ICC အရာရှိတချို့အပေါ် သမ္မတ Trump ပိတ်ပင် အရေးယူမှုတွေ ချမှတ်


(Unicode)⤵⤵⤵
ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အမေရိကန်စစ်တပ် တပ်သားတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်စဉ် အမှားကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့အတွက် ICC အရာရှိတွေကို သမ္မတဒေါ်နယ်ထရမ့်က ခရီးသွားနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ပိတ်ပင်အရေးယူမှုတွေ ကြာသပတေးနေ့မှာ ချမှတ်လိုက်ပါတယ်။

ICC ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသာလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အတွက် ကြုံရလေ့မရှိတဲ့ ထူးခြားတဲ့ ခြိမ်းခြောက်မှု တခု လို့ သမ္မတထရမ့်က ခေါ်ဆိုပြီး အရေးပေါ်အခြေနေအဖြစ် ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင်းကို ICC အရာရှိတွေ ဝင်ရောက်ခွင့် ပိတ်ပင်တဲ့အပြင် သူတို့ကို အမေရိကန်နိုင်ငံတွင်း ငွေကြေးနဲ့ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအတွက်ပါ တားမြစ်လိုက်တာပါ။ ဒါပေမယ့် ICC အရာရှိ ဘယ်နှစ်ယောက်ကို အရေးယူတယ်၊ ဘယ်သူ့ကို အရေးယူတယ် ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

ICC ဖွဲ့စည်းတဲ့ Rome စာချုပ်ကို အမေရိကန်ပြည်ထောင်စုက လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေး အရာရှိတွေကို ICC စုံစမ်းစစ်ဆေးခွင့် မပေးနိုင်ဘူးလို့ သမ္မတထရမ့်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

နိုင်ငံတော် ရှေ့နေချုပ် William Barr ကလည်း ICC ကို ရုရှားလို နိုင်ငံတွေက အသုံးချနေတာကြောင့် အမေရိကန်တွေ မမှန်တာလုပ်တယ်လို့ စွပ်စွဲပြီး ICC ရဲ့ စုံစမ်းမှုဟာ ကမ္ဘာ့အလယ် အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထိခိုက်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ အတွက် ၂၀၁၇ မှာ ICC က စတင်စုံစမ်း ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ICC အရာရွိတခ်ိဳ႕အေပၚ သမၼတ Trump ပိတ္ပင္ အေရးယူမႈေတြ ခ်မွတ္

ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးက အေမရိကန္စစ္တပ္ တပ္သားေတြနဲ႔ ေထာက္လွမ္းေရးေတြရဲ႕ လြန္ခဲ့တဲ့ ၁၈ ႏွစ္အတြင္း အာဖဂန္နစၥတန္ႏိုင္ငံမွာ အၾကမ္းဖက္ႏွိမ္နင္းေရးလုပ္ေဆာင္စဥ္ အမွားက်ဴးလြန္မႈ ရွိမရွိ စုံစမ္းစစ္ေဆးေနတဲ့အတြက္ ICC အရာရွွိေတြကို သမၼတေဒၚနယ္ထရမ့္က ခရီးသြားနဲ႔ ပိုင္ဆိုင္မႈဆိုင္ရာ ပိတ္ပင္အေရးယူမႈေတြ ၾကာသပေတးေန႔မွာ ခ်မွတ္လိုက္ပါတယ္။

ICC ရဲ႕ စုံစမ္းစစ္ေဆးမႈဟာ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသာလုံၿခဳံေရးနဲ႔ ႏိုင္ငံျခားေရး မူဝါဒဆိုင္ရာ အတြက္ ႀကံဳရေလ့မရွိတဲ့ ထူးျခားတဲ့ ၿခိမ္းေျခာက္မႈ တခု လို႔ သမၼတထရမ့္က ေခၚဆိုၿပီး အေရးေပၚအေျခေနအျဖစ္ ေၾကညာခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံတြင္းကို ICC အရာရွိေတြ ဝင္ေရာက္ခြင့္ ပိတ္ပင္တဲ့အျပင္ သူတို႔ကို အေမရိကန္ႏိုင္ငံတြင္း ေငြေၾကးနဲ႔ပစၥည္းဥစၥာ ပိုင္ဆိုင္မႈအတြက္ပါ တားျမစ္လိုက္တာပါ။ ဒါေပမယ့္ ICC အရာရွိ ဘယ္ႏွစ္ေယာက္ကို အေရးယူတယ္၊ ဘယ္သူ႔ကို အေရးယူတယ္ ဆိုတာကိုေတာ့ ထုတ္မေျပာပါဘူး။

ICC ဖြဲ႕စည္းတဲ့ Rome စာခ်ဳပ္ကို အေမရိကန္ျပည္ေထာင္စုက လက္မွတ္ေရးထိုးထားတာ မဟုတ္တဲ့အတြက္ အေမရိကန္စစ္တပ္နဲ႔ ေထာက္လွမ္းေရး အရာရွိေတြကို ICC စုံစမ္းစစ္ေဆးခြင့္ မေပးႏိုင္ဘူးလို႔ သမၼတထရမ့္နဲ႔ သူ႔ရဲ႕ထိပ္တန္းအရာရွိေတြက ေျပာပါတယ္။

ႏိုင္ငံေတာ္ ေရွ႕ေနခ်ဳပ္ William Barr ကလည္း ICC ကို ႐ုရွားလို ႏိုင္ငံေတြက အသုံးခ်ေနတာေၾကာင့္ အေမရိကန္ေတြ မမွန္တာလုပ္တယ္လို႔ စြပ္စြဲၿပီး ICC ရဲ႕ စုံစမ္းမႈဟာ ကမာၻ႔အလယ္ အေမရိကန္ရဲ႕ ရပ္တည္ခ်က္ကို ထိခိုက္ေစတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

အေမရိကန္ဟာ စစ္ရာဇဝတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲမႈေတြ အတြက္ ၂၀၁၇ မွာ ICC က စတင္စုံစမ္း ခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-sanction-on-icc-official-/5459407.html
ICC အရာရှိတချို့အပေါ် သမ္မတ Trump ပိတ်ပင် အရေးယူမှုတွေ ချမှတ် ICC အရာရှိတချို့အပေါ် သမ္မတ Trump ပိတ်ပင် အရေးယူမှုတွေ ချမှတ် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.