တရုတ်ချေးငွေတွေ အတိုးနှုန်းမြင့်လို့ သတိထားသုံးစွဲဖို့ စာရင်းစစ်ချုပ်ပြော

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကို ၂၀၂၀ ဇွန် ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် / Photo: Thet Su Aung / RFA
(Unicode)⤵⤵⤵
ဝန်ကြီးဌာနတွေအနေနဲ့ ပြည်ပချေးငွေနဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ တရုတ်နိုင်ငံလို အတိုးနှုန်းမြင့်တဲ့ ပြည်ပချေးငွေတွေကို သတိထားပြီး သုံးစွဲသင့်တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောလိုက်ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမော်သန်းက အခုလို ပြောလိုက်တာပါ။

ပြည်ပချေးငွေတွေ အလုံးအရင်းနဲ့ချေးပြီး လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ရင် ဒီချေးငွေတွေဟာ ဆင်းရဲတဲ့ မြန်မာနိုင်ငံအတွက် ဘယ်လောက် ဝန်ထိုးဝန်ပိုး ဖြစ်စေနိုင်သလဲဆိုပြီး သတင်းထောက်တစ်ဦးက မေးရာမှာ စာရင်းစစ်ချုပ် ဦးမော်သန်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားချေးငွေနဲ့ လုပ်တဲ့ ကိစ္စရပ်တွေဟာ အင်မတန်မှ တာဝန်ကြီးတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးအနေနဲ့ သတိထားရမယ့် ကိစ္စဖြစ်ပြီး၊ တရုတ်နိုင်ငံက ချေးငွေတွေဟာ ကမ္ဘာ့ဘဏ်တို့၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ထက် အတိုးနှုန်း အများကြီးမြင့်တဲ့အတွက် ဒီလို အတိုးနှုန်းမြှင့်တဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး သုံးစွဲတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ သတိပြု သုံးစွဲသင့်တယ်  ဦးမော်သန်းက ပြောပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လေးနှစ်မြောက်ကာလအတွင်း အစိုးရဝန်ကြီးဌာနတွေရဲ့ စီမံကိန်း  ၃၀ အတွက် စစ်ဆေးတွေ့ရှိထားတဲ့ အစီရင်ခံစာမှာ စီမံကိန်း Work Plan အရ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် အချက်တွေ ဆောင်ရွက်နေတာတွေ၊ တင်ဒါလုပ်ငန်းစဉ်တွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆောင်ရွက်နေတာ၊ ချေးငွေ ထုတ်ပေးတဲ့ အဖွဲ့အစည်းလမ်းညွှန်အတိုင်း ဆောင်ရွက်နိုင်မှု မရှိတာ၊ စာချုပ်ပါ စီမံကိန်းကာလတွေအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် စီမံကိန်းကာလ ပြီးဆုံးပေမယ့် ချေးငွေကို အပြည့်အ၀ မရယူနိုင်တာ၊ ချေးငွေသက်တမ်းကာလ ပြီးဆုံးပေမယ့် ချေးငွေရယူနိုင်မှု မရှိတာကြောင့် စီမံကိန်းကာလနဲ့အညီ ချေးငွေမရယူနိုင်တာ၊ စီမံကိန်း သက်တမ်းကာလတွေ တိုးမြှင့်နေရတာ၊ ချေးငွေ ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေထံကနေ ငွေထုတ်ယူလာပြီး သုံးစွဲနိုင်မှုမရှိတဲ့ ငွေတွေအတွက် အတိုးစရိတ်ကျခံ သုံးစွဲနေရတာတွေကို စစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ ပတ်သက်လို့ အစိုးရရဲ့ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့စဉ်မှာလည်း ပဲခူးတိုင်း အုတ်တွင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြည်ပကြွေးမြီစာရင်းအရ တရုတ် ချေးငွေက လက်ကျန် အများဆုံးဖြစ်နေပြီး အတိုးနှုန်းလည်း အများဆုံး ဖြစ်နေတဲ့အတွက် တရုတ်ချေးငွေ လက်ကျန်ကို အစောတလျင် ပြန်ဆပ်ဖို့  ဆွေးနွေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကုန် စာရင်းအရ ပြည်ပကြွေးမြီ စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်မှာ တရုတ်ကို ဆပ်ရမယ့် ချေးငွေက လေးဘီလျံ ရှိနေပြီး တရုတ်ချေးငွေ ပျမ်းမျှအတိုးနှုန်းက လေးရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အစိုးရဘတ်ဂျက် လိုငွေပြတာကို ဖြည့်ဖို့အတွက် ပြည်ပချေးငွေအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့  (IMF) ကနေ ဒေါ်လာ သန်းခုနှစ်ရာ၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးမွေးမြူးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်းနှစ်ရာ၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ဒေါ်လာ သန်း ၆၀၊ ကိုရိုနာကပ်ရောဂါလို ကူးစက်မြန်ရောဂါ ကုသရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀ ချေးယူရေးတို့ကိုလည်း  ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူမှုစီးပွား ထိခိုက်နစ်နာမှုတွေကို ကုစားဖို့အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (JICA) ကနေ ဂျပန်ယန်းငွေ ဘီလျံ ၃၀၊ အီလက်ထရောနစ် စနစ်နဲ့ လူဦးရေမှတ်ပုံတင်တဲ့ စီမံကိန်းအတွက် သြစတြေးလျနိုင်ငံကနေ ယူရို ၃၃ သန်း စတဲ့ နိုင်ငံတကာချေးငွေ ရှစ်ခု ချေးယူမယ့်ကိစ္စတွေကိုလည်း ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြု ထားပါတယ်။

