ဒေသတခုလုံးပါ ထိခိုက်လာတဲ့ ရခိုင်ပဋိပက္ခအရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတိုင်ပင်ခံ ကတိပေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-Myanmar State Counsellor Office)
(Unicode)⤵⤵⤵
အင်အားကြီး နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ ဒေသတွင်း ပြဿနာတွေ မဖြေရှင်းနိုင်သေးတဲ့ အခုလို အချိန်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒေသတွင်း အခန်းကဏ္ဍက ပိုပြီး အရေးကြီးလာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ ဇွန်လ ၂၆ ရက်နေ့က ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံက အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က မဖြေရှင်းနိုင်သေးတဲ့ ဒေသတွင်း ပြဿနာတွေနဲ့ အင်အားကြီး နိုင်ငံတွေအကြား ပြိုင်ဆိုင်မှုတွေက ဒေသအတွင်း မတည်မငြိမ် ဖြစ်စေချိန်မှာ အာဆီယံရဲ့ သွေးစည်း ညီညွတ်ပြီး တုံ့ပြန်နိုင်စွမ်းရှိမှုဆိုတဲ့ ဆောင်ပုဒ်က လိုအပ်ချက်နဲ့ ကိုက်ညီလာတယ်လို့ လည်း ပြောပါတယ်။

အာဆီယံအဖွဲ့အကြား စည်းလုံးညီညွတ်မှုရဲ့ အရေးပါမှုကို အခုလို ထုတ်ဖော် ပြောဆိုချိန်မှာပဲ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ရဲ့ ရခိုင်အရေးပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းကို ထိခိုက်တဲ့ ပြဿနာ ကိုပဲ ဖြစ်ဖြစ်၊ တကမ္ဘာလုံးကို ထိခိုက်တဲ့ ပြဿနာပဲ ဖြစ်ဖြစ် ပူးပေါင်း အဖြေရှာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်မှုနဲ့ လူကုန်ကူးမှု ပြဿနာတွေ ဟာ မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အန္တရာယ်တွေဖြစ်ပြီး ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိတယ် လို့လည်း ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က မလေးရှားနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံနိုင်တော့မှာ မဟုတ်ကြောင်းနဲ့ ရိုဟင်ဂျာကိစ္စ အရေး အာဆီယံအဖွဲ့က မြန်မာနိုင်ငံကို ပိုပြီး အကူအညီပေးဖို့ ထိပ်သီး အစည်းအဝေးမှာ တောင်းဆို ခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က စစ်ဆင်ရေးလုပ် နယ်မြေရှင်းလင်းတာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတဲ့ လူနည်းစုမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြပေမဲ့လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ် မပြုထားပါဘူး။

ကြာသပတေးနေ့ကတော့ အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသကမ်းလွန်ပင်လယ်ပြင်ကို စက်လှေတစီးနဲ့ ရောက်တာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ နီးပါးကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ အာဆီယံ အသင်းဝင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အာဆီယံ အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ေဒသတခုလုံးပါ ထိခိုက္လာတဲ့ ရခိုင္ပဋိပကၡအေရး အာဆီယံနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အတိုင္ပင္ခံ ကတိေပး

အင္အားႀကီး ႏိုင္ငံေတြအၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္နဲ႔ ေဒသတြင္း ျပႆနာေတြ မေျဖရွင္းႏိုင္ေသးတဲ့ အခုလို အခ်ိန္မွာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕(အာဆီယံ)ရဲ႕ စည္းလုံးညီၫြတ္မႈနဲ႔ ေဒသတြင္း အခန္းက႑က ပိုၿပီး အေရးႀကီးလာတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေန႔ ဇြန္လ ၂၆ ရက္ေန႔က က်င္းပတဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ေျပာၾကားလိုက္ပါတယ္။

