ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေ မကူးဘူးလို့ မဆိုနိုင်ကြောင်း WHO ပြော

လေထဲကတဆင့်ပိုးကပါလာပြီး ကူးနိုင်တယ်ဆိုတာကို WHO က လျှော့တွက်ခဲ့တယ်လို့ ပညာရှင်တွေ စွပ်စွဲနေ
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်က လေထဲမှာ ပါလာကာ ကူးစက်နိုင်တယ်ဆိုတာကို သက်သေပြထားတဲ့ အထောက်အထားတွေ ထွက်ပေါ်လာနေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုလိုက်ပါတယ်။

လူအုပ်စုဖြစ်နေတဲ့နေရာတွေ၊ လုံတဲ့အခန်းတွေ ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေကတဆင့် မကူးစက်နိုင်ဘူးလို့ ပြောလို့မရနိုင်ကြောင်း WHO အရာရှိတယောက်က ပြောပါတယ်။

တကယ်လို့သာ ဒီအထောက်အထားတွေကို အတည်ပြုနိုင်ရင် အခန်းအတွင်း၊ အဆောက်အအုံအတွင်း၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေအတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်သွားရမှာပါ။

သိပ္ပံပညာရှင် ၂၀၀ ကျော်က လက်မှတ်ထိုးပြီးပေးတဲ့ အိတ်ဖွင့်ပေးစာမှာ WHO ဟာ ဒီဗိုင်းရပ်စ် လေထဲကနေ ကူးနိုင်တယ် ဆိုတဲ့အချက်ကို လျှော့တွက်ထားတယ်လို့ စွပ်စွဲထားပါတယ်။

အခုလောလောဆယ်အချိန်အထိ WHO က ဒီဗိုင်းရပ်စ်ဟာ လူတွေ နှာချေလို့၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အရည်အစက်အမှုန်လေးတွေက တဆင့်သာ ကူးနိုင်တာလို့ ပြောထားတာပါ။

အိတ်ဖွင့်ပေးစာကို လက်မှတ်ထိုးခဲ့တဲ့ ပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ကော်လိုရာဒို တက္ကသိုလ်က ဓာတုဗေဒပညာရှင် ဂျိုဆေး ဂျမန်နက်ဇ် က "ကျွန်တော်တို့အနေနဲ့ ဒီအထောက်အထားကို သူတို့ (WHO) က အသိအမှတ်ပြုလက်ခံစေချင်တယ်" လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

"ဒါဟာ WHO ကို တိုက်ခိုက်တာ လုံးဝမဟုတ်ပါဘူး၊ ဒါက သိပ္ပံဆိုင်ရာ ဆွေးနွေးငြင်းခုံမှုပါ၊ ဒါပေမဲ့ ဒါကို ကျွန်တော်တို့က အများပြည်သူ သိဖို့လိုပြီလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့ အများကြီး ပြောပြီးပေမဲ့ သူတို့က အထောက်အထားတွေကို နားထောင်ဖို့ ငြင်းနေကြလို့ပါ" လို့လည်း သူက ပြောပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ပါမောက္ခ ဘန်ဂျမင် ကောလင်းကလည်း ဒီစာကို လက်မှတ်ထိုးခဲ့တဲ့ ပညာရှင်တယောက်ဖြစ်ပြီး ဒီတွေ့ရှိမှုက အရေးပါပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေမှာ အကာအကွယ်က ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို စဉ်းစားသင့်ပြီလို့ ဆိုသလို

