မြန်မာစစ်တပ်အတွင်း စနစ်တကျ ဖြစ်ပွားနေသော အကျိုးစီးပွားပဋိပက္ခနှင့် ဆိုးရွားသော အကျင့်ပျက်ခြစားမှု


(Unicode)⤵⤵⤵
မြန်မာစစ်တပ်အတွင်း စနစ်တကျ ဖြစ်ပွားနေသော အကျိုးစီးပွားပဋိပက္ခနှင့်  ဆိုးရွားသော အကျင့်ပျက်ခြစားမှု
Justice for Myanmar မှ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုလိုက်သည်။

ဇွန်လ ၁၇ ရက်၊ ၂၀၂၀ခုနှစ်။

မြန်မာနိုင်ငံ အများနှင့်သက်ဆိုင်သော မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် (မြန်မာ့စီးပွားရေးဦးပိုင်) မှ ဒါရိုက်တာများ အနေဖြင့် မြန်မာစစ်တပ်တွင် အဓိကကျသော ရာထူးများ ဆက်လက်ရယူထားခြင်းသည်  ကြီးမားသည့် အကျင့်ပျက်ခြစားမှုအန္တရာယ်နှင့် အတူ ဆိုးရွားသည့် အကျိုးစီးပွါး ပဋိပက္ခကို ဖြစ်ပေါ်နေစေပြီး   ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်  အဓိက လိုအပ်ချက်အဖြစ် ဖေါ်ပြလျက်ရှိသည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် မြန်မာစစ်တပ်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်သော အုပ်ချုပ်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ထောက်ပံ့ရေးနှင့် တရားရေးဆိုင်ရာ ကိစ္စရပ်များအား တာဝန်ရှိသည့် ထိပ်တန်းအကြီးအကဲအရာရှိကြီးများက လွှမ်းမိုးထားသည်။ မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာများအနေဖြင့် အမှီအခိုကင်းသော အရပ်ဘက်ဆိုင်ရာ ကြီးကြပ်မှု လုံးဝမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုရာတွင် ပါဝင်ရသည့် စစ်တပ်အတွင်း အဆင့်မြင့် ရာထူးတာဝန်များ* ရယူထားချိန်တွင် ၎င်းတို့၏ စီးပွားရေးဆက်စပ်မှုများမှတဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ်များ ရနေသည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ခင်မောင်သန်းသည် စစ်လက်နက်များအပါအဝင် ပစ္စည်းများ ဝယ်ယူရေးအတွက် တာဝန်ယူဆောင်ရွက်ရသည့် မြန်မာစစ်တပ်၏ တပ်မတော်ပစ္စည်းဝယ်ယူရေးဌာန ညွှန်ကြားရေးမှုးတစ်ဦးလည်း ဖြစ်သည်။

အလားတူပင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဥက္ကဌလည်းဖြစ်၊ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) ၏ နာယကအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော စစ်ထောက်ချုပ်သည် စစ်တပ်တွင် စစ်လက်နက်ပစ္စည်းများအပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ၏ တာဝန်ခံဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်ထောင်စုဘတ်ဂျက်၏ အဓိက အစိပ်အပိုင်းဖြစ်သော ထောက်ပံ့ရေးဘတ်ဂျက်ကို စီမံခန့်ခွဲရသူဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား စစ်ထောက်ချုပ်အဖြစ် မေလတွင် ခန့်အပ်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ညိုစောထံမှ တာဝန်လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာစစ်တပ်၏ ဝန်ထမ်း အုပ်ချုပ်ရေးအရာရှိချုပ်ဖြစ်သည့် စစ်ရေးချုပ်သည် မကြာသေးမီကာလအထိ မြန်မာ့စီးပွားရေး ဦးပိုင် နာယကအဖွဲ့၏ တစိတ်တပိုင်း ရာထူးတာဝန်လည်း ဖြစ်သော ဦးပိုင်ကုမ္ပဏီလီမိတက်၏ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည်လည်း နာယကအဖွဲ့ ဦးဆောင်သူ ဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်း နှင့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များသည် မြန်မာ့စီးပွားရေးဦးပိုင်၏ ရှယ်ယာရှင်များ အဖြစ် အကျိုးအမြတ်များ ရရှိနေသည်။ ဤအချိန်တွင် မြန်မာစစ်တပ်၏ အောက်ခြေ နှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များမှာ ဆိုးရွားသော အခြေအနေတွင် အနည်းဆုံး လစာဖြင့် တာဝန်ထမ်းဆောင်နေကြရသည်ဟု သိရှိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ‘‘ ဗိုလ်ချုပ်မှုးကြီး မင်းအောင် လှိုင်၊ ဗိုလ်ချုပ်ခင်မောင်သန်း နဲ့ အခြားစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ရမှာ ဖြစ်ပြီး အရပ်ဘက် ထိန်းချုပ်မှုအောက်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အခုတော့ အဲဒီ့အစား ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုတွေ မရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ဝန်ထမ်းရာထူးတွေကတဆင့် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေ ရရှိခံစားနေကြတယ်။ စစ်တပ် လက်ဝါးကြီးအုပ် ဂိုဏ်းခေါင်းဆောင်တွေရဲ့ အကျိုးအမြတ်အတွက် စစ်တပ်ရဲ့ ဘဏ္ဍာရေးတွေကို စီးပွားရေးလုပ်ငန်းလို စီမံခန့်ခွဲနေတာကို အစိုးရက ဘာလို့ ဆက်လက် ခွင့်ပြုနေတာလဲဆိုတာ ပြည်သူက မေးခွန်းထုတ်ရမယ့် အချိန်ရောက်ပါပြီ။ စစ်တပ်ထဲက အကျိုးစီးပွားပဋိပက္ခဟာ ဆိုးရွားပြီး စနစ်တကျ ဖြစ်နေတယ်၊ ဒါကို  ချက်ချင်းအမြန် စုံစမ်းစစ်ဆေးဘို့၊ ပြုပြင်ပြောင်းလဲဘို့၊ ဒီမိုကရေစီနည်းကျ လုပ်ဟန် ပြောင်းလဲဘို့ လိုအပ်တယ်။” ဟု ပြောဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် မြန်မာ့စီးပွားရေးဦးပိုင် စီးပွားရေးလုပ်ငန်းများထံမှ ထောက်ပံ့ရေးပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူသည်။ မြန်မာ့စီးပွားရေးဦးပိုင်သည် စစ်တပ်၏လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့အစည်းများ၊ တာဝန်ထမ်းဆောင်ဆဲ နှင့်စစ်မှုထမ်းဟောင်းများကသာလျှင် အစုရှယ်ယာကို ပိုင်ဆိုင်နိုင်သည်။

