အဓမၼျပဳက်င့္ခံခဲ့ရတယ္လို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ရဲစခန္းမွာ အမႈဖြင့္ တိုင္ၾကားခဲ့သူ အမ်ိဳးသမီးဟာ အခုအခါ လုံၿခဳံေရးအတြက္ စိုးရိမ္ေနတဲ့အေၾကာင္း ေျပာခ်င္ပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြ ရွိေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်း႐ြာမွာ ၿပီးခဲ့တဲ့ ဇြန္လ ၂၉ ရက္ေန႔က အသက္ ၃၀ ေက်ာ္ အမ်ိဳးသမီးတစ္ဦးကို တပ္မေတာ္သားသုံးဦးက ၿခိမ္းေျခာက္ၿပီး အဓမၼျပဳက်င့္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ကာယကံရွင္အမ်ိဳးသမီးက စစ္ေတြၿမိဳ႕မရဲစခန္းမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အမႈဖြင့္ခဲ့ၿပီးေနာက္ပိုင္း လုံၿခဳံေရးအတြက္ စိုးရိမ္ေနတာပါ။

ရဲစခန္းမွာ အမႈဖြင့္ၿပီးေနာက္ပိုင္း သူကိုယ္တိုင္နဲ႔ မိသားစုလုံၿခဳံေရးကို စိတ္ပူတယ္လို႔လည္း ကာယကံရွင္အမ်ိဳးသမီးက ဗြီအိုေအကို ေျပာပါတယ္။

"က်မရဲ႕လုံၿခဳံမႈ က်မမိသားစုရဲ႕ ဘယ္လိုလုံၿခဳံမလဲဆိုတာကို က်မေတာ္ေတာ္ေၾကာက္လန႔္ၿပီးေတာ့ အမ်ိဳးမ်ိဳး ေတြးေနမိတယ္။ က်မေတာ့ အရမ္းေၾကာက္ေနပါၿပီ။"

လက္ရွိအခ်ိန္မွာ အဓမၼျပဳက်င့္ခံရတာနဲ႔ ပတ္သတ္ၿပီး စစ္ေတြၿမိဳ႕မ ရဲစခန္းမွာ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ မုဒိန္းမႈ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၆၆ မတရားသျဖင့္ ကာမစပ္ယွက္မႈ၊ ပုဒ္မ ၁၄၄ ပူးေပါင္းပါဝင္မႈ စတဲ့ ပုဒ္နဲ႔ သုံးခုနဲ႔ အမႈဖြင့္ထားေၾကာင္းလည္း ကာယကံရွင္နဲ႔ အမႈမွာ လိုက္ပါ ကူညီေနသူေတြက ေျပာပါတယ္။ အမႈနဲ႔ ပတ္သတ္လို႔ ေမးျမန္းဖို႔ စစ္ေတြၿမိဳ႕မရဲစခန္းကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္း မရွိပါဘူး။

တပ္မေတာ္ဘက္ကေတာ့ စြပ္စြဲခ်က္ဟာ မဟုတ္မွန္ေၾကာင္း ဒီလဆန္းမွာပဲ ေၾကညာခ်က္ထုတ္ျပန္ ျငင္းဆန္ထားပါတယ္။ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကေတာ့ အေျခအေနအေသးစိတ္ကို မသိရေသးေၾကာင္း ေျပာပါတယ္။

"က်ေနာ္တို႔က ဒီကိစၥ မဟုတ္ဘူးဆိုၿပီးေတာ့ ေရးထားတယ္။ အဲအမ်ိဳးသမီးကို ေခၚၿပီးေတာ့ သတင္းေတြဘာ ေတြမွာလည္း က်ေနာ္တို႔ ေတြ႕တာပဲ။ သူတို႔မွန္ကန္တယ္ဆိုရင္ မွန္ကန္တဲ့အတိုင္း ဥပေဒေၾကာင္းအရျဖစ္မွာေပါ့။ မမွန္ကန္ ဘူးဆိုရင္လည္း မမွန္ကန္တဲ့ဥပေဒေၾကာင္းရပဲျဖစ္မွာေပါ့။ က်ေနာ္တို႔ကေတာ့ ေျမျပင္အေျခအေန အေသးစိတ္မသိဘူးဗ်။သိခ်င္ရင္ေတာ့ သက္ဆိုင္ရာ ရဲစခန္းေတြကို ေမးၾကည့္ေပါ့ေနာ္။"

