ရှမ်းပြည်မြောက်ပိုင်းမှာ KIA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်

KIA တပ်ဖွဲ့က တပ်ဖွဲ့ဝင်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၃)
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာစစ်တပ်တို့ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ဒေသခံ ဒုက္ခသည်တွေ လုံခြုံရေးစိုးရိမ်နေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်းက တင်ဆက်ပေးပါမယ်။

ကွတ်ခိုင်မြို့နယ် နောင်ဖန်းကျေးရွာ အနီးမှာ KIO တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဇွန်လ ၁၆ ရက်နေ့ကနေ ဒီမနက်အထိ ၃ ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကာလိုင် ဇွတ်အောင် စစ်ရှောင်စခန်းကော်မီတီအကြံပေးဆရာ နောင်လတ်ကပြောပါတယ်။

“ကွတ်ခိုင်မြို့နယ် နမ့်ဟိုးကျေးရွာအနားမှာပေါ့နော်။ တောအထဲမှာ ဖြစ်တာပါ။ မြန်မာစစ်တပ်နဲ့ ကချင် KIA နဲ့။ ၁၆ ရက်နေ့ညနေဖြစ်တယ်။ ပြီးရင်မနေ့က ၁၇ ရက်နေ့ မနက်ကပြန်ဖြစ်တယ်။ ပြီးရင်ဒီမနက်အစောကပဲ ပြန်ဖြစ်တယ်ပေါ့။"

ကွတ်ခိုင်မြို့နယ်မှာ ဒေသအတွင်အခြေပြုနေတဲ့ KIO အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း KIO ပြောခွင့်ရ ဒုဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“ကွတ်ခိုင်မြို့ဘက်မှာဆိုရင် ကျနော်တို့ KIO ဒီမြန်မာ့တပ်မတော်တွေ တိုက်ပွဲဖြစ်တာဖြစ်စဉ်တွေရှိပါတယ်။ တပ်မတော်ဘက်ကနဲ့ စစ်လှုပ်ရှားလာလို့ ကျနော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပါတယ်။ ၁၆ ရက်နေ့မှာ ဖြစ်တာ။ မနေ့က ဖြစ်တာတော့ မိနစ် ၃၀ လောက်ပဲ ဖြစ်ပါတယ်။ ထိတွေ့ရင်ဆိုင်တာပေါ့။ တပ်မတော်ဘက်ကလည်း စစ်ကြောင်းလို့ ပြောရမှာပေါ့။ တော်တော်များများစုထားတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။ ဆိုတော့ဆက်ပြီးတော့မှလည်း တိုက်ပွဲတော့ဖြစ်နိုင်ချေရှိတယ်လို့ ကျနော်ပြောလိုခြင်းဖြစ်ပါတယ်။”

ဒီမနက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ကာလိုင် ဇွတ်အောင်ဒုက္ခသည်စခန်းမှာ စစ်ပြေးဒုက္ခသည်အဖြစ်နေထိုင်နေသူ ကျေးရွာသား ၅ ဦးကို တပ်မတော်ဘက်က ဖမ်းဆီးသွားခဲ့သလို တောင်ယာစပါးသွားရောက် စိုက်ပျိုးသူရှိသလို ဟင်းသီးဟင်းရွက်ရှာဖွေသူ ရှိနေတာကြောင့် သူတို့တတွေရဲ့ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ စစ်ရှောင်စခန်း ကော်မီတီအကြံပေးဆရာ နောင်လတ်က ပြောပါတယ်။