လူတွေကြားထဲမှာလည်း အလေးဂရုပြုဖို့လိုတယ်လို့ ဆိုပါတယ်။

"ရပ်ရွာအသိုင်းအဝိုင်းထဲမှာ၊ ဆိုပါတော့ လေထဲကပါလာတဲ့ အလွန်သေးငယ်ပြီး (မျက်စိနဲ့မမြင်နိုင်တဲ့) အမှုန်အမွှားလေးထဲမှာ ဒီဗိုင်းရပ်စ်က ပါလာပြီးကူးစက်နိုင်တယ်လို့ စဉ်းစားရပြီဆိုရင်၊ လူစုလူဝေးလုပ်တဲ့နေရာတွေကနေ မကူးစက်အောင်၊ လူတွေ နီးနီးကပ်ကပ် ကြာကြာနေတာကနေ မကူးစက်အောင်၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေကနေ မကူးစက်အောင်၊ လူများများကို အလျင်အမြန် ပိုးကူးစက်ပြန့်ပွားသွားတာတွေ မဖြစ်အောင် စတာတွေကို ဘယ်လိုလုပ်ကာကွယ်ကြမလဲ ဆိုတာတွေကို စဉ်းစားရတော့မှာပါ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

WHO အရာရှိတွေကတော့ အထောက်အထားတွေဟာ အစပျိုးပဏာမအခြေအနေမှာသာ ရှိသေးကြောင်းပြောပြီး နောက်ထပ် ဆန်းစစ်တာတွေ လုပ်ရဦးမယ်လို့ သတိထားပြီး ပြောပါတယ်။

WHO ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာပိုင်း ဦးဆောင် အရာရှိ ဘန်နဒက် အဲလက်ရန်ဇီက အခုထွက်လာတဲ့ အထောက်အထားတွေကပြောနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ "လူစုလူဝေးနေရာ၊ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာကူးစက်နိုင်တယ် ဆိုတာကို စဉ်းစားတဲ့အထဲကနေ ဖယ်ထုတ်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

--------------------------------------------------
အပြောင်းအလဲဖြစ်ပြီလား

အင်မိုဂန် ဖောက်

ဘီဘီစီ သတင်း၊ ဂျနီဗာ

လပေါင်းများစွာ WHOက အခိုင်အမာ ပြောနေခဲ့တာကတော့ ကိုဗစ် - ၁၉ ဟာ ပိုးရှိတဲ့လူတွေက နှာချေလို့၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အရည်စက်လေးတွေမှာ ပါလာပြီး အဲဒီကနေ ကူးစက်ပြန့်ပွားတာလို့ ဆိုနေတာပါ။

အဲဒီအရည်စက်လေးတွေဟာ လေထဲမှာ လွင့်မျောပြီး ပါမသွားနိုင်ပါဘူး။ အနီးအနားနဲ့ အောက်က မျက်နှာပြင်တခုခု ပေါ်ကျမယ်၊ အဲဒါကို (ကိုယ့်လက်နဲ့) ထိတွေ့မိပြီး အဲဒီက တဆင့် ကိုယ့်ရဲ့ မျက်စိ တို့၊ ပါးစပ်တို့၊ နှာခေါင်းတို့ထဲ ရောက်လာရင်ရောဂါကူးမယ်၊ ဆိုတော့ လက်ခဏ ခဏ ဆေးဖို့က အဓိကပဲလို့ ကာကွယ်ရေးနည်းလမ်း အဖြစ် သူတို့ ညွှန်ကြားလာခဲ့တာပါ။

ဒါပေမဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ယောက်က သဘောမတူကြပါဘူး။

သူတို့ပြောတာက ဒီဗိုင်းရပ်စ်ဟာ လေထဲကတဆင့် ပျံ့နိုင်တယ်ဆိုတာပါ၊ ပိုးရှိတဲ့လူတွေ စကားပြောလို့၊ လေရှူထုတ်လိုက်လို့ ထွက်လာတဲ့ပိုးဟာ နာရီပေါင်းများစွာ လေထဲမှာ မျောပါရှိနေနိုင်ပြီး အဲဒီ ကနေ တခြားလူကို ကူးစက်နိုင်တယ်လို့ ပြောနေတာပါ။

ဒီနေ့မှာတော့ အခန်းလုံတဲ့နေရာတွေ၊ လူထူတဲ့နေရာတွေမှာ ဒီလို ကူးစက်တယ်ဆိုတာကဖြစ်နိုင်ကြောင်း ညွှန်းဆိုနေတဲ့ အခုအထောက်အထားတွေရှိတယ် ဆိုတာကို WHO က ဝန်ခံလိုက်တာပါ။

