အပစ်ရပ်ကာလ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲဖြစ်

KIA ကချင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့။
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ COVID ကာလ အပစ်ရပ်ကြေညာထားချိန်မှာ အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သလို TNLA တအာင်း(ပလောင်) တပ်ဖွဲ့နဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကတော့ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ မန်တုံ စတဲ့မြို့နယ်တွေမှာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း KIA တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကိုတော့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဇွန်လ ၆ ရက်နဲ့ ၇ ရက်ပေါ့နော်။ အဲဒီမှာ ကျနော်တို့ KIA တပ်မဟာ ၆၊ တပ်ရင်း ၉ နယ်မြေဘက်မှာ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ အဲဒီတိုက်ပွဲက ကျနော်တို့ တပ်ရင်း ၉ ရှေ့တန်းတပ်ရင်း ထိုင်တဲ့နေရာမှာ တပ်မတော်က လှုပ်ရှားထိုးဝင်လာလို့ ကျနော်တို့က ခုခံတိုက်ပွဲဖြစ်တဲ့အနေအထားဖြစ်ပါတယ်။ မနေ့က ဇွန်လ ၇ ရက်နေ့ ည မိုးနည်းနည်းချုပ်တဲ့အချိန်မှာ တပ်မတော်ဘက်ကတော့ ဆုတ်သွားတယ်လို့တော့ ကြားပါတယ်။”

ဒီတိုက်ပွဲဟာ တပ်မတော်ဘက်က COVID - 19 ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်နေချိန် အကြမ်းဖက်အဖွဲ့တွေ အခြေစိုက်တဲ့နယ်မြေမှအပ ကျန်ဒေသတွေမှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားချိန်မှာ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

KIA က ဗိုလ်မှူးကြီးနော်ဘူက သူတို့တပ်တွေကို စစ်ရေးလှုပ်ရှားမှု မလုပ်ဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။

“KIA ကတော့ မြို့ပေါ်မှာ၊ နောက်ပြီး လမ်းမပေါ်မှာထွက်မှ ဒီ စစ်ရေး လှုပ်ရှားတာတွေ၊ ထိုးစစ်ဆင်တာတွေ မလုပ်ဖို့ ကျနော်တို့ ဌာနချုပ်ကနဲ့ ကျနော်တို့ ဗဟိုကော်မတီကနဲ့လည်း အားလုံးက ညွှန်ကြားထားပြီး သားဖြစ်ပါတယ်။”

တပ်မတော်နဲ့ TNLA ခေါ် တအာင်း(ပလောင်)တပ်ဖွဲ့အကြားမှာတော့ မေလကုန်ပိုင်းက စတင်ပြီး တိုက်ပွဲတွေဟာ ကြိုကြားကြိုကြားနဲ့ ဖြစ်ပွားနေတာပါ။

ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေကို TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က အခုလို ပြောပါတယ်။

“ဒီနေ့က နမ့်ခမ်းမြို့နယ်ထဲက တာဟန်ရွာအောက်ဘက် တိုက်ပွဲဖြစ်တယ်။ တပ်ဘက်က ဒီ ခမရ ၄၂၄ က ဒီ မန်အောင်ဘက်ကနေ လာပြီးမှ ကျနော်တို့ ရှိတဲ့ဘက်ကို ထိုးစစ်တက်လာတော့ အဲဒီမှာ တိုက်ပွဲက ၁၅ မိနစ်လောက် ဖြစ်သွားတယ်။ အချိန်က နေ့လယ် ၁၁ နာရီ။ မနေ့ကလည်း ဖြစ်တယ်။ မနေ့ကတော့ မန်တုံမြို့နယ်အထက်က ထပ်ကျဲရွာရဲ့အောက်ဘက်မှာ။ အဲဒီမှာလည်း တပ်ဘက်က ထိုးစစ်တက်လာတော့ ကျနော်တို့ အဖွဲ့နဲ့ တိုးမိပြီးတိုက်ပွဲ ၁၀ မိနစ်လောက်ဖြစ်သွားတာ။”

မေလ ၂၉ ရက်နေ့က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား ပြည်ထောင်စုလမ်းမပေါ်မှာ တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့နောက် တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲပြန်ဖြစ်လာတာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီက VOA ကို အခုလို ပြောပါတယ်။

