ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ ကျေးလက်ပြည်သူတွေအတွက် ကျပ် ဘီလျံ ၉၀ ‌ကျော် သုံးစွဲမည်

(စိုက်ပျိုးရေး ဒုဝန်ကြီး ဦးလှကျော်ကို တွေ့ရစဉ်) Photo: RFA
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူမှုစီးပွားထိခိုက်နေတဲ့ ကျေးလက်ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ပြန်လည်ကောင်းမွန်လာရေးအတွက် ကျပ်ငွေ ၉၂ ဘီလျံနီးပါး သုံးစွဲထောက်ပံ့မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ဝန်ကြီးဌာန စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

ဒီငွေကို အစိုးရရဲ့ “Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အရ  သုံးစွဲမှာဖြစ်ပါတယ်။ ပထမအစီအစဉ်အဖြစ် တောင်သူလယ်သမားတွေရဲ့ မျိုးစေ့ထုတ်လုပ်ငန်း စိုက်ဧကတစ်သိန်းအတွက် ကျပ်ငွေ ၁၅ ဘီလျံနီးပါး သုံးစွဲမယ်လို့  ဆိုပါတယ်။

ဒုတိယအစီအစဉ်ဖြစ်တဲ့ “ကျေးရွာမ,တည်ရန်ပုံငွေ” စီမံကိန်းအတွက် တိုင်းနဲ့ပြည်နယ် အားလုံးမှာရှိတဲ့ ကျေးရွာပေါင်း ၁၇၀၀ ကို ထောက်ပံ့ပေးသွားမယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ အိမ်ခြေ ၅၀ အောက် ကျေးရွာတစ်ရွာကို ကျပ်သိန်း ၁၀၀၊ အိမ်ခြေ ၅၀ နဲ့ တရာအကြားရှိတဲ့ ကျေးရွာတစ်ရွာကို ကျပ်သိန်း ၂၀၀ နဲ့၊ အိမ်ခြေ ၁၀၀ အထက်ဆိုရင် ကျပ်သိန်း ၃၀၀ နှုန်းနဲ့ အခု ဇွန်လကနေ စက်တင်ဘာလအထိ ထောက်ပံ့သွားမယ်လို့လည်း စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဦးလှကျော် က ပြောကြားသွားပါတယ်။

RFA Burmese
----------------------------------
(Zawgyi)⤵⤵⤵
ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာတဲ့ ေက်းလက္ျပည္သူေတြအတြက္ က်ပ္ ဘီလ်ံ ၉၀ ‌ေက်ာ္ သုံးစြဲမည္

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လူမႈစီးပြားထိခိုက္ေနတဲ့ ေက်းလက္ျပည္သူေတြရဲ႕ လူမႈစီးပြားဘ၀ ျပန္လည္ေကာင္းမြန္လာေရးအတြက္ က်ပ္ေငြ ၉၂ ဘီလ်ံနီးပါး သုံးစြဲေထာက္ပံ့မယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးလွေက်ာ္က ေျပာလိုက္ပါတယ္။

ေနျပည္ေတာ္မွာ ဒီကေန႔ က်င္းပတဲ့ ဝန္ႀကီးဌာန စတုတၳတစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာခဲ့တာပါ။

ဒီေငြကို အစိုးရရဲ႕ “Covid-19 စီးပြားေရးကုစားမႈ အစီအစဥ္အရ  သုံးစြဲမွာျဖစ္ပါတယ္။ ပထမအစီအစဥ္အျဖစ္ ေတာင္သူလယ္သမားေတြရဲ႕ မ်ိဳးေစ့ထုတ္လုပ္ငန္း စိုက္ဧကတစ္သိန္းအတြက္ က်ပ္ေငြ ၁၅ ဘီလ်ံနီးပါး သုံးစြဲမယ္လို႔  ဆိုပါတယ္။

ဒုတိယအစီအစဥ္ျဖစ္တဲ့ “ေက်း႐ြာမ,တည္ရန္ပုံေငြ” စီမံကိန္းအတြက္ တိုင္းနဲ႔ျပည္နယ္ အားလုံးမွာရွိတဲ့ ေက်း႐ြာေပါင္း ၁၇၀၀ ကို ေထာက္ပံ့ေပးသြားမယ္လို႔လည္း ဒုဝန္ႀကီးက ေျပာပါတယ္။ အိမ္ေျခ ၅၀ ေအာက္ ေက်း႐ြာတစ္႐ြာကို က်ပ္သိန္း ၁၀၀၊ အိမ္ေျခ ၅၀ နဲ႔ တရာအၾကားရွိတဲ့ ေက်း႐ြာတစ္႐ြာကို က်ပ္သိန္း ၂၀၀ နဲ႔၊ အိမ္ေျခ ၁၀၀ အထက္ဆိုရင္ က်ပ္သိန္း ၃၀၀ ႏႈန္းနဲ႔ အခု ဇြန္လကေန စက္တင္ဘာလအထိ ေထာက္ပံ့သြားမယ္လို႔လည္း စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ ဆည္ေျမာင္း ဒုဝန္ႀကီး ဦးလွေက်ာ္ က ေျပာၾကားသြားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ ကျေးလက်ပြည်သူတွေအတွက် ကျပ် ဘီလျံ ၉၀ ‌ကျော် သုံးစွဲမည် ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ ကျေးလက်ပြည်သူတွေအတွက် ကျပ် ဘီလျံ ၉၀ ‌ကျော် သုံးစွဲမည် Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.