ရသေ့တောင်တိုက်ပွဲ- ထောင်ချီထွက်ပြေးသူတွေထဲက အများစု တောထဲကျန်နေ


(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေလို့ ထွက်ပြေးလာသူ ထောင်ချီရှိနေပြီး အများစုက တောထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိတ်မိနေတဲ့ကျေးရွာသားတွေက သူတို့ကိုလာရောက်ကယ်ထုတ်ကြဖို့အတွက် မြို့ပေါ်ကအဖွဲ့အစည်းတွေကို အကူအညီတောင်းခံတာတွေရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက သွားရောက်ကယ်ထုတ်ဖို့ သွားလာခွင့်မပြုသလို သွားကယ်မယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း တင်းမာနေတဲ့အခြေအနေတွေကြောင့် သွားဖို့အခက်အခဲရှိနေတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေက ထီးစွဲကျေးရွာမှာ ဇွန်လ ၁၀ ရက် မနက် ၁၀ ခန့်က အဝေးထိန်း ရီမုတ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ထီးစွဲကျေးရွာနဲ့ အောင်သာစည်ကျေးရွာအကြား ပစ်ခတ်သံတွေကြားလိုက်ရပြီး အဲ့ဒီကျေးရွာတွေမှာ လယ်လုပ်ငန်းလုပ်ကိုင်ဖို့ရောက်ရှိနေကြတဲ့ ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ထွက်ပြေးခဲ့ရတဲ့ သောင်းတရားကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"တိုက်ပွဲကြောင့် ထွက်ပြေးလာခဲ့ကြတဲ့လူတွေအကုန်လုံးကတော့ မြို့ပေါ်ကိုမရောက်သေးဘူး။ လုံခြုံမယ့်နေရာ တောထဲတောင်ထဲမှာပဲ ခိုအောင်းပြီးနေကြတယ်။ အမိုးအကာတွေလည်း မလုံလောက်ကြဘူး။ ကျွန်တော်တို့ကတော့ ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ ရောက်တယ်။ ကျွန်တော်တို့နဲ့အတူ ရွာသုံးရွာလောက်က လူဦးရေ ၃၀၀ လောက်တော့ ရောက်နေပြီး အများစုကတော့ ကျန်နေသေးတယ်"လို့ ရသေ့တောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ မိုးသည်းထန်နေပြီး ရုတ်တရက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် မိုးရေတွေထဲမှာ ထွက်ပြေးခဲ့ကြရသလို လမ်းခရီး အခြေအနေတွေကြောင့် စစ်ကြောင်းတွေနဲ့ ထိပ်တိုက်တွေ့မှာကို စိုးရိမ်ပြီး လုံခြုံမယ့်နေရာတွေကို အလွယ်တကူ မသွားနိုင်တဲ့အတွက် တောတောင်တွေထဲမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ သူကပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဆီကို ဘီဘီစီက ဖုန်းဆက်သွယ်ခဲ့ရမှာတော့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

လယ်လုပ်ငန်းလုပ်ကိုင်ဖို့ ကျေးရွာတွေဆီကို ပြန်ရောက်နေတဲ့ ရွာငါးရွာဖြစ်တဲ့ ထီးစွဲ၊ အောင်သာစည်၊ သောင်းတရားအရှေ့ရွာ၊ အနောက်ရွာ၊ ရွာသစ်ကေ၊ ကျောက်တန်းရွာတို့က ရွာသားတွေ အကုန်လုံးဟာ မနေ့က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

၂၀၁၉ ကျောက်တန်းရွာဖြစ်စဉ် နောက်ပိုင်းမှာ အဲ့ဒီနယ်မြေအတွင်းက ကျေးရွာအားလုံးက ဒေသခံတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ စစ်တွေမြို့နယ်တွေကို ထွက်ပြေးလာခဲ့ကြပြီး အခုနှစ် လယ်လုပ်ချိန်မှာတော့ ရွာသားတချို့ ပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းနယ်မြေဟာ တပ်မတော်နဲ့ အေအေတို့အကြား ၂၀၁၉ ခုနှစ်က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။

ဒီနေ့ညနေပိုင်းမှာ မြို့ပေါ်ကိုရောက်ရှိလာခဲ့ကြတဲ့ ကျေးရွာသားတွေကတော့ ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းနဲ့ မြို့တွင်းက ဘုန်းတော်ကြီးကျောင်းတွမှာ ယာယီခိုလှုံနေကြတယ်လို့ ထွက်ပြေးရောက်ရှိလာခဲ့တဲ့သူတွေက ပြောပါတယ်။

ဒီနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာတွေမသိရသေးပေမယ့် နှစ်ဖက်တင်းမာမှုတွေရှိနေသေးတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေးဆက်ဖြစ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ရသေ့တောင်မြို့နယ်အတွင်းမှာတော့ စစ်ကြောင်းထွက်တာတွေရှိနေတယ်။ ဆောက်ခတ်ကျေးရွာမှာလည်း အဘိုးကြီးအဘွားကြီးတွေနဲ့ ကလေးအမေတွေ ပိတ်မိနေတာရှိတယ်။ နောက်ဆင်ခုန်တိုင်ရွာမှာလည်း ပိတ်မိနေတာရှိတယ်။ ကျောက်တန်းရွာ အောင်စာစည် ထီးစွဲ အဲ့ဒီရွာတွေမှာက လူတွေမရှိတော့ဘူး"လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ထွက်ပြေးလာခဲ့ကြသူတွေဟာလည်း အရင်ကလို လမ်းခရီးအခြေအနေမကောင်းတာတွေ၊ ရာသီဥတုဆိုးရွားမှုတွေ၊ ပုန်းရှိုးသွားလာရတဲ့ အခက်အခဲတွေ အများကြီးရှိနေပြီး အရင်ကလို စက်လှေတွေ ကားတွေမရှိတော့ ပိုပြီးကြာနိုင်တယ်လို့ သူကပြောပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္တိုက္ပြဲ- ေထာင္ခ်ီထြက္ေျပးသူေတြထဲက အမ်ားစု ေတာထဲက်န္ေန

ရခိုင္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ အခုရက္ပိုင္းမွာ တိုက္ပြဲေတြ ျပန္ျဖစ္ေနလို႔ ထြက္ေျပးလာသူ ေထာင္ခ်ီရွိေနၿပီး အမ်ားစုက ေတာထဲမွာ ပိတ္မိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပိတ္မိေနတဲ့ေက်း႐ြာသားေတြက သူတို႔ကိုလာေရာက္ကယ္ထုတ္ၾကဖို႔အတြက္ ၿမိဳ႕ေပၚကအဖြဲ႕အစည္းေတြကို အကူအညီေတာင္းခံတာေတြရွိေနပါတယ္။

ဒါေပမဲ့ လက္ရွိအေျခအေနအရ သက္ဆိုင္ရာဌာနအဖြဲ႕အစည္းေတြက သြားေရာက္ကယ္ထုတ္ဖို႔ သြားလာခြင့္မျပဳသလို သြားကယ္မယ့္ အဖြဲ႕အစည္းေတြအေနနဲ႔လည္း တင္းမာေနတဲ့အေျခအေနေတြေၾကာင့္ သြားဖို႔အခက္အခဲရွိေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္မေတာ္ စစ္ေၾကာင္းတစ္ခုကို ေအေအက ထီးစြဲေက်း႐ြာမွာ ဇြန္လ ၁၀ ရက္ မနက္ ၁၀ ခန႔္က အေဝးထိန္း ရီမုတ္မိုင္းတစ္လုံးနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့တဲ့အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္က ဇြန္လ ၁၁ ရက္မွာ ထုတ္ျပန္ထားပါတယ္။

ဇြန္လ ၁၁ ရက္ မနက္ပိုင္း ၁၀ နာရီဝန္းက်င္ေလာက္မွာ ထီးစြဲေက်း႐ြာနဲ႔ ေအာင္သာစည္ေက်း႐ြာအၾကား ပစ္ခတ္သံေတြၾကားလိုက္ရၿပီး အဲ့ဒီေက်း႐ြာေတြမွာ လယ္လုပ္ငန္းလုပ္ကိုင္ဖို႔ေရာက္ရွိေနၾကတဲ့ ေက်း႐ြာသားေတြ ထြက္ေျပးခဲ့ၾကရတယ္လို႔ ထြက္ေျပးခဲ့ရတဲ့ ေသာင္းတရားေက်း႐ြာသားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

"တိုက္ပြဲေၾကာင့္ ထြက္ေျပးလာခဲ့ၾကတဲ့လူေတြအကုန္လုံးကေတာ့ ၿမိဳ႕ေပၚကိုမေရာက္ေသးဘူး။ လုံၿခဳံမယ့္ေနရာ ေတာထဲေတာင္ထဲမွာပဲ ခိုေအာင္းၿပီးေနၾကတယ္။ အမိုးအကာေတြလည္း မလုံေလာက္ၾကဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ဒီေန႔ ေန႔လယ္ ၃ နာရီေလာက္မွာ ေရာက္တယ္။ ကြၽန္ေတာ္တို႔နဲ႔အတူ ႐ြာသုံး႐ြာေလာက္က လူဦးေရ ၃၀၀ ေလာက္ေတာ့ ေရာက္ေနၿပီး အမ်ားစုကေတာ့ က်န္ေနေသးတယ္"လို႔ ရေသ့ေတာင္ၿမိဳ႕ေပၚက ကယ္ဆယ္ေရးစခန္းကို ေရာက္ရွိေနသူတစ္ဦးက ေျပာပါတယ္။

အခုရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္မွာ မိုးသည္းထန္ေနၿပီး ႐ုတ္တရက္ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့အတြက္ မိုးေရေတြထဲမွာ ထြက္ေျပးခဲ့ၾကရသလို လမ္းခရီး အေျခအေနေတြေၾကာင့္ စစ္ေၾကာင္းေတြနဲ႔ ထိပ္တိုက္ေတြ႕မွာကို စိုးရိမ္ၿပီး လုံၿခဳံမယ့္ေနရာေတြကို အလြယ္တကူ မသြားႏိုင္တဲ့အတြက္ ေတာေတာင္ေတြထဲမွာ ပုန္းေအာင္းေနခဲ့ရတယ္လို႔ သူကေျပာပါတယ္။

တိုက္ပြဲျဖစ္စဥ္ေတြနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းဆီကို ဘီဘီစီက ဖုန္းဆက္သြယ္ခဲ့ရမွာေတာ့ အဆက္အသြယ္မရရွိခဲ့ပါဘူး။

လယ္လုပ္ငန္းလုပ္ကိုင္ဖို႔ ေက်း႐ြာေတြဆီကို ျပန္ေရာက္ေနတဲ့ ႐ြာငါး႐ြာျဖစ္တဲ့ ထီးစြဲ၊ ေအာင္သာစည္၊ ေသာင္းတရားအေရွ႕႐ြာ၊ အေနာက္႐ြာ၊ ႐ြာသစ္ေက၊ ေက်ာက္တန္း႐ြာတို႔က ႐ြာသားေတြ အကုန္လုံးဟာ မေန႔က တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရတယ္လို႔ သိရပါတယ္။

၂၀၁၉ ေက်ာက္တန္း႐ြာျဖစ္စဥ္ ေနာက္ပိုင္းမွာ အဲ့ဒီနယ္ေျမအတြင္းက ေက်း႐ြာအားလုံးက ေဒသခံေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ စစ္ေတြၿမိဳ႕နယ္ေတြကို ထြက္ေျပးလာခဲ့ၾကၿပီး အခုႏွစ္ လယ္လုပ္ခ်ိန္မွာေတာ့ ႐ြာသားတခ်ိဳ႕ ျပန္သြားခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက ေက်ာက္တန္းနယ္ေျမဟာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကား ၂၀၁၉ ခုႏွစ္က တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားခဲ့တဲ့ နယ္ေျမျဖစ္ပါတယ္။

ဒီေန႔ညေနပိုင္းမွာ ၿမိဳ႕ေပၚကိုေရာက္ရွိလာခဲ့ၾကတဲ့ ေက်း႐ြာသားေတြကေတာ့ ရေသ့ေတာင္ၿမိဳ႕ေပၚက စစ္ေဘးေရွာင္ကယ္ဆယ္ေရးစခန္းနဲ႔ ၿမိဳ႕တြင္းက ဘုန္းေတာ္ႀကီးေက်ာင္းတြမွာ ယာယီခိုလႈံေနၾကတယ္လို႔ ထြက္ေျပးေရာက္ရွိလာခဲ့တဲ့သူေတြက ေျပာပါတယ္။

ဒီေန႔မွာေတာ့ တိုက္ပြဲျဖစ္ပြားတာေတြမသိရေသးေပမယ့္ ႏွစ္ဖက္တင္းမာမႈေတြရွိေနေသးတဲ့အတြက္ တိုက္ပြဲေတြ အခ်ိန္မေ႐ြးဆက္ျဖစ္လာႏိုင္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာေတာ့ စစ္ေၾကာင္းထြက္တာေတြရွိေနတယ္။ ေဆာက္ခတ္ေက်း႐ြာမွာလည္း အဘိုးႀကီးအဘြားႀကီးေတြနဲ႔ ကေလးအေမေတြ ပိတ္မိေနတာရွိတယ္။ ေနာက္ဆင္ခုန္တိုင္႐ြာမွာလည္း ပိတ္မိေနတာရွိတယ္။ ေက်ာက္တန္း႐ြာ ေအာင္စာစည္ ထီးစြဲ အဲ့ဒီ႐ြာေတြမွာက လူေတြမရွိေတာ့ဘူး"လို႔ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

ထြက္ေျပးလာခဲ့ၾကသူေတြဟာလည္း အရင္ကလို လမ္းခရီးအေျခအေနမေကာင္းတာေတြ၊ ရာသီဥတုဆိုး႐ြားမႈေတြ၊ ပုန္းရႈိးသြားလာရတဲ့ အခက္အခဲေတြ အမ်ားႀကီးရွိေနၿပီး အရင္ကလို စက္ေလွေတြ ကားေတြမရွိေတာ့ ပိုၿပီးၾကာႏိုင္တယ္လို႔ သူကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53025498
ရသေ့တောင်တိုက်ပွဲ- ထောင်ချီထွက်ပြေးသူတွေထဲက အများစု တောထဲကျန်နေ ရသေ့တောင်တိုက်ပွဲ- ထောင်ချီထွက်ပြေးသူတွေထဲက အများစု တောထဲကျန်နေ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.