“ဒီမနက် ဖမ်းသွားတာတော့ လမ်းပြခေါ်ဆောင်သွားတာလို့ပဲ သိရသလောက်ဆိုရင်တော့ ၅ ယောက်လို့တော့ သတင်းကြားနေရတယ်။ တပ်မတော်ကနေခေါ်သွားတာ။ ကျနော်အခုလိုက်လို့ စုံစမ်းနေဆဲပဲ။ တောင်ပေါ်ဘက်မှာ ဒီဟင်းသီးဟင်းရွက်သွားခူးစားဖို့အတွက်ပေါ့နော်။ တချို့က ချောင်းတွေမှာ ငါးတွေသွားဖမ်းကြတဲ့သူ ရှိတယ်။ တချို့ကျတော့ သူတို့တောင်ယာဘာတွေ နည်းနည်းပါးပါးလုပ်တဲ့သူ ရှိတယ်။ အဲတိုက်ပွဲ ရှိနေပြီဆိုရင် အဲဒီသူတို့သွားလာနေတဲ့ အချိန်မှာ ၁၇/၁ ဒီမသင်္ကာမှုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားမှာတို့ နှိပ်စက်မှာတို့ အဲဒီလိုမျိုးစိုးရိမ်နေရတာပေါ့။”

ကွတ်ခိုင်မြို့နယ် ကာလိုင် ဇွတ်အောင် စစ်ပြေးဒုက္ခသည်စခန်းမှာ လူဦးရေ ၁,၀၀၀ ကျော်ရှိနေပြီး ၂၀၁၂ ခုနှစ်တုန်းက KIO နဲ့ မြန်မာစစ်တပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်တုန်းက နောင်ဖန်းရွာ နမ့်ဖူးကျေးရွာ နန့်ပါမုန်းရွာ မန်လီရွာ မန်နား တုန်းခမ်းစတဲ့ရွာ ၂၀ ကျော်က ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေဖြစ်ကြပါတယ်။

ဒီစစ်ပြေးဒုက္ခသည်တွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မေတ္တာဖေါင်ဒေးရှင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကနေ ရိက္ခာကူညီထောက်ပံ့ပေးထားပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း KIO နဲ့ တိုက်ပွဲဖြစ်ပွါးမှုအခြေအနေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာ အခုလိုပြောပါတယ်။

“ကွတ်ခိုင်ဘက်က ကျနော်လည်း မသိဘူး။ မနေ့ကတော့ မိုးကုတ်ဒေသမိုင်းလုံဘက်မှာတော့ ဒီ TNLA နဲ့ ညနေပိုင်း ၅ နာရီ လောက်မှာ ၁၀ မိနစ်လောက်ထိတွေ့မှု ဖြစ်ခဲ့တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။"

လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းပလောင် အဖွဲ့ TNLA ကိုးကန့်တပ်ဖွဲ့ MNDAA တို့က တဘက်သပ်အပစ်ရပ်ကြောင်း အသီးသီးကြေညာထားပေမဲ့ တိုက်ပွဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ပဏမ အပစ်ရပ်လက်မှတ် (Bilateral) ရေးထိုးနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်တို့နဲ့ နှစ်ဘက် ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ လိုလားတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဒီလဆန်းမှာ ပြောဆိုမှုတွေရှိနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာတုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
ရွမ္းျပည္ေျမာက္ပိုင္းမွာ KIA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲျဖစ္

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO နဲ႔ ျမန္မာစစ္တပ္တို႔ ရက္ဆက္တိုက္ပြဲ ျဖစ္ပြားေနၿပီး တိုက္ပြဲေၾကာင့္ ေဒသခံ ဒုကၡသည္ေတြ လုံၿခဳံေရးစိုးရိမ္ေနရတဲ့အေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္းက တင္ဆက္ေပးပါမယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ ေနာင္ဖန္းေက်း႐ြာ အနီးမွာ KIO တပ္ဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔အၾကား ဇြန္လ ၁၆ ရက္ေန႔ကေန ဒီမနက္အထိ ၃ ရက္ဆက္တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ကာလိုင္ ဇြတ္ေအာင္ စစ္ေရွာင္စခန္းေကာ္မီတီအႀကံေပးဆရာ ေနာင္လတ္ကေျပာပါတယ္။

“ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဟိုးေက်း႐ြာအနားမွာေပါ့ေနာ္။ ေတာအထဲမွာ ျဖစ္တာပါ။ ျမန္မာစစ္တပ္နဲ႔ ကခ်င္ KIA နဲ႔။ ၁၆ ရက္ေန႔ညေနျဖစ္တယ္။ ၿပီးရင္မေန႔က ၁၇ ရက္ေန႔ မနက္ကျပန္ျဖစ္တယ္။ ၿပီးရင္ဒီမနက္အေစာကပဲ ျပန္ျဖစ္တယ္ေပါ့။"

ကြတ္ခိုင္ၿမိဳ႕နယ္မွာ ေဒသအတြင္အေျချပဳေနတဲ့ KIO အဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြားေၾကာင္း KIO ေျပာခြင့္ရ ဒုဗိုလ္မႉးႀကီးေနာ္ဘူကေျပာပါတယ္။

“ကြတ္ခိုင္ၿမိဳ႕ဘက္မွာဆိုရင္ က်ေနာ္တို႔ KIO ဒီျမန္မာ့တပ္မေတာ္ေတြ တိုက္ပြဲျဖစ္တာျဖစ္စဥ္ေတြရွိပါတယ္။ တပ္မေတာ္ဘက္ကနဲ႔ စစ္လႈပ္ရွားလာလို႔ က်ေနာ္တို႔ ရင္ဆိုင္တိုက္ပြဲျဖစ္ပါတယ္။ ၁၆ ရက္ေန႔မွာ ျဖစ္တာ။ မေန႔က ျဖစ္တာေတာ့ မိနစ္ ၃၀ ေလာက္ပဲ ျဖစ္ပါတယ္။ ထိေတြ႕ရင္ဆိုင္တာေပါ့။ တပ္မေတာ္ဘက္ကလည္း စစ္ေၾကာင္းလို႔ ေျပာရမွာေပါ့။ ေတာ္ေတာ္မ်ားမ်ားစုထားတယ္လို႔ က်ေနာ္တို႔ စုံစမ္းသိရွိရပါတယ္။ ဆိုေတာ့ဆက္ၿပီးေတာ့မွလည္း တိုက္ပြဲေတာ့ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ က်ေနာ္ေျပာလိုျခင္းျဖစ္ပါတယ္။”

ဒီမနက္တိုက္ပြဲျဖစ္ပြားၿပီးတဲ့ေနာက္မွာ ကာလိုင္ ဇြတ္ေအာင္ဒုကၡသည္စခန္းမွာ စစ္ေျပးဒုကၡသည္အျဖစ္ေနထိုင္ေနသူ ေက်း႐ြာသား ၅ ဦးကို တပ္မေတာ္ဘက္က ဖမ္းဆီးသြားခဲ့သလို ေတာင္ယာစပါးသြားေရာက္ စိုက္ပ်ိဳးသူရွိသလို ဟင္းသီးဟင္း႐ြက္ရွာေဖြသူ ရွိေနတာေၾကာင့္ သူတို႔တေတြရဲ႕ လုံၿခဳံေရးအတြက္စိုးရိမ္ေနရတယ္လို႔ စစ္ေရွာင္စခန္း ေကာ္မီတီအႀကံေပးဆရာ ေနာင္လတ္က ေျပာပါတယ္။

