အပြောင်းအလဲတွေလုပ်လာတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈နေရာရှိပါတယ်။
(Unicode)⤵⤵⤵
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် နေရာ ဒေသစာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

အဲဒီ့ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀နေရာ၊ အမျိူးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ မြို့နယ်တို့ ဖြစ်တယ်လို့သိရပါတယ်။

ကော်မရှင်က ထုတ်ပြန်လိုက်တဲ့မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အပြောင်းအလဲ မရှိပေမဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွေမှာတော့ အရင်ရွေးကောက်ပွဲနဲ့ မတူတဲ့ အပြောင်းအလဲတွေ တွေ့ ရပါတယ်။

ပြည်နယ်တိုင်းဒေသကြီးတွေ အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေကို သတ်မှတ်တဲ့အခါ အကျယ်အဝန်းကို မကြည့်ဘဲ တန်းတူအချိုးကျ ပေးထားတာပါ။ ဒါ့အပြင် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကနေ ဒုတိယ သမ္မတ တစ်ဦးရွေးချယ်ခွင့်လဲရရှိထားပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကို သတ်မှတ်တဲ့အခါ မြို့နယ်တစ်ခုကို မဲဆန္ဒနယ် တစ်နယ်သတ်မှတ်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သတ်မှတ်တဲ့အခါ အချိုးကျပုံစံကို လူဦးရေနဲ့ တွက်ချက် သတ်မှတ်လေ့ရှိပါတယ်။

လက်ရှိဥပဒေတွေအရ ပြည်နယ်နဲ့တိုင်း တစ်ခုစီကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ သတ်မှတ်ရ ပါတယ်။အဲဒီလိုသတ်မှတ်တဲ့အခါ လူဦးရေကို အခြေခံပြီးသတ်မှတ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲ နှစ်ခုကိုလေ့လာကြည့်မယ်ဆိုရင် အချို့သော နေရာတွေမှာ လူဦးရေကိုအခြေခံပြီး အမျိုး သားလွှတ်တော်မဲဆန္ဒနယ်ကိုသတ်မှတ်တာရှိသလို အာဏာရပါတီ အားကောင်းတဲ့မြို့နယ်တွေကို အလေး ပေးပြီး သတ်မှတ်တာမျိုးလည်း တွေ့ရတယ်လို့ နိုင်ငံရးပါတီ ခေါင်းဆောင်အချို့က ဆိုပါတယ်။
ဖာပွန် မဲဆန္ဒနယ် ၂၀၁၅
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲတွေ အခြေစိုက်တဲ့ ကရင်ပြည်နယ်က ဖာပွန်မြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်နေရာ သတ်မှတ်ပေးခဲ့ပြီး မြဝတီမြို့ကိုတော့ တစ်နေရာသာ သတ်မှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ဖာပွန်မြို့နယ်က အမျိုးသားလွှတ်တော် နေရာနှစ်ခုစလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက အနိုင်ရခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာနရဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီး ထုတ်ပြန် ထားတဲ့ ကိန်းဂဏန်းအရ ဖာပွန်မြို့နယ်မှာ လူဦးရေ တစ်သိန်း လေးထောင်ကျော် ရှိပြီးမြဝတီ မြို့နယ်မှာ လူဦးရေ နှစ်သိန်း တစ်သောင်းကျော် နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။

" အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့ကိစ္စက ယူအီးစီ ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်၊ အာဏာရ ပါတီ အားကောင်းတဲ့မြို့နယ်ကို မဲဆန္ဒနယ် ပိုပေးလို့ရတယ်၊ ဖာပွန်မြို့နယ်က ကြံခိုင်ရေးပါတီ အားကောင်းတဲ့မြို့ ဖြစ်လို့ နှစ်နေရာ သတ်မှတ်တာလို့ ယူဆလို့ရတယ်" နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ အတွက် ကရင်ပြည်နယ်မှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့အခါ ဖာပွန်မြို့ကို မဲဆန္ဒနယ် တစ်နယ်သာ သတ်မှတ်ပြီး မြဝတီမြို့ကို မဲဆန္ဒနယ် နှစ်နယ် သတ်မှတ်ထားတာ ကိုတွေ့ရပါတယ် ။

