ကိုရီးယားတွင် မြန်မာလုပ်သားအချင်းချင်း လူသတ်မှု တရားဥပဒေနှင့်အညီ ဆောင်ရွက်မည်


(Unicode)⤵⤵⤵
ကိုရီးယားနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သားအချင်းချင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ကျူးလွန်သူကို တရားဥပဒေနဲ့အညီ အရေးယူဖို့ကိစ္စ စောင့်ကြည့်နေတယ်လို့ ဖူဆန်အလုပ်သမား စင်တာရဲ့ မြန်မာတာဝန်ခံ ကိုတိုးသူရက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ နာရေးကိစ္စ စီစဉ်နေပြီး အသက်အာမခံ နဲ့ လစာရပိုင်ခွင့်တွေကိုလည်း ဆောင်ရွက်ပေးဖို့ ရှိနေတယ်လို့ ကိုတိုးသူရက ဆိုပါတယ်။

အမှုဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် (၇) ရက်က ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့၊ ဂျူဒုံလီအရပ်ဒေသ ပန်းငရုတ်စိုက်ပျိုးတဲ့ ဘီဘာလ်ဒီအမည်ရှိ စိုက်ပျိုးရေးလုပ်ငန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သားအချင်းချင်း လုပ်ငန်းခွင်အတွင်း စကားများရာကနေ ဓားနဲ့ထိုးခဲ့တာကြောင့် တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်ကို ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ဝေယံထက်ဝင်း / ဓာတ်ပုံ-Yan Naing Htun Thi(Fb) - One News Myanmar
----------------------------------------
(Zawgyi)⤵⤵⤵





https://www.facebook.com/onenewsmyan
ကိုရီးယားတွင် မြန်မာလုပ်သားအချင်းချင်း လူသတ်မှု တရားဥပဒေနှင့်အညီ ဆောင်ရွက်မည် ကိုရီးယားတွင် မြန်မာလုပ်သားအချင်းချင်း လူသတ်မှု တရားဥပဒေနှင့်အညီ  ဆောင်ရွက်မည် Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.