မြန်မာ့ စီးပွားရေးဦးပိုင်၏ ကြွယ်ဝမှုအများစုမှာ အများပြည်သူ ပိုင်ဆိုင်မှုများကို အသုံးပြုခွင့်မှ တစ်ဆင့် ရရှိလာခဲ့ခြင်းဖြစ်ပြီး မည်သည့် ပိုင်ဆိုင်မှုများကို မည်သို့ရရှိ ထိန်းသိမ်းထားသည်၊ အကျိုးအမြတ်များ မည်သည့်နေရာသို့ ရောက်ရှိသွားသည် တို့အပေါ် ပွင့်လင်းမြင်သာမှု ဆိုးဆိုးရွားရွား ကွယ်ပျောက်လျက်ရှိပါသည်။ ယခင် မြန်မာ့ အမျိုးသားစာကြည့်တိုက်ကဲ့သို့သော ယဉ်ကျေးမှု အရ၊ သမိုင်းကြောင်းအရ တန်ဖိုးရှိသည့် အချို့သော ပိုင်ဆိုင်မှုများသည်လည်း ဇိမ်ခံ ကွန်ဒိုမီနီယံ အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံသို့ မြန်မာ့စီးပွားရေးဦးပိုင်မှ နှစ်ရှည်ငှားရမ်းခြင်းကို ခံခဲ့ရသည်။ အချို့ဖြစ်စဉ်များတွင် မြန်မာ့စီးပွားရေးဦးပိုင်သည် အများပြည်သူနှင့်သက်ဆိုင်သော ကန်ထရိုက်လုပ်ငန်းများရရှိရန်၊ အကျိုးအမြတ်ဖြစ်ထွန်းရန် အတွင်းသတင်းများကို အသုံးပြုခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် မြန်မာ့စီးပွားရေးဦးပိုင်၏ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Myanmar Land and Development Ltd. ကို နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာနှင့် ဝန်ကြီးဌာနများ ဆောက်လုပ်ရေး အပါအဝင် လျှို့ဝှက် ကန်ထရိုက်စာချုပ်များ ရရှိရန် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

မရတနာမောင်က “အကျိုးအမြတ် ရရှိခြင်းက မြန်မာစစ်တပ်ကို ရောဂါပိုးလို ကူးစက်ပျံ့နှံ့နေတယ်။ အာဏာကို ထိန်းချုပ်ထားဘို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ပိတ်ဆို့ဖို့ ကြောင်းကျိုးပြချက် ပေးနေတဲ့ ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်နေဖို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေမှာ ဘဏ္ဍာရေးဆိုင်ရာ မက်လုံးတခုလဲ ရှိနေတယ်၊ အဲဒီလိုမှ သူတို့က အကျိုးအမြတ် ဆက်လက် ရရှိနိုင်မယ်။ ဒီလိုလုပ်ရင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျုးလွန်နေကြတယ်။ သူတို့အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်မှ သူတို့ရဲ့ စီးပွားရေးကို သူတို့ကာကွယ်နိုင်မယ်၊ မြန်မာပြည်သူလူထုကတော့ ဆုံးရှုံးနေမယ်။ ဒီ အကျင့်ပျက်ခြစားမှုဟာ ရာဇဝတ်မှုဘဲ၊ ဒါမျိုးကို အရေးယူရမယ်။” ဟု ရှင်းပြသည်။