ဒီအထောက်အထားတွေကို သေသေချာချာ သုံးသပ်ဆန်းစစ်ကြရဦးမှာပါ၊ ဒါပေမဲ့ ဒါတွေ တကယ်မှန်တယ်ဆိုရင်တော့ ဗိုင်းရပ်စ်မပြန့်ပွားရေးတားဆီးဖို့ အကြံပြုလမ်းညွှန်ချက်တွေလည်း ပြောင်းသွားမှာဖြစ်သလို၊ နှာခေါင်းစည်းတွေ အကျယ်အပြန့်သုံးရမှာ၊ အထူးသဖြင့် စားသောက်ဆိုင်တွေ၊ အများပြည်သူသုံးခရီးသွားယာဉ်တွေမှာ လူတွေခပ်ခွာခွာနေဖို့ ပိုပြီးအလေးထားရမှာတွေ ဖြစ်လာနိုင်ပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္က ေလထဲကေန မကူးဘူးလို႔ မဆိုႏိုင္ေၾကာင္း WHO ေျပာ

ကို႐ိုနာဗိုင္းရပ္စ္က ေလထဲမွာ ပါလာကာ ကူးစက္ႏိုင္တယ္ဆိုတာကို သက္ေသျပထားတဲ့ အေထာက္အထားေတြ ထြက္ေပၚလာေနတာကို ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က အသိအမွတ္ျပဳလိုက္ပါတယ္။

လူအုပ္စုျဖစ္ေနတဲ့ေနရာေတြ၊ လုံတဲ့အခန္းေတြ ဒါမွမဟုတ္ ေလဝင္ေလထြက္ မေကာင္းတဲ့ေနရာေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ဟာ ေလကတဆင့္ မကူးစက္ႏိုင္ဘူးလို႔ ေျပာလို႔မရႏိုင္ေၾကာင္း WHO အရာရွိတေယာက္က ေျပာပါတယ္။

တကယ္လို႔သာ ဒီအေထာက္အထားေတြကို အတည္ျပဳႏိုင္ရင္ အခန္းအတြင္း၊ အေဆာက္အအုံအတြင္း၊ ေလဝင္ေလထြက္မေကာင္းတဲ့ ေနရာေတြအတြင္းမွာ လိုက္နာရမယ့္ စည္းမ်ဥ္းေတြကို ျပန္လည္ျပင္ဆင္သြားရမွာပါ။

သိပၸံပညာရွင္ ၂၀၀ ေက်ာ္က လက္မွတ္ထိုးၿပီးေပးတဲ့ အိတ္ဖြင့္ေပးစာမွာ WHO ဟာ ဒီဗိုင္းရပ္စ္ ေလထဲကေန ကူးႏိုင္တယ္ ဆိုတဲ့အခ်က္ကို ေလွ်ာ့တြက္ထားတယ္လို႔ စြပ္စြဲထားပါတယ္။

အခုေလာေလာဆယ္အခ်ိန္အထိ WHO က ဒီဗိုင္းရပ္စ္ဟာ လူေတြ ႏွာေခ်လို႔၊ ေခ်ာင္းဆိုးလို႔ ထြက္လာတဲ့ အရည္အစက္အမႈန္ေလးေတြက တဆင့္သာ ကူးႏိုင္တာလို႔ ေျပာထားတာပါ။

အိတ္ဖြင့္ေပးစာကို လက္မွတ္ထိုးခဲ့တဲ့ ပညာရွင္ေတြထဲက တေယာက္ျဖစ္တဲ့ ေကာ္လိုရာဒို တကၠသိုလ္က ဓာတုေဗဒပညာရွင္ ဂ်ိဳေဆး ဂ်မန္နက္ဇ္ က "ကြၽန္ေတာ္တို႔အေနနဲ႔ ဒီအေထာက္အထားကို သူတို႔ (WHO) က အသိအမွတ္ျပဳလက္ခံေစခ်င္တယ္" လို႔ ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။