ကရင်ပြည်နယ်လို့ပဲ ရခိုင်ပြည်နယ်မှာလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေ အပြောင်းအလဲ နှစ်နေရာ ပြုလုပ် ထားတာကိုတွေ့ရပါတယ်။
နယ်စပ်မြို့မောင်တော
၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဘူးသီးတောင်နဲ့မောင်တောမြို့ နှစ်ခုပေါင်း မောင်တောခရိုင်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ခဲ့ပါတယ်။

" ၂၀၁၀ တုန်းက ဝှိုက်ကဒ်တွေ မဲပေးလို့ရတော့ မောင်တောခရိုင်က လူများတယ်၊ အဲဒီအတွက် အမျိုးသားလွှတ်တော်မှာ သုံးနေရာပေးတယ်၊ ကြံခိုင်ရေးကနိုင်ခဲ့တယ် ၊ ၂၀၁၅ မှာလဲ အဲဒီအတိုင်းပဲ သတ်မှတ် ခဲ့တယ်၊ ကော်မရှင်က USDP ကော်မရှင်လဲဖြစ်တယ်။ ၂၀၂၀ မှာတော့ လူဦးရေကိုကြည့်လိုက်တယ်၊နည်းသွားပြီလေ။အဲဒီအတွက် မောင်တောခရိုင်ကို တစ်နေရာပဲ ပေးထားတာတွေ့ရတယ်လို " ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ပြောပါတယ်။

အဲဒီလို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ပေးထားတဲ့ မောင်တောခရိုင်ကနေ ကြံခိုင်ရေး ပါတီက တစ်ဦးနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် နှစ်ဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်မှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သုံးနေရာ သတ်မှတ်ပေးလိုက်တဲ့ မောင်တောခရိုင်ကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာသာ သတ်မှတ် ပေးလိုက်တဲ့အတွက် ပိုထွက်လာတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နှစ်နေရာကို ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်းပိုင်းကို တစ်နေရာဆီခွဲ ပေးထားတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပုဏ္ဏာကျွန်းမြို့နယ်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာနဲ့ ရသေ့တောင်မြို့နယ်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာ အဖြစ်သတ်မှတ်ပေးထားပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ နဲ့၂၀၁၅ ရွေးကောက်ပွဲမှာတော့ အဲဒီမြို့နယ် နှစ်ခုပေါင်းကိုမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တစ်နေရာသာ သတ်မှတ်ခဲ့တာပါ။

ရခိုင်ပြည်နယ် တောင်းပိုင်းမှာလည်း အရင်က တောင်ကုတ် သံတွဲနဲ့ ဂွမြို့နယ် သုံး ခုပေါင်းကိုမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်ခုသတ်မှတ်ခဲ့တာ။အဲဒီလို သုံး မြို့နယ်ပေါင်းထားတဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ( ၁၂ ) ကနေ ရခိုင်အမျိုးသားပါတီကကိုယ်စားလှယ်တစ်ဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။
၂၀၁၅ မဲဆွယ်ပွဲ
ဒါပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တောင်ကုတ်မြို့နယ် တစ်ခုတည်း ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာနဲ့ သံတွဲနဲ့ဂွမြို့နယ် နှစ်ခုပေါင်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နေရာ သတ်မှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီး သုံးသပ်မယ်ဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းဟာ ရခိုင်အမျိုးသားပါတီ ANP အားကောင်းတဲ့ဒေသလို့ ဆိုရမှာဖြစ်သလို့ တောင်ပိုင်းဟာလဲ NLD အားကောင်းတဲ့ဒေသလို့ပြောနိုင်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေမှာ အပြောင်းအလဲတွေရှိခဲ့ပေမဲ့ မပြောင်းလဲတဲ့ပြည်နယ်တွေလဲရှိပါတယ်။