လက်ရှိစစ်ဘက်ဆိုင်ရာတရားရေးစနစ်မှာ သမိုင်းကြောင်းနှင့်ချီ၍ စနစ်တကျ အမြစ်တွယ်နေသည့် အကျိုးစီးပွားပဋိပက္ခနှင့် ထိန်းညှိခြင်းခံထားနေရသောကြောင့် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုကို အရပ်ဘက်ဆိုင်ရာ ဥပဒေအောက်တွင်  စုံစမ်းဖော်ထုတ်အရေးယူရန်  Justice For Myanmar က တောင်းဆိုလိုက်သည်။ စစ်တပ်ဥပဒေပိုင်းဆိုင်ရာ အဓိက အရာရှိကြီးနှစ်ဦးဖြစ်သည့် တပ်မတော် စုံစမ်းစစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအေးဝင်းနှင့် စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့မှာ မြန်မာ့စီးပွားရေးဦးပိုင် ၏ ဘုတ်အဖွဲ့ဝင်များဖြစ်ကြသည်။ စစ်ဥပဒေချုပ်သည် စစ်ဘက် ဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရသူ ဥပဒေအရာရှိ အကြီးအကဲ ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အရာရှိချုပ်မှာ ဌာနတွင်း စာရင်းစစ်ဆေးမှုများနှင့် စုံစမ်းစစ်ဆေးမှုများအတွက်  အဓိကတာဝန်ရှိသူလည်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာ့စီးပွားရေးဦးပိုင်၏ လုပ်ပိုင်ခွင့်အာဏာမှာ စစ်ဆေးခံရခြင်းမရှိဘဲ အများပြည်သူသို့ ပွင့်လင်းမြင်သာမှု သို့မဟုတ် တာဝန်ယူ တာဝန်ခံမှုကင်းမဲ့စွာ လည်ပတ်လျက် ရှိပါသည်။

မရတနာမောင် က ‘‘အခုလို စနစ်တကျ အကျင့်ပျက်ခြစားမှုကရတဲ့ အကျိုးအမြတ်ဖြစ်ထွန်းမှုတွေက စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကို မျိုးဆက်နဲ့ချီပြီး ကူးစက်ပျံ့နှံ့နေခဲ့တာဟာ တမူထူးခြားလှပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင် ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ပေါ်စကို (Posco) နဲ့ ကီရင် (Kirin) တို့လို ကုမ္ပဏီတွေကလဲ ဒီ စနစ်တကျ အကျင့်ပျက်ခြစားမှုနဲ့ ရောထွေး ဆက်စပ် နေပါတယ်။  ဒါကို ရပ်ဆိုင်းပစ်ရမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံးဟာ စစ်တပ်နဲ့ စီးပွားရေးဆောင်ရွက်နေမှုတွေကို ချက်ခြင်းရပ်ဆိုင်းသင့်ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်ဟာ သာမန်ကုမ္ပဏီတစ်ခုမဟုတ်ဘဲ စစ်တပ်ကို ရာဇဝတ်ဂိုဏ်းတစ်ခုလို လည်ပတ်ဘို့ အဆောက်အအုံ ယန္တရား တစ်ခုသာ ဖြစ်ပါတယ်။ အဲဒါကို အဆုံးသတ်ရမယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်မှု ရှိနေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံးအနေနဲ့လဲ ဆက်ဆံမှုတွေကို ချက်ချင်း ဖြတ်တောက်သင့်ပါတယ်။’’ ပြောကြားသည်။

အယ်ဒီတာများသို့မှတ်ချက်

ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ညွန်ကြားရေးမှူးရုံး၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်းသည် MEHL ၊ Myanma Five Star Line Co. Ltd. ၊ Kayah State Mineral Production Co. Ltd. ၊  Myanmar Land and Development Ltd. ၊ Myanmar Imperial Jade (Gems & Jewellery) ၊ Myanmar Ruby Enterprise (Gems & Jewelry) Co. Ltd. ၊ Myawaddy Trading Ltd. ၊ Adipati Agricultural Produce Trading Ltd. နှင့် Gandamar International Trading Ltd. တို့ အပါအဝင် အနည်းဆုံး ပုဂ္ဂလိကပိုင် နှင့် အများပိုင် ကုမ္ပဏီ ၁၉ ခု တွင် ညွှန်ကြားရေးမှူး တာဝန်ကို ယူထားသူ ဖြစ်သည်။ မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေး အကြီးအကဲ တယောက်အနေဖြင့် အမှီအခိုကင်းကင်း၊ ဖြောင့်မတ်စွာ ဆောင်ရွက်ရန် မျှော်လင့်သင့်သော်လည်း လက်တွေ့တွင် ၎င်း၏ စီးပွားရေးဆက်ဆံမှုများမှ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များစွာ ရရှိရန် နေရာပေးထားခြင်း ခံနေရပါသည်။

အကျင့်ပျက်ခြစားမှုအား အဆုံးသတ်အောင် လုပ်ဆောင်ရမည့်အစား  ဇန်နဝါရီလ ၅ ရက်နေ့  ၂၀၂၀ ခုနှစ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အတွက် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်က  ဗိုလ်ချုပ် ခင်မောင်သန်းကို ထူးချွန်စွမ်းဆောင်ရည်အတွက် ဇေယျာကျော်ထင်ဘွဲ့အား ပေးအပ်ခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာများဖြစ်သည့် အခြားသော စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ထွန်းအောင် (စစ်ဦးစီးအရာရှိချုပ် - လေ)၊ ဗိုလ်ချုပ်မိုးမြင့်ထွန်း (နေပြည်တော်အခြေစိုက် ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် ၆ ၏ အကြီးအကဲဖြစ်သူ) နှင့် ဗိုလ်ချုပ်မိုးအောင် (စစ်ဦးစီးအရာရှိချုပ် - ရေ) တို့ဖြစ်ကြသည်။ ဗိုလ်ချုပ်မိုးအောင်သည် ကွယ်လွန်သွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးအောင်သောင်း၏သားဖြစ်ပြီး အိုင်ဂျီအီးကုမ္ပဏီအုပ်စု ပိုင်ရှင်များ ဖြစ်သော အဓိက ခရိုနီများဖြစ်သည့် နေအောင်၊ ပြည်အောင် တို့နှင့် ညီအစ်ကို တော်စပ်သည်။

 Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

စစ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၏ ဒါရိုက်တာများ၏ အများသိရာထူးတာဝန်များ အပါအဝင် စစ်တပ်ပိုင်လုပ်ငန်းစုများ၏ အုပ်ချုပ်မှု ဖွဲ့စည်းပုံကို သိရှိလိုလျှင် - ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အစီရင်ခံစာ (မြန်မာစစ်တပ်၏စီးပွားရေးအကျိုးအမြတ်များ) တွင်ကြည့်ရှု့နိုင်ပါသည်။

ထပ်မံသိရှိလိုပါက -
ရတနာမောင်

အီးမေးလ် -  media@justiceformyanmar.org
ဝဘ်ဆိုဒ်  - https://www.justiceformyanmar.org/
တွစ်တာ  - @justicemyanmar
ဖေ့ဘုတ်  - https://www.facebook.com/justiceformyanmar.org/

----------------------------------------------------------

(Zawgyi)⤵⤵⤵
ျမန္မာစစ္တပ္အတြင္း စနစ္တက် ျဖစ္ပြားေနေသာ အက်ိဳးစီးပြားပဋိပကၡႏွင့္  ဆိုး႐ြားေသာ အက်င့္ပ်က္ျခစားမႈ
Justice for Myanmar မွ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈလုပ္ရန္ ေတာင္းဆိုလိုက္သည္။

ဇြန္လ ၁၇ ရက္၊ ၂၀၂၀ခုႏွစ္။

 ျမန္မာႏိုင္ငံ အမ်ားႏွင့္သက္ဆိုင္ေသာ ျမန္မာ့စီးပြားေရးဦးပိုင္ ကုမၸဏီလီမိတက္ (ျမန္မာ့စီးပြားေရးဦးပိုင္) မွ ဒါ႐ိုက္တာမ်ား အေနျဖင့္ ျမန္မာစစ္တပ္တြင္ အဓိကက်ေသာ ရာထူးမ်ား ဆက္လက္ရယူထားျခင္းသည္  ႀကီးမားသည့္ အက်င့္ပ်က္ျခစားမႈအႏၲရာယ္ႏွင့္ အတူ ဆိုး႐ြားသည့္ အက်ိဳးစီးပြါး ပဋိပကၡကို ျဖစ္ေပၚေနေစၿပီး   ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးအတြက္  အဓိက လိုအပ္ခ်က္အျဖစ္ ေဖၚျပလ်က္ရွိသည္။

ျမန္မာ့စီးပြားေရးဦးပိုင္၏ ဦးေဆာင္မႈအခန္းက႑တြင္ ျမန္မာစစ္တပ္အတြင္း လက္ရွိတာဝန္ထမ္းေဆာင္ေနဆဲျဖစ္ေသာ အုပ္ခ်ဳပ္ေရး၊ ပစၥည္းဝယ္ယူေရး၊ ေထာက္ပံ့ေရးႏွင့္ တရားေရးဆိုင္ရာ ကိစၥရပ္မ်ားအား တာဝန္ရွိသည့္ ထိပ္တန္းအႀကီးအကဲအရာရွိႀကီးမ်ားက လႊမ္းမိုးထားသည္။ ျမန္မာ့စီးပြားေရးဦးပိုင္၏ ဒါ႐ိုက္တာမ်ားအေနျဖင့္ အမွီအခိုကင္းေသာ အရပ္ဘက္ဆိုင္ရာ ႀကီးၾကပ္မႈ လုံးဝမရွိဘဲ ျပည္သူ႔ဘ႑ာေငြမ်ားကို အသုံးျပဳရာတြင္ ပါဝင္ရသည့္ စစ္တပ္အတြင္း အဆင့္ျမင့္ ရာထူးတာဝန္မ်ား* ရယူထားခ်ိန္တြင္ ၎တို႔၏ စီးပြားေရးဆက္စပ္မႈမ်ားမွတဆင့္ ပုဂၢိဳလ္ေရးဆိုင္ရာ အက်ိဳးအျမတ္မ်ား ရေနသည္။

ျမန္မာ့စီးပြားေရးဦးပိုင္၏ စီမံခန္႔ခြဲမႈ ဒါ႐ိုက္တာတစ္ဦးျဖစ္သူ ဗိုလ္ခ်ဳပ္ ခင္ေမာင္သန္းသည္ စစ္လက္နက္မ်ားအပါအဝင္ ပစၥည္းမ်ား ဝယ္ယူေရးအတြက္ တာဝန္ယူေဆာင္႐ြက္ရသည့္ ျမန္မာစစ္တပ္၏ တပ္မေတာ္ပစၥည္းဝယ္ယူေရးဌာန ၫႊန္ၾကားေရးမႈးတစ္ဦးလည္း ျဖစ္သည္။

