ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးနေတာတွေ့ရှိ

SEOUL မြို့ရဲ့ မြို့တော်ဝန် PARK WON-SOON
(Unicode)⤵⤵⤵
ကြာသပတေးနေ့က တောင်ကိုရီးယားနိုင်ငံ မြို့တော် SEOUL မြို့ရဲ့ မြို့တော်ဝန် PARK WON-SOON ပျောက်ဆုံးနေကြောင်း သမီးဖြစ်သူက တိုင်တန်းခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ မြို့တော်ဝန် သေဆုံးနေတာကို သောကြာနေ့မှာတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား YONHAP သတင်းဌာနက ပြောပါတယ်။

ညဉ့်နက်အချိန်အထိ ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး မြို့တော်ဝန် PARKကို SEOUL မြို့တော် မြောက်ပိုင်း MT BUGAKတောင်ပေါ်မှာ သူ့ရဲ့ မိုဘိုင်းဖုန်း အချက်ပြချက်ကို နောက်ဆုံးခြေရာခံမိတဲ့ နေရာအနီးတဝိုက်မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ SEOUL မြို့တော်ရဲတပ်ဖွဲ့ကို ကိုးကားပြီး YONHAP သတင်းဌာနက ပြောပါတယ်။

PARK ပျောက်ဆုံးနေကြောင်း သမီးဖြစ်သူက ညနေ ၅ နာရီ ၁၇ မိနစ်မှာလာရောက်တိုင်တန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပြီး သူ့ရဲ့ လက်ကိုင်ဖုန်းလည်းပိတ်ထားသလို သေတမ်းစာသဘောမျိုး စာတစောင်ကိုလည်း ရေးသားထားခဲ့တယ်လို့ ပြောပါတယ်။

လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ SEOUL မြို့ရဲ့ မြို့တော်ဝန် အဖြစ် ၁၀ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ PARK ဟာ ဩဇာကြီးတဲ့ နိုင်ငံရေးသမားတယောက်ဖြစ်သလို လတ်တလော ကိုရိုနာဗိုင်းရပ်စ် အရေး ကိုင်တွယ်ပုံဆောင်ရွက်ပုံမှာလည်း အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ကို လာမယ့် ၂၀၂၂ သမ္မတ ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေအတွက် အလားအလာရှိတဲ့ သမ္မတ လောင်း တဦး အဖြစ်လည်း မျှော်မှန်းထားကြတာပါ။

သူပျောက်ဆုံးခဲ့တဲ့ မနေ့ ကြာသပတေးနေ့က ရာနဲ့ ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒရုန်းယာဉ်တွေနဲ့ ခွေးတွေကို အသုံးပြုပြီး ရှာဖွေခဲ့ကြ တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းက မူဝါဒပိုင်းဆိုင်ရာအစည်းအဝေးတစ်ခုကို ဖျက်ပြီး ကျောပိုး အိတ်တလုံးနဲ့ အမဲရောင်ဉီးထုပ်ကို ဝတ်ဆင်ပြီး မြို့တော်ဝန် PARK ဟာ သူနေထိုင်ရာအိမ်ကနေ မနက် ၁၀ နာရီ ၄၀ လောက်က ထွက်သွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

PARK ဟာ SEOUL မြို့တော်ဝန် အဖြစ် ၂၀၁၁ ခုနှစ်ကစပြီးတာဝန်ထမ်းခဲ့တာဖြစ်ပါတယ်။ သမ္မတဟောင်း PARK GEUN-HYE ကို ရာထူးကဖြုတ်ချနိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲကြီးမှာ အဓိကနေရာက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
----------------------------------
(Zawgyi)⤵⤵⤵
ေပ်ာက္ေနတဲ့ ဆိုးလ္ၿမိဳ႕ေတာ္ဝန္ ေသဆုံးေနတာေတြ႕ရွိ

ၾကာသပေတးေန႔က ေတာင္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ SEOUL ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ PARK WON-SOON ေပ်ာက္ဆုံးေနေၾကာင္း သမီးျဖစ္သူက တိုင္တန္းခဲ့တဲ့ အတြက္ ရဲတပ္ဖြဲ႕က အပူတျပင္းရွာေဖြမႈေတြ ျပဳလုပ္ၿပီးတဲ့ေနာက္မွာ ၿမိဳ႕ေတာ္ဝန္ ေသဆုံးေနတာကို ေသာၾကာေန႔မွာေတြ႕ရွိခဲ့ေၾကာင္း ေတာင္ကိုရီးယား YONHAP သတင္းဌာနက ေျပာပါတယ္။

