ကိုဗစ်အကြပ်အတည်း လုပ်ငန်းရှင်တွေအတွက် နောက်ထပ်ချေးငွေ အတိုးနှုန်း ၁%နဲ့ ပေးဖို့ NLD အစိုးရ စီစဉ်

ကိုဗစ်အကြပ်အတည်း လုပ်ငန်းရှင်တွေအတွက် နောက်ထပ်ချေးငွေ အတိုးနှုန်း ၁%နဲ့ ပေးဖို့ NLD အစိုးရ စီစဉ်
(Unicode)⤵⤵⤵
COVID-19 ကြောင့်ရပ်တန့်သွားတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ကုစားဖို့ အစိုးရက နောက်ထပ်ချေးငွေတွေ မကြာခင် ထပ်ချပေးဖို့ရှိပါတယ်။ လိုအပ်လာတဲ့ ဘဏ္ဍာငွေအတွက် နိုင်ငံတကာ အစိုးရတွေအဖွဲ့အစည်းတွေဆီကနေငွေချေးထားတာမို့၊စီးပွားရေး ပြန်လည်ကုစားရေးမှာ အစိုးရက ဘယ်စီးပွားရေး လုပ်ငန်းတွေကို အဓိက တွန်းအားပေးသွားဖို့ ရှိပါလဲ။ အပြည့်အစုံကို ကိုဇော်ထက် တင်ပြပေးမှာပါ။

COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှု ပြန်လည်ကုစားရေးကော်မတီကနေ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို နောက်ထပ်ချေးငွေတွေ ထပ်ချေးသွားဖို့ရှိတယ်လို့ ကော်မတီရဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဒီကနေ့ မီဒီယာတွေကို ပြောလိုက်ပါတယ်။

“ ချေးငွေတွေ ထပ်ထုတ်ပေးသွားဖို့ရှိပါတယ်။ ထပ်ထုတ်ပေးမယ့် အပိုင်းမှာလည်း အတိုးနှုန်းလည်း မပြောင်းပါဘူး။၁ % နဲ့ပဲ ဆက်ထုတ်ပေးသွားပါမယ်။ နောက်ချေးငွေ လျှောက်လွှာအသစ်တွေလည်း ခေါ်ယူဖို့ရှိတယ်။ ရက်အတိအကျ မဆုံးဖြတ်ရသေးတော့ ပြောလို့မရဘူး။ မကြာခင် ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ပေးပါမယ်။”

စီးပွားရေးပြန်လည်ကုစားဖို့အတွက် အစိုးရက ကော်မတီဖွဲ့ပြီး ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးနေတာ ( ၆) ကြိမ်မြောက်ရှိပါပြီ။

ဦးစားပေးအနေနဲ့ လက်ခစားအထည်ချုပ် CMP လုပ်ငန်းတွေကို ဦးစားပေးချေးပါတယ်။ အဲဒီနောက် ဟိုတယ်နဲ့ ခရီးသွားနဲ့ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းရှင်တွေ၊ အားလုံးစုစုပေါင်း ၈၆ ဘီလီယံ ထုတ်ချေးထားပါတယ်။

ချေးငွေ စချပေးတဲ့အချိန်မှာ အရေးပေါ်လိုအပ်တဲ့ငွေကို လူမှုဝန်ထမ်းရန်ပုံငွေကနေ ကျပ်ငွေဘီလီယံ ၅၀၊ စီမံဘဏ္ဍာဝန်ကြီးဌာနကနေ ကျပ်ငွေဘီလီယံ ၅၀ စုစုပေါင်း ဘီလီယံ ၁၀၀ မတည်ပြီး ချေးငွေစပေးခဲ့ပါတယ်။ အခု စီမံဘဏ္ဍာဝန်ကြီးဌာနကနေ နောက်ထပ် ကျပ်ငွေ ဘီလီယံ ၁၀၀ ထပ်ချပေးမှာဖြစ်လို့ လူမှုဝန်ထမ်းရန်ပုံငွေ ဘီလီယံ ၅၀ကို ပြန်ပေးဖို့ဆုံးဖြတ်ထားပြီး ကျန်တဲ့ငွေကို ချေးငွေဆက်ချပေးမယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

စီးပွားရေးကုစားရေးတွက် လိုအပ်လာတဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၅၀ အတိုးနှုန်းနည်းနည်းနဲ့ ချေးထားရပါတယ်။ ချေးငွေကိစ္စနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားခဲ့တာပါ။