အလားတူပင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ၏ ဥကၠဌလည္းျဖစ္၊ ျမန္မာ့စီးပြားေရးဦးပိုင္ (MEHL) ၏ နာယကအဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ေသာ စစ္ေထာက္ခ်ဳပ္သည္ စစ္တပ္တြင္ စစ္လက္နက္ပစၥည္းမ်ားအပါအဝင္ စစ္ဘက္ဆိုင္ရာ ေထာက္ပံ့မႈမ်ား၏ တာဝန္ခံျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ျပည္ေထာင္စုဘတ္ဂ်က္၏ အဓိက အစိပ္အပိုင္းျဖစ္ေသာ ေထာက္ပံ့ေရးဘတ္ဂ်က္ကို စီမံခန႔္ခြဲရသူျဖစ္သည္။ ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းအား စစ္ေထာက္ခ်ဳပ္အျဖစ္ ေမလတြင္ ခန္႔အပ္ခဲ့ၿပီး ဒုဗိုလ္ခ်ဳပ္ႀကီး ညိဳေစာထံမွ တာဝန္လႊဲေျပာင္းယူခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ျမန္မာစစ္တပ္၏ ဝန္ထမ္း အုပ္ခ်ဳပ္ေရးအရာရွိခ်ဳပ္ျဖစ္သည့္ စစ္ေရးခ်ဳပ္သည္ မၾကာေသးမီကာလအထိ ျမန္မာ့စီးပြားေရး ဦးပိုင္ နာယကအဖြဲ႕၏ တစိတ္တပိုင္း ရာထူးတာဝန္လည္း ျဖစ္ေသာ ဦးပိုင္ကုမၸဏီလီမိတက္၏ ဥကၠဌ အျဖစ္ ေဆာင္႐ြက္ခဲ့သည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္သည္လည္း နာယကအဖြဲ႕ ဦးေဆာင္သူ ျဖစ္သည္။ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္၊ ဒုဗိုလ္ခ်ဳပ္မႈးႀကီး စိုးဝင္း ႏွင့္ ျပည္ထဲေရးဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ အပါအဝင္ စစ္တပ္ထိပ္ပိုင္းေခါင္းေဆာင္မ်ားသည္ ျမန္မာ့စီးပြားေရးဦးပိုင္၏ ရွယ္ယာရွင္မ်ား အျဖစ္ အက်ိဳးအျမတ္မ်ား ရရွိေနသည္။ ဤအခ်ိန္တြင္ ျမန္မာစစ္တပ္၏ ေအာက္ေျခ ႏွင့္ အျခားအဆင့္တပ္ဖြဲ႕ဝင္မ်ားမွာ ဆိုး႐ြားေသာ အေျခအေနတြင္ အနည္းဆုံး လစာျဖင့္ တာဝန္ထမ္းေဆာင္ေနၾကရသည္ဟု သိရွိရသည္။

Justice For Myanmar ၏ ေျပာေရးဆိုခြင့္ရွိသူ မရတနာေမာင္က ‘‘ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္ လႈိင္၊ ဗိုလ္ခ်ဳပ္ခင္ေမာင္သန္း နဲ႔ အျခားစစ္ဗိုလ္ခ်ဳပ္ေတြဟာ ျပည္သူ႔ဝန္ထမ္းေတြ ျဖစ္ရမွာ ျဖစ္ၿပီး အရပ္ဘက္ ထိန္းခ်ဳပ္မႈေအာက္မွာ ႐ိုးသားေျဖာင့္မတ္စြာ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္တယ္။ အခုေတာ့ အဲဒီ့အစား ဒီမိုကေရစီနည္းက် ႀကီးၾကပ္မႈေတြ မရွိဘဲနဲ႔ သူတို႔ရဲ႕ ျပည္သူ႔ဝန္ထမ္းရာထူးေတြကတဆင့္ ပုဂၢိဳလ္ေရး အက်ိဳးအျမတ္ေတြ ရရွိခံစားေနၾကတယ္။ စစ္တပ္ လက္ဝါးႀကီးအုပ္ ဂိုဏ္းေခါင္းေဆာင္ေတြရဲ႕ အက်ိဳးအျမတ္အတြက္ စစ္တပ္ရဲ႕ ဘ႑ာေရးေတြကို စီးပြားေရးလုပ္ငန္းလို စီမံခန္႔ခြဲေနတာကို အစိုးရက ဘာလို႔ ဆက္လက္ ခြင့္ျပဳေနတာလဲဆိုတာ ျပည္သူက ေမးခြန္းထုတ္ရမယ့္ အခ်ိန္ေရာက္ပါၿပီ။ စစ္တပ္ထဲက အက်ိဳးစီးပြားပဋိပကၡဟာ ဆိုး႐ြားၿပီး စနစ္တက် ျဖစ္ေနတယ္၊ ဒါကို  ခ်က္ခ်င္းအျမန္ စုံစမ္းစစ္ေဆးဘို႔၊ ျပဳျပင္ေျပာင္းလဲဘို႔၊ ဒီမိုကေရစီနည္းက် လုပ္ဟန္ ေျပာင္းလဲဘို႔ လိုအပ္တယ္။” ဟု ေျပာဆိုသည္။

ျမန္မာစစ္တပ္အေနျဖင့္ ျမန္မာ့စီးပြားေရးဦးပိုင္ စီးပြားေရးလုပ္ငန္းမ်ားထံမွ ေထာက္ပံ့ေရးပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားကို ဝယ္ယူသည္။ ျမန္မာ့စီးပြားေရးဦးပိုင္သည္ စစ္တပ္၏လုပ္ငန္းစုႀကီး တစ္ခုျဖစ္ၿပီး တပ္ရင္း၊ တပ္ဖြဲ႕မ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕အစည္းမ်ား၊ တာဝန္ထမ္းေဆာင္ဆဲ ႏွင့္စစ္မႈထမ္းေဟာင္းမ်ားကသာလွ်င္ အစုရွယ္ယာကို ပိုင္ဆိုင္ႏိုင္သည္။