" ကြီးကြီးမားမား အပြောင်းအလဲလုပ်တာတွေတော့ ဒီကယားပြည်နယ်မှာ မရှိပါဘူး ၊တခြား ပြည်နယ်တွေမှာတော့ မြို့နယ်က များတယ်လေ၊ အမျိုးသားလွှတ်တော်က ၁၂ ယောက်ပဲရတယ်ဆိုတော့ အချို့ဟာတွေက ၂ ယောက်ပေးလိုက် ၊အဲဒါမျိုးကစားတဲ့ဟာတွေလဲရှိနိုင်တာပေါ့လို့" ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က သုံးသပ်ပြောဆိုပါတယ်။
ရွေးကောက်ပွဲ
အာဏာရပါတီက ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်နယ်တွေအတွတ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ချက်ဟာ လူဦးရေကိုအခြေခံပြီးသတ်မှတ်တယ်လို ဆိုနိုင်ပေမဲ့ တိုင်းဒေသကြီးတွေအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့ အခါ လူဦးရေ အနည်း အများကို အခြေမခံတာကိုလဲတွေ့ရပါတယ်။

မြို့နယ် ၂၆ မြို့ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးကို လေ့လာကြည့်မယ်ဆိုရင် လူဦးရေအများဆုံးမြို့မှာ ပုသိမ်မြို့ဖြစ်ပြီး ဒုတိယအများဆုံးမြို့က ဟင်္သာတမြို့၊တတိယအများဆုံးမြို့က ဘိုကလေးနဲ့စတုတ္တ အများဆုံး မြို့မှာ မြောင်းမြမြို့ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် သတ်မှတ်တဲ့အခါ မြောင်းမြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ပေးထားပါတယ်။မြောင်းမြထက် လူဦး များတဲ့ ပုသိမ် ဟင်္သာတ ဘိုးကလေးမြို့တွေကိုတော့ တခြားသောမြို့နယ်တစ်ခုနဲ့ပေါင်းပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်ခုအဖြစ်သတ်မှတ်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလဲ မြောင်းမြမြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ပေးထားတာပါ။

" ၂၀၁၅ တုန်းက ငွေကြေးအင်အားတောင့်တင်းတဲ့ ဦးတင့်ဆန်းနဲ့ဦးခင်ရီတို့မြောင်းမြကပြိုင်တော့ သူတို့နိုင် မယ်ထင်လို့ တစ်မြို့ထဲကို တစ်နယ်ထဲသတ်မှတ်တာထင်တယ်၊အခုလဲ ဒီအစိုးရလက်ထက်မှာ တံတားတစ်စင်း ဆောက်တယ် ၊သူနာပြုသင်တန်းကျောင်းလည်း ဖွင့်ပေးထားတယ်ဆိုတာ့ မြောင်းမြဟာ NLD အတွက် အားကောင်းနိုင်မယ်လို့ယူဆလိုထင်တယ်" လို့မြောင်းမြမြို့ခံနိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ် ပြောဆိုပါတယ်။

ဧရာဝတီတိုင်းလို့ပဲ မန္တလေးတိုင်းဒေသကြီးထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေမှာလဲ ၂၀၁၀ နဲ့၂၀၁၅ ခုနှစ်က သတ်မှတ်ချက်တွေနဲ့မတူပဲ မဲဆန္ဒနယ် အပြောင်းအလဲလုပ်ထားတာတွေရှိပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုလုံးကို ကြည့်ပါက မဲဆန္ဒနယ်ပေါင်း ၁၆၈ နယ်ရှိတဲ့အတွက် ကိုယ်စားလှယ် လောင်း ၁၆၈ ဦးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်၊လက်ရှိဖွဲ့စည်းပုံအရ အမျိုးသား လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များကနေ ဒုတိယ သမ္မတတစ်ဦးရွေးချယ်ခွင့်လဲရှိပါတယ်။