ဗီယက္နမ္ႏိုင္ငံက အလွည့္က် ဥကၠဌအျဖစ္ ေဆာင္႐ြက္တဲ့ (၃၆) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ေဒၚေအာင္ဆန္းစုၾကည္က မေျဖရွင္းႏိုင္ေသးတဲ့ ေဒသတြင္း ျပႆနာေတြနဲ႔ အင္အားႀကီး ႏိုင္ငံေတြအၾကား ၿပိဳင္ဆိုင္မႈေတြက ေဒသအတြင္း မတည္မၿငိမ္ ျဖစ္ေစခ်ိန္မွာ အာဆီယံရဲ႕ ေသြးစည္း ညီၫြတ္ၿပီး တုံ႔ျပန္ႏိုင္စြမ္းရွိမႈဆိုတဲ့ ေဆာင္ပုဒ္က လိုအပ္ခ်က္နဲ႔ ကိုက္ညီလာတယ္လို႔ လည္း ေျပာပါတယ္။

အာဆီယံအဖြဲ႕အၾကား စည္းလုံးညီၫြတ္မႈရဲ႕ အေရးပါမႈကို အခုလို ထုတ္ေဖာ္ ေျပာဆိုခ်ိန္မွာပဲ မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ရဲ႕ ရခိုင္အေရးေျပာၾကားခ်က္အေပၚ ေဒၚေအာင္ဆန္းစုၾကည္က ေဒသတြင္းကို ထိခိုက္တဲ့ ျပႆနာ ကိုပဲ ျဖစ္ျဖစ္၊ တကမာၻလုံးကို ထိခိုက္တဲ့ ျပႆနာပဲ ျဖစ္ျဖစ္ ပူးေပါင္း အေျဖရွာႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အၾကမ္းဖက္မႈနဲ႔ လူကုန္ကူးမႈ ျပႆနာေတြ ဟာ ျမန္မာႏိုင္ငံအေနနဲ႔ ရင္ဆိုင္ ႀကဳံေတြ႕ေနရတဲ့ အႏၲရာယ္ေတြျဖစ္ၿပီး ရခိုင္ျပည္နယ္အေျခအေနနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈရွိတယ္ လို႔လည္း ေျပာပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က မေလးရွားႏိုင္ငံ အေနနဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ဆက္လက္ လက္ခံႏိုင္ေတာ့မွာ မဟုတ္ေၾကာင္းနဲ႔ ႐ိုဟင္ဂ်ာကိစၥ အေရး အာဆီယံအဖြဲ႕က ျမန္မာႏိုင္ငံကို ပိုၿပီး အကူအညီေပးဖို႔ ထိပ္သီး အစည္းအေဝးမွာ ေတာင္းဆို ခဲ့တာပါ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္က စစ္ဆင္ေရးလုပ္ နယ္ေျမရွင္းလင္းတာကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးသြား ၾကတဲ့ လူနည္းစုမြတ္ဆလင္ေတြက သူတို႔ကိုယ္သူတို႔ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုၾကေပမဲ့လည္း ျမန္မာအစိုးရကေတာ့ အဲဒီလိုေခၚဆိုတာကို အသိအမွတ္ မျပဳထားပါဘူး။

ၾကာသပေတးေန႔ကေတာ့ အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသကမ္းလြန္ပင္လယ္ျပင္ကို စက္ေလွတစီးနဲ႔ ေရာက္တာတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၁၀၀ နီးပါးကို အင္ဒိုနီးရွား ငါးဖမ္းသမားေတြက ကယ္ဆယ္ခဲ့ရပါတယ္။

ျမန္မာႏိုင္ငံက ၁၉၉၇ ခုႏွစ္မွာ အာဆီယံ အသင္းဝင္ျဖစ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ အာဆီယံ အဖြဲ႕ ဥကၠဌအျဖစ္ တာဝန္ယူခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-state-counsellor-asean-meeting-/5479621.html
ဒေသတခုလုံးပါ ထိခိုက်လာတဲ့ ရခိုင်ပဋိပက္ခအရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတိုင်ပင်ခံ ကတိပေး ဒေသတခုလုံးပါ ထိခိုက်လာတဲ့ ရခိုင်ပဋိပက္ခအရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတိုင်ပင်ခံ ကတိပေး Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.