ျမန္မာ့ စီးပြားေရးဦးပိုင္၏ ႂကြယ္ဝမႈအမ်ားစုမွာ အမ်ားျပည္သူ ပိုင္ဆိုင္မႈမ်ားကို အသုံးျပဳခြင့္မွ တစ္ဆင့္ ရရွိလာခဲ့ျခင္းျဖစ္ၿပီး မည္သည့္ ပိုင္ဆိုင္မႈမ်ားကို မည္သို႔ရရွိ ထိန္းသိမ္းထားသည္၊ အက်ိဳးအျမတ္မ်ား မည္သည့္ေနရာသို႔ ေရာက္ရွိသြားသည္ တို႔အေပၚ ပြင့္လင္းျမင္သာမႈ ဆိုးဆိုး႐ြား႐ြား ကြယ္ေပ်ာက္လ်က္ရွိပါသည္။ ယခင္ ျမန္မာ့ အမ်ိဳးသားစာၾကည့္တိုက္ကဲ့သို႔ေသာ ယဥ္ေက်းမႈ အရ၊ သမိုင္းေၾကာင္းအရ တန္ဖိုးရွိသည့္ အခ်ိဳ႕ေသာ ပိုင္ဆိုင္မႈမ်ားသည္လည္း ဇိမ္ခံ ကြန္ဒိုမီနီယံ အေဆာက္အဦး ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံသို႔ ျမန္မာ့စီးပြားေရးဦးပိုင္မွ ႏွစ္ရွည္ငွားရမ္းျခင္းကို ခံခဲ့ရသည္။ အခ်ိဳ႕ျဖစ္စဥ္မ်ားတြင္ ျမန္မာ့စီးပြားေရးဦးပိုင္သည္ အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာ ကန္ထ႐ိုက္လုပ္ငန္းမ်ားရရွိရန္၊ အက်ိဳးအျမတ္ျဖစ္ထြန္းရန္ အတြင္းသတင္းမ်ားကို အသုံးျပဳခဲ့သည္ကိုလည္း ေတြ႕ရွိရပါသည္။ ဥပမာအားျဖင့္ ျမန္မာ့စီးပြားေရးဦးပိုင္၏ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းခြဲ တစ္ခုျဖစ္သည့္ Myanmar Land and Development Ltd. ကို ေနျပည္ေတာ္တြင္ ဝန္ထမ္းအိမ္ရာႏွင့္ ဝန္ႀကီးဌာနမ်ား ေဆာက္လုပ္ေရး အပါအ၀င္ လွ်ိဳ႕ဝွက္ ကန္ထ႐ိုက္စာခ်ဳပ္မ်ား ရရွိရန္ ထူေထာင္ခဲ့ျခင္း ျဖစ္သည္။

မရတနာေမာင္က “အက်ိဳးအျမတ္ ရရွိျခင္းက ျမန္မာစစ္တပ္ကို ေရာဂါပိုးလို ကူးစက္ပ်ံ႕ႏွံ႔ေနတယ္။ အာဏာကို ထိန္းခ်ဳပ္ထားဘို႔နဲ႔ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြကို ပိတ္ဆို႔ဖို႔ ေၾကာင္းက်ိဳးျပခ်က္ ေပးေနတဲ့ ျပည္တြင္းစစ္မီး ဆက္လက္ေတာက္ေလာင္ေနဖို႔ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြမွာ ဘ႑ာေရးဆိုင္ရာ မက္လုံးတခုလဲ ရွိေနတယ္၊ အဲဒီလိုမွ သူတို႔က အက်ိဳးအျမတ္ ဆက္လက္ ရရွိႏိုင္မယ္။ ဒီလိုလုပ္ရင္းနဲ႔ တိုင္းရင္းသားေဒသေတြမွာ စစ္ရာဇဝတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္ကို ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြကို ဆက္လက္က်ဳးလြန္ေနၾကတယ္။ သူတို႔အာဏာကို ဆက္လက္ ထိန္းသိမ္းထားႏိုင္မွ သူတို႔ရဲ႕ စီးပြားေရးကို သူတို႔ကာကြယ္ႏိုင္မယ္၊ ျမန္မာျပည္သူလူထုကေတာ့ ဆုံးရႈံးေနမယ္။ ဒီ အက်င့္ပ်က္ျခစားမႈဟာ ရာဇဝတ္မႈဘဲ၊ ဒါမ်ိဳးကို အေရးယူရမယ္။” ဟု ရွင္းျပသည္။