ညဥ့္နက္အခ်ိန္အထိ ရွာေဖြမႈေတြျပဳလုပ္ခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္ PARKကို SEOUL ၿမိဳ႕ေတာ္ ေျမာက္ပိုင္း MT BUGAKေတာင္ေပၚမွာ သူ႔ရဲ႕ မိုဘိုင္းဖုန္း အခ်က္ျပခ်က္ကို ေနာက္ဆုံးေျခရာခံမိတဲ့ ေနရာအနီးတဝိုက္မွာ ရွာေဖြေတြ႕ရွိခဲ့တာလို႔ SEOUL ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕ကို ကိုးကားၿပီး YONHAP သတင္းဌာနက ေျပာပါတယ္။

PARK ေပ်ာက္ဆုံးေနေၾကာင္း သမီးျဖစ္သူက ညေန ၅ နာရီ ၁၇ မိနစ္မွာလာေရာက္တိုင္တန္းခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားၿပီး သူ႔ရဲ႕ လက္ကိုင္ဖုန္းလည္းပိတ္ထားသလို ေသတမ္းစာသေဘာမ်ိဳး စာတေစာင္ကိုလည္း ေရးသားထားခဲ့တယ္လို႔ ေျပာပါတယ္။

လူဦးေရ ၁၀ သန္းေလာက္ရွိတဲ့ SEOUL ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ အျဖစ္ ၁၀ ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့တဲ့ PARK ဟာ ဩဇာႀကီးတဲ့ ႏိုင္ငံေရးသမားတေယာက္ျဖစ္သလို လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ အေရး ကိုင္တြယ္ပုံေဆာင္႐ြက္ပုံမွာလည္း အေရးႀကီးတဲ့ ေနရာက ပါဝင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူ႔ကို လာမယ့္ ၂၀၂၂ သမၼတ ေ႐ြးေကာက္ပြဲမွာ လစ္ဘရယ္ေတြအတြက္ အလားအလာရွိတဲ့ သမၼတ ေလာင္း တဦး အျဖစ္လည္း ေမွ်ာ္မွန္းထားၾကတာပါ။

သူေပ်ာက္ဆုံးခဲ့တဲ့ မေန႔ ၾကာသပေတးေန႔က ရာနဲ႔ ခ်ီတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြက ဒ႐ုန္းယာဥ္ေတြနဲ႔ ေခြးေတြကို အသုံးျပဳၿပီး ရွာေဖြခဲ့ၾက တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ မေန႔က မနက္ပိုင္းက မူဝါဒပိုင္းဆိုင္ရာအစည္းအေဝးတစ္ခုကို ဖ်က္ၿပီး ေက်ာပိုး အိတ္တလုံးနဲ႔ အမဲေရာင္ဉီးထုပ္ကို ဝတ္ဆင္ၿပီး ၿမိဳ႕ေတာ္ဝန္ PARK ဟာ သူေနထိုင္ရာအိမ္ကေန မနက္ ၁၀ နာရီ ၄၀ ေလာက္က ထြက္သြားခဲ့တာျဖစ္တယ္လို႔ ေဒသတြင္း သတင္းေတြက ေဖာ္ျပပါတယ္။

PARK ဟာ SEOUL ၿမိဳ႕ေတာ္ဝန္ အျဖစ္ ၂၀၁၁ ခုႏွစ္ကစၿပီးတာဝန္ထမ္းခဲ့တာျဖစ္ပါတယ္။ သမၼတေဟာင္း PARK GEUN-HYE ကို ရာထူးကျဖဳတ္ခ်ႏိုင္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဖေယာင္းတိုင္မီးထြန္း ဆႏၵျပပြဲႀကီးမွာ အဓိကေနရာက ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/lost-seoul-mayor-found-dead/5496718.html
ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးနေတာတွေ့ရှိ ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးနေတာတွေ့ရှိ Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.