သက်စုအောင် / RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
တ႐ုတ္ေခ်းေငြေတြ အတိုးႏႈန္းျမင့္လို႔ သတိထားသုံးစြဲဖို႔ စာရင္းစစ္ခ်ဳပ္ေျပာ

ဝန္ႀကီးဌာနေတြအေနနဲ႔ ျပည္ပေခ်းေငြနဲ႔ စီမံကိန္းေတြ ေဆာင္႐ြက္တဲ့အခါမွာ တ႐ုတ္ႏိုင္ငံလို အတိုးႏႈန္းျမင့္တဲ့ ျပည္ပေခ်းေငြေတြကို သတိထားၿပီး သုံးစြဲသင့္တယ္လို႔ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းက ေျပာလိုက္ပါတယ္။

ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံးရဲ႕ တစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ျပန္ၾကားေရးဝန္ႀကီးဌာနမွာ ဒီေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးေမာ္သန္းက အခုလို ေျပာလိုက္တာပါ။

ျပည္ပေခ်းေငြေတြ အလုံးအရင္းနဲ႔ေခ်းၿပီး လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့ရင္ ဒီေခ်းေငြေတြဟာ ဆင္းရဲတဲ့ ျမန္မာႏိုင္ငံအတြက္ ဘယ္ေလာက္ ဝန္ထိုးဝန္ပိုး ျဖစ္ေစႏိုင္သလဲဆိုၿပီး သတင္းေထာက္တစ္ဦးက ေမးရာမွာ စာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္းက ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေခ်းေငြနဲ႔ လုပ္တဲ့ ကိစၥရပ္ေတြဟာ အင္မတန္မွ တာဝန္ႀကီးတဲ့အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာန အသီးသီးအေနနဲ႔ သတိထားရမယ့္ ကိစၥျဖစ္ၿပီး၊ တ႐ုတ္ႏိုင္ငံက ေခ်းေငြေတြဟာ ကမာၻ႔ဘဏ္တို႔၊ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF တို႔ထက္ အတိုးႏႈန္း အမ်ားႀကီးျမင့္တဲ့အတြက္ ဒီလို အတိုးႏႈန္းျမႇင့္တဲ့ ေခ်းေငြေတြနဲ႔ ပတ္သက္ၿပီး သုံးစြဲတဲ့အခါမွာ သက္ဆိုင္ရာ ဌာနေတြအေနနဲ႔ သတိျပဳ သုံးစြဲသင့္တယ္  ဦးေမာ္သန္းက ေျပာပါတယ္။

ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ရဲ႕ ေလးႏွစ္ေျမာက္ကာလအတြင္း အစိုးရဝန္ႀကီးဌာနေတြရဲ႕ စီမံကိန္း  ၃၀ အတြက္ စစ္ေဆးေတြ႕ရွိထားတဲ့ အစီရင္ခံစာမွာ စီမံကိန္း Work Plan အရ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမယ့္ အခ်က္ေတြ ေဆာင္႐ြက္ေနတာေတြ၊ တင္ဒါလုပ္ငန္းစဥ္ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေဆာင္႐ြက္ေနတာ၊ ေခ်းေငြ ထုတ္ေပးတဲ့ အဖြဲ႕အစည္းလမ္းၫႊန္အတိုင္း ေဆာင္႐ြက္ႏိုင္မႈ မရွိတာ၊ စာခ်ဳပ္ပါ စီမံကိန္းကာလေတြအတြင္း လုပ္ငန္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မႈ မရွိတဲ့အတြက္ စီမံကိန္းကာလ ၿပီးဆုံးေပမယ့္ ေခ်းေငြကို အျပည့္အ၀ မရယူႏိုင္တာ၊ ေခ်းေငြသက္တမ္းကာလ ၿပီးဆုံးေပမယ့္ ေခ်းေငြရယူႏိုင္မႈ မရွိတာေၾကာင့္ စီမံကိန္းကာလနဲ႔အညီ ေခ်းေငြမရယူႏိုင္တာ၊ စီမံကိန္း သက္တမ္းကာလေတြ တိုးျမႇင့္ေနရတာ၊ ေခ်းေငြ ထုတ္ေပးတဲ့ အဖြဲ႕အစည္းေတြထံကေန ေငြထုတ္ယူလာၿပီး သုံးစြဲႏိုင္မႈမရွိတဲ့ ေငြေတြအတြက္ အတိုးစရိတ္က်ခံ သုံးစြဲေနရတာေတြကို စစ္ေဆးေတြ႕ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၂၉) ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ ကာလလတ္ ေႂကြးၿမီစီမံခန႔္ခြဲမႈ မဟာဗ်ဴဟာနဲ႔ ပတ္သက္လို႔ အစိုးရရဲ႕ အစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးခဲ့စဥ္မွာလည္း ပဲခူးတိုင္း အုတ္တြင္းမဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳက ျပည္ပေႂကြးၿမီစာရင္းအရ တ႐ုတ္ ေခ်းေငြက လက္က်န္ အမ်ားဆုံးျဖစ္ေနၿပီး အတိုးႏႈန္းလည္း အမ်ားဆုံး ျဖစ္ေနတဲ့အတြက္ တ႐ုတ္ေခ်းေငြ လက္က်န္ကို အေစာတလ်င္ ျပန္ဆပ္ဖို႔  ေဆြးေႏြးခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ကုန္ စာရင္းအရ ျပည္ပေႂကြးၿမီ စုစုေပါင္း ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၁၀ ဘီလ်ံေက်ာ္မွာ တ႐ုတ္ကို ဆပ္ရမယ့္ ေခ်းေငြက ေလးဘီလ်ံ ရွိေနၿပီး တ႐ုတ္ေခ်းေငြ ပ်မ္းမွ်အတိုးႏႈန္းက ေလးရာခိုင္ႏႈန္းဝန္းက်င္ ရွိေနပါတယ္။

၂၀၁၉ -၂၀၂၀ ဘ႑ာေရးႏွစ္ အစိုးရဘတ္ဂ်က္ လိုေငြျပတာကို ျဖည့္ဖို႔အတြက္ ျပည္ပေခ်းေငြအျဖစ္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕  (IMF) ကေန ေဒၚလာ သန္းခုႏွစ္ရာ၊ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေမြးျမဴးေရးက႑ ဖြံ႕ၿဖိဳးေရးအတြက္ ကမာၻ႔ဘဏ္ကေန ေဒၚလာ သန္းႏွစ္ရာ၊ အေသးစားနဲ႔ အလတ္စား စက္မႈလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ကေန ေဒၚလာ သန္း ၆၀၊ ကို႐ိုနာကပ္ေရာဂါလို ကူးစက္ျမန္ေရာဂါ ကုသေရးအတြက္ ကမာၻ႔ဘဏ္က ေဒၚလာ သန္း ၅၀ ေခ်းယူေရးတို႔ကိုလည္း  ၿပီးခဲ့တဲ့ ၁၆ ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ကေန အတည္ျပဳထားပါတယ္။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လူမႈစီးပြား ထိခိုက္နစ္နာမႈေတြကို ကုစားဖို႔အတြက္ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕  (JICA) ကေန ဂ်ပန္ယန္းေငြ ဘီလ်ံ ၃၀၊ အီလက္ထေရာနစ္ စနစ္နဲ႔ လူဦးေရမွတ္ပုံတင္တဲ့ စီမံကိန္းအတြက္ ၾသစေၾတးလ်ႏိုင္ငံကေန ယူ႐ို ၃၃ သန္း စတဲ့ ႏိုင္ငံတကာေခ်းေငြ ရွစ္ခု ေခ်းယူမယ့္ကိစၥေတြကိုလည္း ၁၆ ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးက အတည္ျပဳ ထားပါတယ္။

သက္စုေအာင္ / RFA Burmese
https://www.rfa.org/burmese/news/chinese-loans-with-high-interest-rates-06082020085639.html
တရုတ်ချေးငွေတွေ အတိုးနှုန်းမြင့်လို့ သတိထားသုံးစွဲဖို့ စာရင်းစစ်ချုပ်ပြော တရုတ်ချေးငွေတွေ အတိုးနှုန်းမြင့်လို့ သတိထားသုံးစွဲဖို့ စာရင်းစစ်ချုပ်ပြော Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.