ဒါအပြင် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်းရဲ့ အရေအတွက်ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကျော် ရှိတဲ့ အတွက် သမ္မတရွေးချယ်ရေးမှာလည်း အရေးပါတာကို တွေ့ရပါတယ်။

လူဦးရေ အကျယ်အဝန်းကို အခြေမခံဘဲ ပြည်နယ်တိုင်း တစ်ခုဆီကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နယ်စီ ညီတူမျှတူ ပေးထားတဲ့အတွက် တိုင်းဒေသကြီးတွေလောက် လူဦးရေမများတဲ့ ပြည်နယ်တွေရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေဟာ အကြိတ်အနယ်ရှိလေ့ရှိပါတယ်။

ဥပမာ တစ်မြို့တည်းကို အမျိုးသားလွှတ်တော် နှစ်နေရာရတဲ့ ကယားပြည်နယ်က ဖရူဆို၊ဖားဆောင်း၊ဒီမောဆို၊ ဘော်လခဲ တို့လို မဲဆန္ဒနယ်နေရာတွေ ရှိပါတယ်။ ၂၀၁၅ ကတော့ အာဏာရပါတီဖက် ကသေချာကပြင်ဆင်ပြီး ပြိုင်လေ့ရှိတယ်လို့လည်း ကယားပြည်နယ်က နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။

ဒါကြောင့် လက်ရှိရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်သတ်မှတ်လိုက်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေ ထဲက တိုင်းရင်းသားဒေသတွေမှာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ရှိလာဖို့များတယ်လို့ လေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်။

BBC Burmese
-------------------------------
(Zawgyi)⤵⤵⤵
အေျပာင္းအလဲေတြလုပ္လာတဲ့ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္မ်ား

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပမယ့္ ေနရာ ေဒသစာရင္းေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ဇြန္လ ၂၉ ရက္ေန႔က ထုတ္ျပန္ ေၾကညာခဲ့ပါတယ္ ။

အဲဒီ့ ထုတ္ျပန္ခ်က္အရ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ ၃၃၀ေနရာ၊ အမ်ိဴးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၁၆၈ေနရာ၊ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ ၆၄၄ နဲ႔တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္ ၂၉ ၿမိဳ႕နယ္တို႔ ျဖစ္တယ္လို႔သိရပါတယ္။

ေကာ္မရွင္က ထုတ္ျပန္လိုက္တဲ့မဲဆႏၵနယ္ေတြထဲမွာ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္အတြက္ အေျပာင္းအလဲ မရွိေပမဲ့ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္မဲဆႏၵနယ္ေတြမွာေတာ့ အရင္ေ႐ြးေကာက္ပြဲနဲ႔ မတူတဲ့ အေျပာင္းအလဲေတြ ေတြ႕ ရပါတယ္။

ျပည္နယ္တိုင္းေဒသႀကီးေတြ အတြက္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေတြကို သတ္မွတ္တဲ့အခါ အက်ယ္အဝန္းကို မၾကည့္ဘဲ တန္းတူအခ်ိဳးက် ေပးထားတာပါ။ ဒါ့အျပင္ ေ႐ြးေကာက္ခံ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကေန ဒုတိယ သမၼတ တစ္ဦးေ႐ြးခ်ယ္ခြင့္လဲရရွိထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေတြကို သတ္မွတ္တဲ့အခါ ၿမိဳ႕နယ္တစ္ခုကို မဲဆႏၵနယ္ တစ္နယ္သတ္မွတ္တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္သတ္မွတ္တဲ့အခါ အခ်ိဳးက်ပုံစံကို လူဦးေရနဲ႔ တြက္ခ်က္ သတ္မွတ္ေလ့ရွိပါတယ္။