လက္ရွိအခ်ိန္မွာေတာ့ အမႈဖြင့္တိုင္ၾကားထားသူ အမ်ိဳးသမီးနဲ႔ မိသားစုဝင္ေတြဟာ ေနရပ္ေက်း႐ြာကို ျပန္မသြားရဲတာေၾကာင့္ ရခိုင္အမ်ိဳးသမီး ကြန္ရက္အဖြဲ႕က တာဝန္ယူ ေစာင့္ေရွာက္ထားပါတယ္။ အမႈမွာ လိုက္ပါကူညီေပးေနတဲ့ ရခိုင္အမ်ိဳးသမီးကြန္ယက္ အေနနဲ႔လည္း လုံၿခဳံေရးအတြက္ စိုးရိမ္ေနရတယ္လို႔ အဖြဲ႕ရဲ႕ ေျပာခြင့္ရသူ ေဒၚညိဳေအးက ေျပာပါတယ္။

"က်မတို႔အဖြဲ႕ကေတာ့ ပါဝင္ကူညီၿပီးေတာ့ လုပ္ေပးတဲ့ေနရာမွာ ထဲထဲဝင္ဝင္ျဖစ္သြားတဲ့ သေဘာရွိတယ္။ အခ်ိန္မေ႐ြး က်မလည္း စိုးရိမ္စရာ အေျခအေနရွိတယ္ေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကိုလည္း က်မ လက္ခံထားေပးရတယ္။ ေနာက္တစ္ခုက အမႈမွန္ေပၚေပါက္ဖို႔အတြက္ကို က်မက ဝင္စြပ္ဖက္တာ ေတာ့မရွိဘူး ရဲတပ္ဖြဲ႕ကေမးလို႔ရွိရင္ သူတို႔သေဘာနဲ႔ သူတို႔ေျဖႏိုင္ဖို႔ ႀကံေဆာင္ေပးတယ္။ ၿပီးေတာ့ စခန္းကိုလည္း က်မတို႔ ကိုယ္တိုင္လိုက္ၿပီးေတာ့ ေဆာင္႐ြက္ေပးတယ္။ ဆိုေတာ့ က်မရဲ႕ လုံၿခဳံေရးအေနအထားကလည္း စိုးရိမ္စရာေတာ့ ရွိတာေပါ့။"

၂၀၁၇ ၾသဂုတ္လတုန္းက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာရွိတဲ့ ရဲကင္းစခန္းေတြကို စီးနင္းတိုက္ခိုက္ခဲ့တဲ့ ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္ အဖြဲ႕ကို ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြ လိုက္လံရွင္းလင္းတဲ့ စစ္ဆင္ေရးေတြမွာတုန္းကလည္း ႐ိုဟင္ဂ်ာ မြတ္စလင္ အမ်ိဳးသမီးေတြကို အဓမၼ ျပဳက်င့္မႈေတြ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ က်ဳးလြန္ခဲ့ေၾကာင္း စြပ္စြဲခ်က္ေတြ ထြက္ေပၚခဲ့ဖူးပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အမည္ကို တရားဝင္ အသိအမွတ္ျပဳ လက္ခံမထားတဲ့ ျမန္မာစစ္တပ္နဲ႔ အစိုးရကေတာ့ ႏိုင္ငံတကာက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္း ျငင္းဆန္ထားၿပီး၊ က်ဳးလြန္သူတခ်ိဳ႕ကို ေဖာ္ထုတ္အေရးယူခဲ့တာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာဆိုထားပါတယ္။

သက္ႏိုင္  / ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/rakhine-conflict-rape/5502127.html
အဓမ္မပြုကျင့်ခံရမှုနဲ့ အမှုဖွင့်ထားသူ ရသေ့တောင်ဒေသခံအမျိုးသမီး လုံခြုံရေး စိုးရိမ်နေ အဓမ္မပြုကျင့်ခံရမှုနဲ့ အမှုဖွင့်ထားသူ ရသေ့တောင်ဒေသခံအမျိုးသမီး လုံခြုံရေး စိုးရိမ်နေ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.