မြောက်ဦးနဲ့ဘူးသီးတောင်က ဘုရားစေတီတွေမှာ တပ်စခန်းချထားတာမရှိလို့ တပ်မတော်ပြေ

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သင်းကျစ်တောင်ဘုရားကုန်းနဲ့ ဘူးသီးတောင်မြို့နယ်က (၃၁)ဘုံဘုရားတွေမှာ တပ်မတော်က တပ်မတော်ကတပ်စခန်းချထားတာမရှိဘဲ လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် သင်းကျစ်တော်စေတီကုန်းပေါ်မှာ ၂၀၂၀ ခုနှစ် ဇွန်လပိုင်းက တပ်မတော်က တပ်စခန်းချထားတဲ့ ဗီဒီယိုဖိုင်တွေကို ရခိုင့်တပ်တော် AA က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး  ဇွန်လ ၂၃ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ RFA ကမေးမြန်းရာမှာ တပ်မတော်ဘက် သင်းကျစ်တောင်ပေါ်မှာ တပ်စခန်းစွဲထားတာ မဟုတ်ဘဲ ၂၀၁၉ ခုနှစ်က တောင်အောက်က ဘုန်းကြီးကျောင်းမှာ လက်နက်ခဲယမ်းတွေမိချိန်မှာ တက်ပြီး စစ်ဆေးတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

"ပထမဦးဆုံးပြောချင်တာကတော့ တပ်မတော်အနေနဲ့ ဒီဘုရားစေတီတွေပေါ်မှာ နေရာယူထားခြင်းမရှိပါဘူး၊ video file တွေ တက်လာကောင်းတက်လာပါလိမ့်မယ်၊ အဲနေရာတွေမှာ လုံခြုံရေးတွေ တက်ရောက်စစ်ဆေး တာတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ သင်းကျစ်တောင်နဲ့ ပတ်သက်ပြီး ကျွန်နော် ပြောလိုတာကတော့ လွန်ခဲ့ တဲ့နှစ်လောက်က ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ သင်းကျစ်တောင်စေတီအောက်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ လက်နက်တွေခဲယမ်းတွေ ပြီးရင်ကျွန်နော်တို့ စစ်ဝတ်စုံတွေ စားနပ်ရိက္ခာတွေ ဖမ်းဆီးရမိခဲ့တာရှိပါတယ်၊ တရားဝင်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်၊ ဒီသတင်းကိုတော့ ကျွန်နော်လည်း ဘယ်နေ့ကဖြစ်ခဲ့တဲ့ အဖြစ် အပျက်ဆိုတာတော့မရှိပါဘူး၊ အဲနေရာမှာ အခြေပြုနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်နော်တို့ ဒီနယ်နဲ့ပတ် သက်ပြီး လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တပ်စွဲခြင်းမရှိပါဘူး"

သင်းကျစ်တောင်ပေါ်မှာ တပ်စခန်းတွေရှိတာကို သွားရောက်ကြည့်ရှုလို့ မရပေမယ့် တပ်စခန်းရှိတယ်ဆိုတာ ကိုတော့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဆိုတဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေရ တယ်လို့လည်း သူက ပြောပါတယ်။

AA က ဇွန်လ ၂၀ ရက်နေ့မှာ ထပ်ပြီး ထုတ်ပြန်ခဲ့တဲ့ ဘူးသီးတောင် ၃၁ ဘုံဘုရားကုန်းမှာ တပ်မတော်က တပ်စွဲထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို အခုလို ဖြေကြားခဲ့ပါတယ်။

"ဘူးသီးတောင်မှာရှိတဲ့ ၃၁ ဘုံဘုရားက တပ်စခန်းဌာနချုပ်ရဲ့ သိပ်မနီးမဝေးမှာရှိတယ်၊  မြောက်ဘက်မှာ တပ်စခန်းကုန်းရှိပါတယ်၊ အဲဒီ ၃၁ ဘုံဘုရားကုန်းမှာ တပ်စွဲထားတာမရှိပါဘူး၊ ၃၁ ဘုံဘုရားကုန်းရဲ့ အနေ အထားဟာ မြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိတယ်၊ မြစ်ကမ်းဘက်မှာရှိတဲ့ရွာတွေနဲ့ ဟိုဘက်အရှေ့ဘက် တောတောင်တွေရဲ့ ကြားထဲမှာရှိတယ်၊ ဟိုဘက်မှာအမာခံရွာတွေရှိတယ်၊ အဲဒီရွာတွေကို AA အနေနဲ့ သွားတဲ့အခါ ၃၁ ဘုံဘုရားကုန်းက အတားအဆီးတစ်ခုဖြစ်တယ်၊ အဲဒါကြောင့် ၃၁ ဘုံဘုရားကုန်းနဲ့ ပတ်သက်ပြီး တပ်က တပ်စွဲနေတယ်၊ တပ်ကလုပ်နေတယ်ဆိုတာတွေ အော်လာတာကြာပါပြီ"