လက္ရွိဥပေဒေတြအရ ျပည္နယ္နဲ႔တိုင္း တစ္ခုစီကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၁၂ ေနရာ သတ္မွတ္ရ ပါတယ္။အဲဒီလိုသတ္မွတ္တဲ့အခါ လူဦးေရကို အေျခခံၿပီးသတ္မွတ္တယ္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က တာဝန္ရွိသူေတြက ဆိုၾကပါတယ္။

ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲ ႏွစ္ခုကိုေလ့လာၾကည့္မယ္ဆိုရင္ အခ်ိဳ႕ေသာ ေနရာေတြမွာ လူဦးေရကိုအေျခခံၿပီး အမ်ိဳး သားလႊတ္ေတာ္မဲဆႏၵနယ္ကိုသတ္မွတ္တာရွိသလို အာဏာရပါတီ အားေကာင္းတဲ့ၿမိဳ႕နယ္ေတြကို အေလး ေပးၿပီး သတ္မွတ္တာမ်ိဳးလည္း ေတြ႕ရတယ္လို႔ ႏိုင္ငံရးပါတီ ေခါင္းေဆာင္အခ်ိဳ႕က ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲအတြက္ တပ္မေတာ္ တပ္ရင္းတပ္ဖြဲေတြ အေျခစိုက္တဲ့ ကရင္ျပည္နယ္က ဖာပြန္ၿမိဳ႕နယ္ တစ္ခုတည္းကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ႏွစ္ေနရာ သတ္မွတ္ေပးခဲ့ၿပီး ျမဝတီၿမိဳ႕ကိုေတာ့ တစ္ေနရာသာ သတ္မွတ္ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ဖာပြန္ၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ ေနရာႏွစ္ခုစလုံးကို ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ဖြံၿဖိဳးေရးပါတီက အႏိုင္ရခဲ့ပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အား ဝန္ႀကီးဌာနရဲ႕ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္း ေကာက္ယူၿပီး ထုတ္ျပန္ ထားတဲ့ ကိန္းဂဏန္းအရ ဖာပြန္ၿမိဳ႕နယ္မွာ လူဦးေရ တစ္သိန္း ေလးေထာင္ေက်ာ္ ရွိၿပီးျမဝတီ ၿမိဳ႕နယ္မွာ လူဦးေရ ႏွစ္သိန္း တစ္ေသာင္းေက်ာ္ ေနထိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

" အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သတ္မွတ္တဲ့ကိစၥက ယူအီးစီ ရဲ႕လုပ္ပိုင္ခြင့္ျဖစ္တယ္၊ အာဏာရ ပါတီ အားေကာင္းတဲ့ၿမိဳ႕နယ္ကို မဲဆႏၵနယ္ ပိုေပးလို႔ရတယ္၊ ဖာပြန္ၿမိဳ႕နယ္က ႀကံခိုင္ေရးပါတီ အားေကာင္းတဲ့ၿမိဳ႕ ျဖစ္လို႔ ႏွစ္ေနရာ သတ္မွတ္တာလို႔ ယူဆလို႔ရတယ္" ႏိုင္ငံေရး ေလ့လာသူတစ္ဦးက ဆိုပါတယ္။

ဒါေပမဲ့လည္း ၂၀၂၀ အတြက္ ကရင္ျပည္နယ္မွာ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သတ္မွတ္တဲ့အခါ ဖာပြန္ၿမိဳ႕ကို မဲဆႏၵနယ္ တစ္နယ္သာ သတ္မွတ္ၿပီး ျမဝတီၿမိဳ႕ကို မဲဆႏၵနယ္ ႏွစ္နယ္ သတ္မွတ္ထားတာ ကိုေတြ႕ရပါတယ္ ။

ကရင္ျပည္နယ္လို႔ပဲ ရခိုင္ျပည္နယ္မွာလည္း အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေတြ အေျပာင္းအလဲ ႏွစ္ေနရာ ျပဳလုပ္ ထားတာကိုေတြ႕ရပါတယ္။