လက္ရွိစစ္ဘက္ဆိုင္ရာတရားေရးစနစ္မွာ သမိုင္းေၾကာင္းႏွင့္ခ်ီ၍ စနစ္တက် အျမစ္တြယ္ေနသည့္ အက်ိဳးစီးပြားပဋိပကၡႏွင့္ ထိန္းညႇိျခင္းခံထားေနရေသာေၾကာင့္ စစ္တပ္အတြင္း အက်င့္ပ်က္ျခစားမႈကို အရပ္ဘက္ဆိုင္ရာ ဥပေဒေအာက္တြင္  စုံစမ္းေဖာ္ထုတ္အေရးယူရန္  Justice For Myanmar က ေတာင္းဆိုလိုက္သည္။ စစ္တပ္ဥပေဒပိုင္းဆိုင္ရာ အဓိက အရာရွိႀကီးႏွစ္ဦးျဖစ္သည့္ တပ္မေတာ္ စုံစမ္းစစ္ေဆးေရးအရာရွိခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီးေအးဝင္းႏွင့္ စစ္ဥပေဒခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးတို႔မွာ ျမန္မာ့စီးပြားေရးဦးပိုင္ ၏ ဘုတ္အဖြဲ႕ဝင္မ်ားျဖစ္ၾကသည္။ စစ္ဥပေဒခ်ဳပ္သည္ စစ္ဘက္ ဆိုင္ရာ ဥပေဒမ်ားႏွင့္ပတ္သက္၍ ဆုံးျဖတ္ေဆာင္႐ြက္ေပးရသူ ဥပေဒအရာရွိ အႀကီးအကဲ ျဖစ္ၿပီး စုံစမ္းစစ္ေဆးေရး အရာရွိခ်ဳပ္မွာ ဌာနတြင္း စာရင္းစစ္ေဆးမႈမ်ားႏွင့္ စုံစမ္းစစ္ေဆးမႈမ်ားအတြက္  အဓိကတာဝန္ရွိသူလည္း ျဖစ္ပါသည္။ သို႔ျဖစ္၍ ျမန္မာ့စီးပြားေရးဦးပိုင္၏ လုပ္ပိုင္ခြင့္အာဏာမွာ စစ္ေဆးခံရျခင္းမရွိဘဲ အမ်ားျပည္သူသို႔ ပြင့္လင္းျမင္သာမႈ သို႔မဟုတ္ တာဝန္ယူ တာဝန္ခံမႈကင္းမဲ့စြာ လည္ပတ္လ်က္ ရွိပါသည္။

မရတနာေမာင္ က ‘‘အခုလို စနစ္တက် အက်င့္ပ်က္ျခစားမႈကရတဲ့ အက်ိဳးအျမတ္ျဖစ္ထြန္းမႈေတြက စစ္တပ္ရဲ႕ ေခါင္းေဆာင္ပိုင္းကို မ်ိဳးဆက္နဲ႔ခ်ီၿပီး ကူးစက္ပ်ံ႕ႏွံ႔ေနခဲ့တာဟာ တမူထူးျခားလွပါတယ္။ ျမန္မာ့စီးပြားေရးဦးပိုင္ ရဲ႕ စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္တဲ့ ေပၚစကို (Posco) နဲ႔ ကီရင္ (Kirin) တို႔လို ကုမၸဏီေတြကလဲ ဒီ စနစ္တက် အက်င့္ပ်က္ျခစားမႈနဲ႔ ေရာေထြး ဆက္စပ္ ေနပါတယ္။  ဒါကို ရပ္ဆိုင္းပစ္ရမွာ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ျပည္တြင္း၊ ျပည္ပ ကုမၸဏီအားလုံးဟာ စစ္တပ္နဲ႔ စီးပြားေရးေဆာင္႐ြက္ေနမႈေတြကို ခ်က္ျခင္းရပ္ဆိုင္းသင့္ပါတယ္။ ျမန္မာ့စီးပြားေရးဦးပိုင္ဟာ သာမန္ကုမၸဏီတစ္ခုမဟုတ္ဘဲ စစ္တပ္ကို ရာဇဝတ္ဂိုဏ္းတစ္ခုလို လည္ပတ္ဘို႔ အေဆာက္အအုံ ယႏၲရား တစ္ခုသာ ျဖစ္ပါတယ္။ အဲဒါကို အဆုံးသတ္ရမယ္။ ျမန္မာစစ္တပ္နဲ႔ စီးပြားေရးဆက္စပ္မႈ ရွိေနတဲ့ ျပည္တြင္း၊ ျပည္ပ ကုမၸဏီအားလုံးအေနနဲ႔လဲ ဆက္ဆံမႈေတြကို ခ်က္ခ်င္း ျဖတ္ေတာက္သင့္ပါတယ္။’’ ေျပာၾကားသည္။

အယ္ဒီတာမ်ားသို႔မွတ္ခ်က္

ကာကြယ္ေရးပစၥည္း ဝယ္ယူမႈ ၫြန္ၾကားေရးမႉး႐ုံး၏ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ခင္ေမာင္သန္းသည္ MEHL ၊ Myanma Five Star Line Co. Ltd. ၊ Kayah State Mineral Production Co. Ltd. ၊  Myanmar Land and Development Ltd. ၊ Myanmar Imperial Jade (Gems & Jewellery) ၊ Myanmar Ruby Enterprise (Gems & Jewelry) Co. Ltd. ၊ Myawaddy Trading Ltd. ၊ Adipati Agricultural Produce Trading Ltd. ႏွင့္ Gandamar International Trading Ltd. တို႔ အပါအဝင္ အနည္းဆုံး ပုဂၢလိကပိုင္ ႏွင့္ အမ်ားပိုင္ ကုမၸဏီ ၁၉ ခု တြင္ ၫႊန္ၾကားေရးမႉး တာဝန္ကို ယူထားသူ ျဖစ္သည္။ ျမန္မာစစ္တပ္၏ ပစၥည္းဝယ္ယူေရး အႀကီးအကဲ တေယာက္အေနျဖင့္ အမွီအခိုကင္းကင္း၊ ေျဖာင့္မတ္စြာ ေဆာင္႐ြက္ရန္ ေမွ်ာ္လင့္သင့္ေသာ္လည္း လက္ေတြ႕တြင္ ၎၏ စီးပြားေရးဆက္ဆံမႈမ်ားမွ ပုဂၢိဳလ္ေရး အက်ိဳးအျမတ္မ်ားစြာ ရရွိရန္ ေနရာေပးထားျခင္း ခံေနရပါသည္။