"ဒါဟာ WHO ကို တိုက္ခိုက္တာ လုံးဝမဟုတ္ပါဘူး၊ ဒါက သိပၸံဆိုင္ရာ ေဆြးေႏြးျငင္းခုံမႈပါ၊ ဒါေပမဲ့ ဒါကို ကြၽန္ေတာ္တို႔က အမ်ားျပည္သူ သိဖို႔လိုၿပီလို႔ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔နဲ႔ အမ်ားႀကီး ေျပာၿပီးေပမဲ့ သူတို႔က အေထာက္အထားေတြကို နားေထာင္ဖို႔ ျငင္းေနၾကလို႔ပါ" လို႔လည္း သူက ေျပာပါတယ္။

ေဟာင္ေကာင္ တကၠသိုလ္က ပါေမာကၡ ဘန္ဂ်မင္ ေကာလင္းကလည္း ဒီစာကို လက္မွတ္ထိုးခဲ့တဲ့ ပညာရွင္တေယာက္ျဖစ္ၿပီး ဒီေတြ႕ရွိမႈက အေရးပါၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့ ေနရာေတြမွာ အကာအကြယ္က ဘာအေကာင္းဆုံးျဖစ္မလဲဆိုတာကို စဥ္းစားသင့္ၿပီလို႔ ဆိုသလို

လူေတြၾကားထဲမွာလည္း အေလးဂ႐ုျပဳဖို႔လိုတယ္လို႔ ဆိုပါတယ္။

"ရပ္႐ြာအသိုင္းအဝိုင္းထဲမွာ၊ ဆိုပါေတာ့ ေလထဲကပါလာတဲ့ အလြန္ေသးငယ္ၿပီး (မ်က္စိနဲ႔မျမင္ႏိုင္တဲ့) အမႈန္အမႊားေလးထဲမွာ ဒီဗိုင္းရပ္စ္က ပါလာၿပီးကူးစက္ႏိုင္တယ္လို႔ စဥ္းစားရၿပီဆိုရင္၊ လူစုလူေဝးလုပ္တဲ့ေနရာေတြကေန မကူးစက္ေအာင္၊ လူေတြ နီးနီးကပ္ကပ္ ၾကာၾကာေနတာကေန မကူးစက္ေအာင္၊ ေလဝင္ေလထြက္မေကာင္းတဲ့ ေနရာေတြကေန မကူးစက္ေအာင္၊ လူမ်ားမ်ားကို အလ်င္အျမန္ ပိုးကူးစက္ျပန႔္ပြားသြားတာေတြ မျဖစ္ေအာင္ စတာေတြကို ဘယ္လိုလုပ္ကာကြယ္ၾကမလဲ ဆိုတာေတြကို စဥ္းစားရေတာ့မွာပါ" လို႔ သူက ဘီဘီစီကို ေျပာပါတယ္။

WHO အရာရွိေတြကေတာ့ အေထာက္အထားေတြဟာ အစပ်ိဳးပဏာမအေျခအေနမွာသာ ရွိေသးေၾကာင္းေျပာၿပီး ေနာက္ထပ္ ဆန္းစစ္တာေတြ လုပ္ရဦးမယ္လို႔ သတိထားၿပီး ေျပာပါတယ္။

WHO ေရာဂါကာကြယ္ေရးနဲ႔ထိန္းခ်ဳပ္ေရးဆိုင္ရာ နည္းပညာပိုင္း ဦးေဆာင္ အရာရွိ ဘန္နဒက္ အဲလက္ရန္ဇီက အခုထြက္လာတဲ့ အေထာက္အထားေတြကေျပာေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ "လူစုလူေဝးေနရာ၊ ေလဝင္ေလထြက္မေကာင္းတဲ့ ေနရာေတြမွာကူးစက္ႏိုင္တယ္ ဆိုတာကို စဥ္းစားတဲ့အထဲကေန ဖယ္ထုတ္မွာ မဟုတ္ပါဘူး" လို႔ ေျပာပါတယ္။