၂၀၁၀ နဲ႔၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာ ဘူးသီးေတာင္နဲ႔ေမာင္ေတာၿမိဳ႕ ႏွစ္ခုေပါင္း ေမာင္ေတာခ႐ိုင္ကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သုံးေနရာ သတ္မွတ္ခဲ့ပါတယ္။

" ၂၀၁၀ တုန္းက ဝႈိက္ကဒ္ေတြ မဲေပးလို႔ရေတာ့ ေမာင္ေတာခ႐ိုင္က လူမ်ားတယ္၊ အဲဒီအတြက္ အမ်ိဳးသားလႊတ္ေတာ္မွာ သုံးေနရာေပးတယ္၊ ႀကံခိုင္ေရးကႏိုင္ခဲ့တယ္ ၊ ၂၀၁၅ မွာလဲ အဲဒီအတိုင္းပဲ သတ္မွတ္ ခဲ့တယ္၊ ေကာ္မရွင္က USDP ေကာ္မရွင္လဲျဖစ္တယ္။ ၂၀၂၀ မွာေတာ့ လူဦးေရကိုၾကည့္လိုက္တယ္၊နည္းသြားၿပီေလ။အဲဒီအတြက္ ေမာင္ေတာခ႐ိုင္ကို တစ္ေနရာပဲ ေပးထားတာေတြ႕ရတယ္လို " ရေသ့ေတာင္ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚခင္ေစာေဝက ေျပာပါတယ္။

အဲဒီလို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သုံးေနရာ သတ္မွတ္ေပးထားတဲ့ ေမာင္ေတာခ႐ိုင္ကေန ႀကံခိုင္ေရး ပါတီက တစ္ဦးနဲ႔ ရခိုင္အမ်ိဳးသားပါတီက ကိုယ္စားလွယ္ ႏွစ္ဦးဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာအႏိုင္ရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္မွာ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သုံးေနရာ သတ္မွတ္ေပးလိုက္တဲ့ ေမာင္ေတာခ႐ိုင္ကို လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္တစ္ေနရာသာ သတ္မွတ္ ေပးလိုက္တဲ့အတြက္ ပိုထြက္လာတဲ့ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ ႏွစ္ေနရာကို ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ေတာင္းပိုင္းကို တစ္ေနရာဆီခြဲ ေပးထားတာကို ေတြ႕ရပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ပုဏၰာကြၽန္းၿမိဳ႕နယ္ကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္ေနရာနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္တစ္ေနရာ အျဖစ္သတ္မွတ္ေပးထားပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ အဲဒီၿမိဳ႕နယ္ ႏွစ္ခုေပါင္းကိုမွာ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ တစ္ေနရာသာ သတ္မွတ္ခဲ့တာပါ။

ရခိုင္ျပည္နယ္ ေတာင္းပိုင္းမွာလည္း အရင္က ေတာင္ကုတ္ သံတြဲနဲ႔ ဂြၿမိဳ႕နယ္ သုံး ခုေပါင္းကိုမွာ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္ခုသတ္မွတ္ခဲ့တာ။အဲဒီလို သုံး ၿမိဳ႕နယ္ေပါင္းထားတဲ့အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ ( ၁၂ ) ကေန ရခိုင္အမ်ိဳးသားပါတီကကိုယ္စားလွယ္တစ္ဦးဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာအႏိုင္ရရွိခဲ့ပါတယ္။

ဒါေပမဲ့လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ေတာင္ကုတ္ၿမိဳ႕နယ္ တစ္ခုတည္း ကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္ေနရာနဲ႔ သံတြဲနဲ႔ဂြၿမိဳ႕နယ္ ႏွစ္ခုေပါင္းကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္ေနရာ သတ္မွတ္ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲ ရလဒ္ကို အေျခခံၿပီး သုံးသပ္မယ္ဆိုရင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းဟာ ရခိုင္အမ်ိဳးသားပါတီ ANP အားေကာင္းတဲ့ေဒသလို႔ ဆိုရမွာျဖစ္သလို႔ ေတာင္ပိုင္းဟာလဲ NLD အားေကာင္းတဲ့ေဒသလို႔ေျပာႏိုင္ပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ေတြမွာ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေတြမွာ အေျပာင္းအလဲေတြရွိခဲ့ေပမဲ့ မေျပာင္းလဲတဲ့ျပည္နယ္ေတြလဲရွိပါတယ္။