အက်င့္ပ်က္ျခစားမႈအား အဆုံးသတ္ေအာင္ လုပ္ေဆာင္ရမည့္အစား  ဇန္နဝါရီလ ၅ ရက္ေန႔  ၂၀၂၀ ခုႏွစ္က လြတ္လပ္ေရးေန႔အထိမ္းအမွတ္အတြက္ ျပဳလုပ္ခဲ့သည့္ အခမ္းအနားတြင္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ခံ သမၼတ ဦးဝင္းျမင့္က  ဗိုလ္ခ်ဳပ္ ခင္ေမာင္သန္းကို ထူးခြၽန္စြမ္းေဆာင္ရည္အတြက္ ေဇယ်ာေက်ာ္ထင္ဘြဲ႕အား ေပးအပ္ခဲ့သည္။

ျမန္မာ့စီးပြားေရးဦးပိုင္၏ ဒါ႐ိုက္တာမ်ားျဖစ္သည့္ အျခားေသာ စစ္တပ္ထိပ္ပိုင္း ေခါင္းေဆာင္မ်ားမွာ ဗိုလ္ခ်ဳပ္ထြန္းေအာင္ (စစ္ဦးစီးအရာရွိခ်ဳပ္ - ေလ)၊ ဗိုလ္ခ်ဳပ္မိုးျမင့္ထြန္း (ေနျပည္ေတာ္အေျခစိုက္ ကာကြယ္ေရးဌာန စစ္ဆင္ေရးအထူးအဖြဲ႕ အမွတ္ ၆ ၏ အႀကီးအကဲျဖစ္သူ) ႏွင့္ ဗိုလ္ခ်ဳပ္မိုးေအာင္ (စစ္ဦးစီးအရာရွိခ်ဳပ္ - ေရ) တို႔ျဖစ္ၾကသည္။ ဗိုလ္ခ်ဳပ္မိုးေအာင္သည္ ကြယ္လြန္သြားေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္သူ ဦးေအာင္ေသာင္း၏သားျဖစ္ၿပီး အိုင္ဂ်ီအီးကုမၸဏီအုပ္စု ပိုင္ရွင္မ်ား ျဖစ္ေသာ အဓိက ခ႐ိုနီမ်ားျဖစ္သည့္ ေနေအာင္၊ ျပည္ေအာင္ တို႔ႏွင့္ ညီအစ္ကို ေတာ္စပ္သည္။

 Justice For Myanmar သည္ ျမန္မာျပည္သူမ်ားအတြက္ တရားမွ်တမႈႏွင့္တာဝန္ခံမႈရရွိေစေရး အတြက္ စည္း႐ုံးလႈံ႕ေဆာ္ေနသည့္ အမည္မေဖာ္လိုေသာ တက္ႂကြလႈပ္ရွားသူ တစ္စုျဖစ္ၿပီး ဖက္ဒရယ္ဒီမိုကေရစီႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးကို ေရွ႕ရႈလ်က္ စစ္တပ္ စီးပြားေရးလုပ္ငန္းမ်ားအားလုံး ရပ္ဆိုင္းရန္ ေတာင္းဆိုလ်က္ရွိ သည္။

စစ္ဘက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းမ်ား၏ ဒါ႐ိုက္တာမ်ား၏ အမ်ားသိရာထူးတာဝန္မ်ား အပါအဝင္ စစ္တပ္ပိုင္လုပ္ငန္းစုမ်ား၏ အုပ္ခ်ဳပ္မႈ ဖြဲ႕စည္းပုံကို သိရွိလိုလွ်င္ - ကုလသမဂၢအခ်က္အလက္ရွာေဖြေရးမစ္ရွင္အစီရင္ခံစာ (ျမန္မာစစ္တပ္၏စီးပြားေရးအက်ိဳးအျမတ္မ်ား) တြင္ၾကည့္ရႈ႕ႏိုင္ပါသည္။

ထပ္မံသိရွိလိုပါက -
ရတနာေမာင္

အီးေမးလ္ -  media@justiceformyanmar.org
ဝဘ္ဆိုဒ္  - https://www.justiceformyanmar.org/
တြစ္တာ  - @justicemyanmar
ေဖ့ဘုတ္  - https://www.facebook.com/justiceformyanmar.org/
မြန်မာစစ်တပ်အတွင်း စနစ်တကျ ဖြစ်ပွားနေသော အကျိုးစီးပွားပဋိပက္ခနှင့် ဆိုးရွားသော အကျင့်ပျက်ခြစားမှု မြန်မာစစ်တပ်အတွင်း စနစ်တကျ ဖြစ်ပွားနေသော အကျိုးစီးပွားပဋိပက္ခနှင့်  ဆိုးရွားသော အကျင့်ပျက်ခြစားမှု Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.