“ စီးပွားရေး ကုစားမှုတွေမှာလိုတဲ့ ငွေကြေးကိစ္စတွေရှိတယ်။ ဒီအတွက် ဂျပန်နိုင်ငံက ယန်း ၃၀ ဘီလီယံ ပေးထားပါတယ်။ ဘက်ဂျက် support ပါ။ ဘက်ဂျက်ထဲကို တိုက်ရိုက်ထည့်တာ။ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၇၀၀၊ ADB က သန်း ၃၀ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်က စုစုပေါင်း သန်း၂၅၀ ဖြစ်ပါတယ်။ ပြောချင်တာက အတိုးနှုန်း အင်မတန်သက်သာတဲ့ချေးငွေ ကျနော်တို့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၅၀ ကျနော်တို့ ရယူဆောင်ရွက် ထားပါတယ်။”

အစိုးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ကျန်းမာရေးသုံးပစ္စည်းတွေ၊ လယ်ယာ သားငါး၊ စက်မှုဇုံတွေအသစ်ထပ်ဖော်ဖို့နဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံး စီးပွားရေးလုပ်ငန်းတွေ ဒါတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရင် အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံလောက် အခုနှစ်ထဲ ခွင့်ပြုထားတယ်လို့ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကတော့ ၈၇ ခုရှိပြီး မြန်မာကျပ်ငွေ ၁.၃၇ ထရစ်လီယံ ( သန်း ၁၃၇၀) ရှိပါတယ်။

NLD အစိုးရလက်ထက်မှာ စင်္ကာပူနိုင်ငံက အများဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကတော့ဒေါ်လာ ၁၈ ဘီလီယံနဲ့ အဆင့် ၂ ဖြစ်ပြီးအထွေထွေကဏ္ဍနဲ့အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္အၾကပ္အတည္း လုပ္ငန္းရွင္ေတြအတြက္ ေနာက္ထပ္ေခ်းေငြ အတိုးႏႈန္း ၁%နဲ႔ ေပးဖို႔ NLD အစိုးရ စီစဥ္

COVID-19 ေၾကာင့္ရပ္တန႔္သြားတဲ့ ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြ ျပန္လည္ကုစားဖို႔ အစိုးရက ေနာက္ထပ္ေခ်းေငြေတြ မၾကာခင္ ထပ္ခ်ေပးဖို႔ရွိပါတယ္။ လိုအပ္လာတဲ့ ဘ႑ာေငြအတြက္ ႏိုင္ငံတကာ အစိုးရေတြအဖြဲ႕အစည္းေတြဆီကေနေငြေခ်းထားတာမို႔၊စီးပြားေရး ျပန္လည္ကုစားေရးမွာ အစိုးရက ဘယ္စီးပြားေရး လုပ္ငန္းေတြကို အဓိက တြန္းအားေပးသြားဖို႔ ရွိပါလဲ။ အျပည့္အစုံကို ကိုေဇာ္ထက္ တင္ျပေပးမွာပါ။

COVID-19 ေၾကာင့္ စီးပြားေရးသက္ေရာက္မႈ ျပန္လည္ကုစားေရးေကာ္မတီကေန ျပည္တြင္း စီးပြားေရးလုပ္ငန္းေတြကို ေနာက္ထပ္ေခ်းေငြေတြ ထပ္ေခ်းသြားဖို႔ရွိတယ္လို႔ ေကာ္မတီရဲ႕ အတြင္းေရးမႉး ဦးေအာင္ႏိုင္ဦးက ဒီကေန႔ မီဒီယာေတြကို ေျပာလိုက္ပါတယ္။

“ ေခ်းေငြေတြ ထပ္ထုတ္ေပးသြားဖို႔ရွိပါတယ္။ ထပ္ထုတ္ေပးမယ့္ အပိုင္းမွာလည္း အတိုးႏႈန္းလည္း မေျပာင္းပါဘူး။၁ % နဲ႔ပဲ ဆက္ထုတ္ေပးသြားပါမယ္။ ေနာက္ေခ်းေငြ ေလွ်ာက္လႊာအသစ္ေတြလည္း ေခၚယူဖို႔ရွိတယ္။ ရက္အတိအက် မဆုံးျဖတ္ရေသးေတာ့ ေျပာလို႔မရဘူး။ မၾကာခင္ ရက္ပိုင္းအတြင္းမွာ ထုတ္ျပန္ေပးပါမယ္။”

စီးပြားေရးျပန္လည္ကုစားဖို႔အတြက္ အစိုးရက ေကာ္မတီဖြဲ႕ၿပီး ျပည္တြင္းက စီးပြားေရးလုပ္ငန္းေတြကို ေခ်းေငြထုတ္ေပးေနတာ ( ၆) ႀကိမ္ေျမာက္ရွိပါၿပီ။

ဦးစားေပးအေနနဲ႔ လက္ခစားအထည္ခ်ဳပ္ CMP လုပ္ငန္းေတြကို ဦးစားေပးေခ်းပါတယ္။ အဲဒီေနာက္ ဟိုတယ္နဲ႔ ခရီးသြားနဲ႔ အေသးစားစက္မႈ၊ လက္မႈ လုပ္ငန္းရွင္ေတြ၊ အားလုံးစုစုေပါင္း ၈၆ ဘီလီယံ ထုတ္ေခ်းထားပါတယ္။