" ႀကီးႀကီးမားမား အေျပာင္းအလဲလုပ္တာေတြေတာ့ ဒီကယားျပည္နယ္မွာ မရွိပါဘူး ၊တျခား ျပည္နယ္ေတြမွာေတာ့ ၿမိဳ႕နယ္က မ်ားတယ္ေလ၊ အမ်ိဳးသားလႊတ္ေတာ္က ၁၂ ေယာက္ပဲရတယ္ဆိုေတာ့ အခ်ိဳ႕ဟာေတြက ၂ ေယာက္ေပးလိုက္ ၊အဲဒါမ်ိဳးကစားတဲ့ဟာေတြလဲရွိႏိုင္တာေပါ့လို႔" ကယားျပည္နယ္ ဒီမိုက ရက္တစ္ပါတီ အေထြေထြအတြင္းေရးမႉး ခူးသဲရယ္က သုံးသပ္ေျပာဆိုပါတယ္။

အာဏာရပါတီက ဖြဲ႕စည္းေပးထားတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ျပည္နယ္ေတြအတြတ္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သတ္မွတ္ခ်က္ဟာ လူဦးေရကိုအေျခခံၿပီးသတ္မွတ္တယ္လို ဆိုႏိုင္ေပမဲ့ တိုင္းေဒသႀကီးေတြအတြက္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သတ္မွတ္တဲ့ အခါ လူဦးေရ အနည္း အမ်ားကို အေျခမခံတာကိုလဲေတြ႕ရပါတယ္။

ၿမိဳ႕နယ္ ၂၆ ၿမိဳ႕ရွိတဲ့ ဧရာဝတီတိုင္းေဒသႀကီးကို ေလ့လာၾကည့္မယ္ဆိုရင္ လူဦးေရအမ်ားဆုံးၿမိဳ႕မွာ ပုသိမ္ၿမိဳ႕ျဖစ္ၿပီး ဒုတိယအမ်ားဆုံးၿမိဳ႕က ဟသၤာတၿမိဳ႕၊တတိယအမ်ားဆုံးၿမိဳ႕က ဘိုကေလးနဲ႔စတုတၱ အမ်ားဆုံး ၿမိဳ႕မွာ ေျမာင္းျမၿမိဳ႕ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ သတ္မွတ္တဲ့အခါ ေျမာင္းၿမိဳ႕နယ္ တစ္ခုတည္းကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္နယ္ သတ္မွတ္ေပးထားပါတယ္။ေျမာင္းျမထက္ လူဦး မ်ားတဲ့ ပုသိမ္ ဟသၤာတ ဘိုးကေလးၿမိဳ႕ေတြကိုေတာ့ တျခားေသာၿမိဳ႕နယ္တစ္ခုနဲ႔ေပါင္းၿပီး အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္ခုအျဖစ္သတ္မွတ္ေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာလဲ ေျမာင္းျမၿမိဳ႕နယ္ တစ္ခုတည္းကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ တစ္နယ္ သတ္မွတ္ေပးထားတာပါ။

" ၂၀၁၅ တုန္းက ေငြေၾကးအင္အားေတာင့္တင္းတဲ့ ဦးတင့္ဆန္းနဲ႔ဦးခင္ရီတို႔ေျမာင္းျမကၿပိဳင္ေတာ့ သူတို႔ႏိုင္ မယ္ထင္လို႔ တစ္ၿမိဳ႕ထဲကို တစ္နယ္ထဲသတ္မွတ္တာထင္တယ္၊အခုလဲ ဒီအစိုးရလက္ထက္မွာ တံတားတစ္စင္း ေဆာက္တယ္ ၊သူနာျပဳသင္တန္းေက်ာင္းလည္း ဖြင့္ေပးထားတယ္ဆိုတာ့ ေျမာင္းျမဟာ NLD အတြက္ အားေကာင္းႏိုင္မယ္လို႔ယူဆလိုထင္တယ္" လို႔ေျမာင္းျမၿမိဳ႕ခံႏိုင္ငံေရးေလ့လာသူတစ္ဦးက သုံးသပ္ ေျပာဆိုပါတယ္။