--------------------------------------------------
အေျပာင္းအလဲျဖစ္ၿပီလား

အင္မိုဂန္ ေဖာက္

ဘီဘီစီ သတင္း၊ ဂ်နီဗာ

လေပါင္းမ်ားစြာ WHOက အခိုင္အမာ ေျပာေနခဲ့တာကေတာ့ ကိုဗစ္ - ၁၉ ဟာ ပိုးရွိတဲ့လူေတြက ႏွာေခ်လို႔၊ ေခ်ာင္းဆိုးလို႔ ထြက္လာတဲ့ အရည္စက္ေလးေတြမွာ ပါလာၿပီး အဲဒီကေန ကူးစက္ျပန႔္ပြားတာလို႔ ဆိုေနတာပါ။

အဲဒီအရည္စက္ေလးေတြဟာ ေလထဲမွာ လြင့္ေမ်ာၿပီး ပါမသြားႏိုင္ပါဘူး။ အနီးအနားနဲ႔ ေအာက္က မ်က္ႏွာျပင္တခုခု ေပၚက်မယ္၊ အဲဒါကို (ကိုယ့္လက္နဲ႔) ထိေတြ႕မိၿပီး အဲဒီက တဆင့္ ကိုယ့္ရဲ႕ မ်က္စိ တို႔၊ ပါးစပ္တို႔၊ ႏွာေခါင္းတို႔ထဲ ေရာက္လာရင္ေရာဂါကူးမယ္၊ ဆိုေတာ့ လက္ခဏ ခဏ ေဆးဖို႔က အဓိကပဲလို႔ ကာကြယ္ေရးနည္းလမ္း အျဖစ္ သူတို႔ ၫႊန္ၾကားလာခဲ့တာပါ။

ဒါေပမဲ့ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံက သိပၸံပညာရွင္ ၂၃၉ ေယာက္က သေဘာမတူၾကပါဘူး။

သူတို႔ေျပာတာက ဒီဗိုင္းရပ္စ္ဟာ ေလထဲကတဆင့္ ပ်ံ႕ႏိုင္တယ္ဆိုတာပါ၊ ပိုးရွိတဲ့လူေတြ စကားေျပာလို႔၊ ေလရႉထုတ္လိုက္လို႔ ထြက္လာတဲ့ပိုးဟာ နာရီေပါင္းမ်ားစြာ ေလထဲမွာ ေမ်ာပါရွိေနႏိုင္ၿပီး အဲဒီ ကေန တျခားလူကို ကူးစက္ႏိုင္တယ္လို႔ ေျပာေနတာပါ။

ဒီေန႔မွာေတာ့ အခန္းလုံတဲ့ေနရာေတြ၊ လူထူတဲ့ေနရာေတြမွာ ဒီလို ကူးစက္တယ္ဆိုတာကျဖစ္ႏိုင္ေၾကာင္း ၫႊန္းဆိုေနတဲ့ အခုအေထာက္အထားေတြရွိတယ္ ဆိုတာကို WHO က ဝန္ခံလိုက္တာပါ။

ဒီအေထာက္အထားေတြကို ေသေသခ်ာခ်ာ သုံးသပ္ဆန္းစစ္ၾကရဦးမွာပါ၊ ဒါေပမဲ့ ဒါေတြ တကယ္မွန္တယ္ဆိုရင္ေတာ့ ဗိုင္းရပ္စ္မျပန႔္ပြားေရးတားဆီးဖို႔ အႀကံျပဳလမ္းၫႊန္ခ်က္ေတြလည္း ေျပာင္းသြားမွာျဖစ္သလို၊ ႏွာေခါင္းစည္းေတြ အက်ယ္အျပန႔္သုံးရမွာ၊ အထူးသျဖင့္ စားေသာက္ဆိုင္ေတြ၊ အမ်ားျပည္သူသုံးခရီးသြားယာဥ္ေတြမွာ လူေတြခပ္ခြာခြာေနဖို႔ ပိုၿပီးအေလးထားရမွာေတြ ျဖစ္လာႏိုင္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53334583
ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေ မကူးဘူးလို့ မဆိုနိုင်ကြောင်း WHO ပြော ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေ မကူးဘူးလို့ မဆိုနိုင်ကြောင်း WHO ပြော Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.