ေခ်းေငြ စခ်ေပးတဲ့အခ်ိန္မွာ အေရးေပၚလိုအပ္တဲ့ေငြကို လူမႈဝန္ထမ္းရန္ပုံေငြကေန က်ပ္ေငြဘီလီယံ ၅၀၊ စီမံဘ႑ာဝန္ႀကီးဌာနကေန က်ပ္ေငြဘီလီယံ ၅၀ စုစုေပါင္း ဘီလီယံ ၁၀၀ မတည္ၿပီး ေခ်းေငြစေပးခဲ့ပါတယ္။ အခု စီမံဘ႑ာဝန္ႀကီးဌာနကေန ေနာက္ထပ္ က်ပ္ေငြ ဘီလီယံ ၁၀၀ ထပ္ခ်ေပးမွာျဖစ္လို႔ လူမႈဝန္ထမ္းရန္ပုံေငြ ဘီလီယံ ၅၀ကို ျပန္ေပးဖို႔ဆုံးျဖတ္ထားၿပီး က်န္တဲ့ေငြကို ေခ်းေငြဆက္ခ်ေပးမယ္လို႔ ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

စီးပြားေရးကုစားေရးတြက္ လိုအပ္လာတဲ့ ႏိုင္ငံေတာ္ဘ႑ာေငြကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြကေန အေမရိကန္ေဒၚလာ သန္းေပါင္း ၁၂၅၀ အတိုးႏႈန္းနည္းနည္းနဲ႔ ေခ်းထားရပါတယ္။ ေခ်းေငြကိစၥနဲ႔ပတ္သက္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြား ဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္က ဒီကေန႔ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာသြားခဲ့တာပါ။

“ စီးပြားေရး ကုစားမႈေတြမွာလိုတဲ့ ေငြေၾကးကိစၥေတြရွိတယ္။ ဒီအတြက္ ဂ်ပန္ႏိုင္ငံက ယန္း ၃၀ ဘီလီယံ ေပးထားပါတယ္။ ဘက္ဂ်က္ support ပါ။ ဘက္ဂ်က္ထဲကို တိုက္႐ိုက္ထည့္တာ။ IMF ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕က အေမရိကန္ေဒၚလာ သန္း ၇၀၀၊ ADB က သန္း ၃၀ ျဖစ္ပါတယ္။ ကမာၻ႔ဘဏ္က စုစုေပါင္း သန္း၂၅၀ ျဖစ္ပါတယ္။ ေျပာခ်င္တာက အတိုးႏႈန္း အင္မတန္သက္သာတဲ့ေခ်းေငြ က်ေနာ္တို႔ စုစုေပါင္း အေမရိကန္ေဒၚလာ သန္းေပါင္း ၁၂၅၀ က်ေနာ္တို႔ ရယူေဆာင္႐ြက္ ထားပါတယ္။”

အစိုးအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ က်န္းမာေရးသုံးပစၥည္းေတြ၊ လယ္ယာ သားငါး၊ စက္မႈဇုံေတြအသစ္ထပ္ေဖာ္ဖို႔နဲ႔ ဒစ္ဂ်စ္တယ္နည္းပညာသုံး စီးပြားေရးလုပ္ငန္းေတြ ဒါေတြမွာ အဓိက ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ရွိပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဆိုရင္ အေမရိကန္ေဒၚလာ ၄.၃ ဘီလ်ံေလာက္ အခုႏွစ္ထဲ ခြင့္ျပဳထားတယ္လို႔ ရင္ႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီး ဌာနက ေျပာပါတယ္။ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈကေတာ့ ၈၇ ခုရွိၿပီး ျမန္မာက်ပ္ေငြ ၁.၃၇ ထရစ္လီယံ ( သန္း ၁၃၇၀) ရွိပါတယ္။

NLD အစိုးရလက္ထက္မွာ စကၤာပူႏိုင္ငံက အမ်ားဆုံးျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ကေတာ့ေဒၚလာ ၁၈ ဘီလီယံနဲ႔ အဆင့္ ၂ ျဖစ္ၿပီးအေထြေထြက႑နဲ႔အထည္ခ်ဳပ္လုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံထားတာျဖစ္ပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid-19-myanmar-loan-plan-/5476692.html
ကိုဗစ်အကြပ်အတည်း လုပ်ငန်းရှင်တွေအတွက် နောက်ထပ်ချေးငွေ အတိုးနှုန်း ၁%နဲ့ ပေးဖို့ NLD အစိုးရ စီစဉ် ကိုဗစ်အကြပ်အတည်း လုပ်ငန်းရှင်တွေအတွက် နောက်ထပ်ချေးငွေ အတိုးနှုန်း ၁%နဲ့ ပေးဖို့ NLD အစိုးရ စီစဉ် Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.