ဧရာဝတီတိုင္းလို႔ပဲ မႏၲေလးတိုင္းေဒသႀကီးထဲက အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေတြမွာလဲ ၂၀၁၀ နဲ႔၂၀၁၅ ခုႏွစ္က သတ္မွတ္ခ်က္ေတြနဲ႔မတူပဲ မဲဆႏၵနယ္ အေျပာင္းအလဲလုပ္ထားတာေတြရွိပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္တစ္ခုလုံးကို ၾကည့္ပါက မဲဆႏၵနယ္ေပါင္း ၁၆၈ နယ္ရွိတဲ့အတြက္ ကိုယ္စားလွယ္ ေလာင္း ၁၆၈ ဦးကို ေ႐ြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္၊လက္ရွိဖြဲ႕စည္းပုံအရ အမ်ိဳးသား လႊတ္ေတာ္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားကေန ဒုတိယ သမၼတတစ္ဦးေ႐ြးခ်ယ္ခြင့္လဲရွိပါတယ္။

ဒါအျပင္ အမ်ိဳးသားလႊတ္ေတာ္ ေ႐ြးေကာက္ခံကိုယ္စားလွယ္ စုစုေပါင္းရဲ႕ အေရအတြက္ဟာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံးရဲ႕ ၂၅ ရာခိုင္ႏႈန္းေက်ာ္ ရွိတဲ့ အတြက္ သမၼတေ႐ြးခ်ယ္ေရးမွာလည္း အေရးပါတာကို ေတြ႕ရပါတယ္။

လူဦးေရ အက်ယ္အဝန္းကို အေျခမခံဘဲ ျပည္နယ္တိုင္း တစ္ခုဆီကို အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၁၂ နယ္စီ ညီတူမွ်တူ ေပးထားတဲ့အတြက္ တိုင္းေဒသႀကီးေတြေလာက္ လူဦးေရမမ်ားတဲ့ ျပည္နယ္ေတြရဲ႕ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေတြဟာ အႀကိတ္အနယ္ရွိေလ့ရွိပါတယ္။

ဥပမာ တစ္ၿမိဳ႕တည္းကို အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ေနရာရတဲ့ ကယားျပည္နယ္က ဖ႐ူဆို၊ဖားေဆာင္း၊ဒီေမာဆို၊ ေဘာ္လခဲ တို႔လို မဲဆႏၵနယ္ေနရာေတြ ရွိပါတယ္။ ၂၀၁၅ ကေတာ့ အာဏာရပါတီဖက္ ကေသခ်ာကျပင္ဆင္ၿပီး ၿပိဳင္ေလ့ရွိတယ္လို႔လည္း ကယားျပည္နယ္က ႏိုင္ငံေရးေလ့လာသူတစ္ဦးကေျပာပါတယ္။

ဒါေၾကာင့္ လက္ရွိေ႐ြးေကာက္ပြဲ ေကာ္မရွင္က ျပင္ဆင္သတ္မွတ္လိုက္တဲ့ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေတြ ထဲက တိုင္းရင္းသားေဒသေတြမွာ လာမယ့္၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အႀကိတ္အနယ္ရွိလာဖို႔မ်ားတယ္လို႔ ေလ့လာသူေတြကသုံးသပ္ေျပာဆိုၾကပါတယ္။

BBC Burmese
https://www.bbc.com/burmese/53326372
အပြောင်းအလဲတွေလုပ်လာတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ အပြောင်းအလဲတွေလုပ်လာတဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.