၃၁ ဘုံဘုရားကုန်းမှာ တပ်စွဲထားတာ ရှိ မရှိ အတိအကျမသိပေမယ့် ဘုရားကုန်းအနီး ရွာမှာတော့ တပ်မတော် ရှိတယ်ဆိုတာ ရွာသားတွေကပြောကြတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ရခိုင့်တပ်တော် AA ကတော့ မြန်မာ့တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်း၊ စေတီပုထိုးနဲ့ သာသနာ့နယ်မြေတွေကို တပ်စခန်းအဖြစ်သုံးနေတယ်လို့ စွပ်စွဲထားပါတယ်။

တိုက်ပွဲအတွင်း သာသနာ့နယ်မြေတွေကို နှစ်ဘက်တပ်တွေ အမှန်တကယ်အသုံးပြုတာ ရှိ မရှိကိုတော့ RFA အနေနဲ့ စုံစမ်းသိရှိရတာမရှိသေးပါဘူး။

တပ်မတော်နဲ့ AA တိုက်ပွဲတွေအကြား တဖက်နဲ့တဖက် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ သတင်းမီဒီယာကို ပြောဆိုဖို့အတွက် အခက်အခဲတွေရှိတယ်လို့ ကိုယ်စား လှယ်တွေက ပြောကြပါတယ်။

နှစ်ဖက်တပ်တွေကတော့ အခုလိုတပ်စွဲတာတွေနဲ့ အရပ်သားပြည်သူ သေဆုံးမှုတွေမှာ နှစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။

RFA Burmese
----------------------------------------

(Zawgyi)⤵⤵⤵
ေျမာက္ဦးနဲ႔ဘူးသီးေတာင္က ဘုရားေစတီေတြမွာ တပ္စခန္းခ်ထားတာမရွိလို႔ တပ္မေတာ္ေျပာ

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ သင္းက်စ္ေတာင္ဘုရားကုန္းနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္က (၃၁)ဘုံဘုရားေတြမွာ တပ္မေတာ္က တပ္မေတာ္ကတပ္စခန္းခ်ထားတာမရွိဘဲ လုံၿခဳံေရးအရ တက္ေရာက္စစ္ေဆးတာျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕  ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ဦးၿမိဳ႕နယ္ သင္းက်စ္ေတာ္ေစတီကုန္းေပၚမွာ ၂၀၂၀ ခုႏွစ္ ဇြန္လပိုင္းက တပ္မေတာ္က တပ္စခန္းခ်ထားတဲ့ ဗီဒီယိုဖိုင္ေတြကို ရခိုင့္တပ္ေတာ္ AA က ဇြန္လ ၁၈ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး  ဇြန္လ ၂၃ ရက္ေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ RFA ကေမးျမန္းရာမွာ တပ္မေတာ္ဘက္ သင္းက်စ္ေတာင္ေပၚမွာ တပ္စခန္းစြဲထားတာ မဟုတ္ဘဲ ၂၀၁၉ ခုႏွစ္က ေတာင္ေအာက္က ဘုန္းႀကီးေက်ာင္းမွာ လက္နက္ခဲယမ္းေတြမိခ်ိန္မွာ တက္ၿပီး စစ္ေဆးတာျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

"ပထမဦးဆုံးေျပာခ်င္တာကေတာ့ တပ္မေတာ္အေနနဲ႔ ဒီဘုရားေစတီေတြေပၚမွာ ေနရာယူထားျခင္းမရွိပါဘူး၊ video file ေတြ တက္လာေကာင္းတက္လာပါလိမ့္မယ္၊ အဲေနရာေတြမွာ လုံၿခဳံေရးေတြ တက္ေရာက္စစ္ေဆး တာေတြ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္၊ သင္းက်စ္ေတာင္နဲ႔ ပတ္သက္ၿပီး ကြၽန္ေနာ္ ေျပာလိုတာကေတာ့ လြန္ခဲ့ တဲ့ႏွစ္ေလာက္က ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္၊ သင္းက်စ္ေတာင္ေစတီေအာက္မွာရွိတဲ့ ဘုန္းႀကီးေက်ာင္းမွာ လက္နက္ေတြခဲယမ္းေတြ ၿပီးရင္ကြၽန္ေနာ္တို႔ စစ္ဝတ္စုံေတြ စားနပ္ရိကၡာေတြ ဖမ္းဆီးရမိခဲ့တာရွိပါတယ္၊ တရားဝင္သတင္းထုတ္ျပန္ၿပီးျဖစ္ပါတယ္၊ ဒီသတင္းကိုေတာ့ ကြၽန္ေနာ္လည္း ဘယ္ေန႔ကျဖစ္ခဲ့တဲ့ အျဖစ္ အပ်က္ဆိုတာေတာ့မရွိပါဘူး၊ အဲေနရာမွာ အေျချပဳေနတဲ့အတြက္ေၾကာင့္မို႔လို႔ ကြၽန္ေနာ္တို႔ ဒီနယ္နဲ႔ပတ္ သက္ၿပီး လုံၿခဳံေရးအရ တက္ေရာက္စစ္ေဆးတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တပ္စြဲျခင္းမရွိပါဘူး"