“ဒီမနက္ ဖမ္းသြားတာေတာ့ လမ္းျပေခၚေဆာင္သြားတာလို႔ပဲ သိရသေလာက္ဆိုရင္ေတာ့ ၅ ေယာက္လို႔ေတာ့ သတင္းၾကားေနရတယ္။ တပ္မေတာ္ကေနေခၚသြားတာ။ က်ေနာ္အခုလိုက္လို႔ စုံစမ္းေနဆဲပဲ။ ေတာင္ေပၚဘက္မွာ ဒီဟင္းသီးဟင္း႐ြက္သြားခူးစားဖို႔အတြက္ေပါ့ေနာ္။ တခ်ိဳ႕က ေခ်ာင္းေတြမွာ ငါးေတြသြားဖမ္းၾကတဲ့သူ ရွိတယ္။ တခ်ိဳ႕က်ေတာ့ သူတို႔ေတာင္ယာဘာေတြ နည္းနည္းပါးပါးလုပ္တဲ့သူ ရွိတယ္။ အဲတိုက္ပြဲ ရွိေနၿပီဆိုရင္ အဲဒီသူတို႔သြားလာေနတဲ့ အခ်ိန္မွာ ၁၇/၁ ဒီမသကၤာမႈနဲ႔ ဖမ္းဆီးေခၚေဆာင္သြားမွာတို႔ ႏွိပ္စက္မွာတို႔ အဲဒီလိုမ်ိဳးစိုးရိမ္ေနရတာေပါ့။”

ကြတ္ခိုင္ၿမိဳ႕နယ္ ကာလိုင္ ဇြတ္ေအာင္ စစ္ေျပးဒုကၡသည္စခန္းမွာ လူဦးေရ ၁,၀၀၀ ေက်ာ္ရွိေနၿပီး ၂၀၁၂ ခုႏွစ္တုန္းက KIO နဲ႔ ျမန္မာစစ္တပ္တို႔ တေက်ာ့ျပန္တိုက္ပြဲျဖစ္တုန္းက ေနာင္ဖန္း႐ြာ နမ့္ဖူးေက်း႐ြာ နန႔္ပါမုန္း႐ြာ မန္လီ႐ြာ မန္နား တုန္းခမ္းစတဲ့႐ြာ ၂၀ ေက်ာ္က ထြက္ေျပးတိမ္းေရွာင္လာတဲ့ သူေတြျဖစ္ၾကပါတယ္။

ဒီစစ္ေျပးဒုကၡသည္ေတြအတြက္ WFP ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ ေမတၱာေဖါင္ေဒးရွင္း လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနတို႔ကေန ရိကၡာကူညီေထာက္ပံ့ေပးထားပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း KIO နဲ႔ တိုက္ပြဲျဖစ္ပြါးမႈအေျခအေနကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ရာမွာ အခုလိုေျပာပါတယ္။

“ကြတ္ခိုင္ဘက္က က်ေနာ္လည္း မသိဘူး။ မေန႔ကေတာ့ မိုးကုတ္ေဒသမိုင္းလုံဘက္မွာေတာ့ ဒီ TNLA နဲ႔ ညေနပိုင္း ၅ နာရီ ေလာက္မွာ ၁၀ မိနစ္ေလာက္ထိေတြ႕မႈ ျဖစ္ခဲ့တာရွိတယ္။ ထိခိုက္ဒဏ္ရာရရွိမႈေတာ့ မရွိပါဘူး။"

လက္ရွိရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္နဲ႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ တအာင္းပေလာင္ အဖြဲ႕ TNLA ကိုးကန႔္တပ္ဖြဲ႕ MNDAA တို႔က တဘက္သပ္အပစ္ရပ္ေၾကာင္း အသီးသီးေၾကညာထားေပမဲ့ တိုက္ပြဲေတြကေတာ့ ရွိေနဆဲျဖစ္ပါတယ္။

ပဏမ အပစ္ရပ္လက္မွတ္ (Bilateral) ေရးထိုးႏိုင္ေရးအတြက္ အစိုးရ၊ တပ္မေတာ္တို႔နဲ႔ ႏွစ္ဘက္ ေဆြးေႏြးပြဲေတြကို ျပန္လည္စတင္ဖို႔ လိုလားတယ္လို႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕က ဒီလဆန္းမွာ ေျပာဆိုမႈေတြရွိေနေပမဲ့ တပ္မေတာ္ဘက္ကေတာ့ တစုံတရာတုံ႔ျပန္ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/kia-military/5467581.html
ရှမ်းပြည်မြောက်ပိုင်းမှာ KIA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ် ရှမ်းပြည်မြောက်ပိုင်းမှာ KIA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.