သင္းက်စ္ေတာင္ေပၚမွာ တပ္စခန္းေတြရွိတာကို သြားေရာက္ၾကည့္ရႈလို႔ မရေပမယ့္ တပ္စခန္းရွိတယ္ဆိုတာ ကိုေတာ့ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရသိရတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

တပ္မေတာ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေျပာဆိုတဲ့ေနရာမွာ ထိန္းထိန္းသိမ္းသိမ္း ေျပာဆိုေနရ တယ္လို႔လည္း သူက ေျပာပါတယ္။

AA က ဇြန္လ ၂၀ ရက္ေန႔မွာ ထပ္ၿပီး ထုတ္ျပန္ခဲ့တဲ့ ဘူးသီးေတာင္ ၃၁ ဘုံဘုရားကုန္းမွာ တပ္မေတာ္က တပ္စြဲထားတယ္ဆိုတဲ့ ဗီဒီယိုဖိုင္နဲ႔ ပတ္သက္လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို အခုလို ေျဖၾကားခဲ့ပါတယ္။

"ဘူးသီးေတာင္မွာရွိတဲ့ ၃၁ ဘုံဘုရားက တပ္စခန္းဌာနခ်ဳပ္ရဲ႕ သိပ္မနီးမေဝးမွာရွိတယ္၊  ေျမာက္ဘက္မွာ တပ္စခန္းကုန္းရွိပါတယ္၊ အဲဒီ ၃၁ ဘုံဘုရားကုန္းမွာ တပ္စြဲထားတာမရွိပါဘူး၊ ၃၁ ဘုံဘုရားကုန္းရဲ႕ အေန အထားဟာ ျမစ္ရဲ႕အေရွ႕ဘက္ကမ္းမွာရွိတယ္၊ ျမစ္ကမ္းဘက္မွာရွိတဲ့႐ြာေတြနဲ႔ ဟိုဘက္အေရွ႕ဘက္ ေတာေတာင္ေတြရဲ႕ ၾကားထဲမွာရွိတယ္၊ ဟိုဘက္မွာအမာခံ႐ြာေတြရွိတယ္၊ အဲဒီ႐ြာေတြကို AA အေနနဲ႔ သြားတဲ့အခါ ၃၁ ဘုံဘုရားကုန္းက အတားအဆီးတစ္ခုျဖစ္တယ္၊ အဲဒါေၾကာင့္ ၃၁ ဘုံဘုရားကုန္းနဲ႔ ပတ္သက္ၿပီး တပ္က တပ္စြဲေနတယ္၊ တပ္ကလုပ္ေနတယ္ဆိုတာေတြ ေအာ္လာတာၾကာပါၿပီ"

၃၁ ဘုံဘုရားကုန္းမွာ တပ္စြဲထားတာ ရွိ မရွိ အတိအက်မသိေပမယ့္ ဘုရားကုန္းအနီး ႐ြာမွာေတာ့ တပ္မေတာ္ ရွိတယ္ဆိုတာ ႐ြာသားေတြကေျပာၾကတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက ေျပာပါတယ္။

ရခိုင့္တပ္ေတာ္ AA ကေတာ့ ျမန္မာ့တပ္မေတာ္ဟာ ရခိုင္ျပည္နယ္မွာရွိတဲ့ စာသင္ေက်ာင္း၊ ေစတီပုထိုးနဲ႔ သာသနာ့နယ္ေျမေတြကို တပ္စခန္းအျဖစ္သုံးေနတယ္လို႔ စြပ္စြဲထားပါတယ္။

တိုက္ပြဲအတြင္း သာသနာ့နယ္ေျမေတြကို ႏွစ္ဘက္တပ္ေတြ အမွန္တကယ္အသုံးျပဳတာ ရွိ မရွိကိုေတာ့ RFA အေနနဲ႔ စုံစမ္းသိရွိရတာမရွိေသးပါဘူး။

တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြအၾကား တဖက္နဲ႔တဖက္ စြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ သတင္းမီဒီယာကို ေျပာဆိုဖို႔အတြက္ အခက္အခဲေတြရွိတယ္လို႔ ကိုယ္စား လွယ္ေတြက ေျပာၾကပါတယ္။

ႏွစ္ဖက္တပ္ေတြကေတာ့ အခုလိုတပ္စြဲတာေတြနဲ႔ အရပ္သားျပည္သူ ေသဆုံးမႈေတြမွာ ႏွစ္ဖက္ အျပန္အလွန္ စြပ္စြဲျပစ္တင္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/army-deny-campe-in-temple-06252020071158.html
မြောက်ဦးနဲ့ဘူးသီးတောင်က ဘုရားစေတီတွေမှာ တပ်စခန်းချထားတာမရှိလို့ တပ်မတော်ပြေ မြောက်ဦးနဲ့ဘူးသီးတောင်က ဘုရားစေတီတွေမှာ တပ်စခန်းချထားတာမရှိလို့ တပ်မတော်ပြေ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.