“၇ ရက်နေ့ကတော့ နမ့်ဖတ်ကာအရှေ့မြောက်ဘက်မှာ KIA အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တာလေး တစ်ခု ရှိပါတယ်။ အဓိက ဖြစ်တာက ကျနော်တို့ စစ်ကြောင်း ပုံမှန် ရှင်းလင်းရေးလုပ်နေတာပေါ့။ နယ်မြေလုံခြုံရေးလုပ်နေတာပေါ့။ နယ်မြေလုံခြုံရေးဆိုတာ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်နဲ့ ကြားထဲမှာ ကျနော်တို့ တပ်မတော် အုပ်ချုပ်မှုယာဉ်တန်းပစ်ခံရတာ ရှိတယ်လေ။ အဲလို ပစ်ခံရတာမရှိအောင် လမ်းဘေး ဘယ်ညာ ဝဲယာ လိုအပ်တဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မှာတော့ သူတို့နဲ့ တွေ့ပြီးတော့ KIA က စပစ်တဲ့အတွက် ကျနော်တို့ ပြန်ပစ်တယ်။ အဲတော့ သူတို့ ဆုတ်သွားတာပေါ့ သိပ်တော့ မကြာပါဘူး။”

TNLA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေကလည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်ဖြစ်ပွားတာဖြစ်ကြောင်းပြောပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အပစ္ရပ္ကာလ တပ္မေတာ္နဲ႔ KIA ၾကား တိုက္ပြဲျဖစ္

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ COVID ကာလ အပစ္ရပ္ေၾကညာထားခ်ိန္မွာ အစိုးရတပ္မေတာ္နဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္ဖြဲ႕အၾကား ဒီရက္ပိုင္းအတြင္း တိုက္ပြဲ ျဖစ္ပြားခဲ့သလို TNLA တအာင္း(ပေလာင္) တပ္ဖြဲ႕နဲ႔လည္း တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတဲ့သတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားေနတာကေတာ့ မူဆယ္၊ ကြတ္ခိုင္၊ နမ့္ခမ္းနဲ႔ မန္တုံ စတဲ့ၿမိဳ႕နယ္ေတြမွာျဖစ္ပါတယ္။

ဒီရက္ပိုင္းအတြင္း KIA တပ္ဖြဲ႕နဲ႔ အစိုးရတပ္မေတာ္အၾကား ျဖစ္ပြားတဲ့ တိုက္ပြဲကိုေတာ့ KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ဇြန္လ ၆ ရက္နဲ႔ ၇ ရက္ေပါ့ေနာ္။ အဲဒီမွာ က်ေနာ္တို႔ KIA တပ္မဟာ ၆၊ တပ္ရင္း ၉ နယ္ေျမဘက္မွာ တိုက္ပြဲျဖစ္တာ ရွိပါတယ္။ အဲဒီတိုက္ပြဲက က်ေနာ္တို႔ တပ္ရင္း ၉ ေရွ႕တန္းတပ္ရင္း ထိုင္တဲ့ေနရာမွာ တပ္မေတာ္က လႈပ္ရွားထိုးဝင္လာလို႔ က်ေနာ္တို႔က ခုခံတိုက္ပြဲျဖစ္တဲ့အေနအထားျဖစ္ပါတယ္။ မေန႔က ဇြန္လ ၇ ရက္ေန႔ ည မိုးနည္းနည္းခ်ဳပ္တဲ့အခ်ိန္မွာ တပ္မေတာ္ဘက္ကေတာ့ ဆုတ္သြားတယ္လို႔ေတာ့ ၾကားပါတယ္။”

ဒီတိုက္ပြဲဟာ တပ္မေတာ္ဘက္က COVID - 19 ေရာဂါ တိုက္ဖ်က္ေရးေဆာင္႐ြက္ေနခ်ိန္ အၾကမ္းဖက္အဖြဲ႕ေတြ အေျခစိုက္တဲ့နယ္ေျမမွအပ က်န္ေဒသေတြမွာ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားခ်ိန္မွာ ျဖစ္ပြားတာလည္း ျဖစ္ပါတယ္။

KIA က ဗိုလ္မႉးႀကီးေနာ္ဘူက သူတို႔တပ္ေတြကို စစ္ေရးလႈပ္ရွားမႈ မလုပ္ဖို႔ ၫႊန္ၾကားထားေၾကာင္း ေျပာပါတယ္။

“KIA ကေတာ့ ၿမိဳ႕ေပၚမွာ၊ ေနာက္ၿပီး လမ္းမေပၚမွာထြက္မွ ဒီ စစ္ေရး လႈပ္ရွားတာေတြ၊ ထိုးစစ္ဆင္တာေတြ မလုပ္ဖို႔ က်ေနာ္တို႔ ဌာနခ်ဳပ္ကနဲ႔ က်ေနာ္တို႔ ဗဟိုေကာ္မတီကနဲ႔လည္း အားလုံးက ၫႊန္ၾကားထားၿပီး သားျဖစ္ပါတယ္။”

တပ္မေတာ္နဲ႔ TNLA ေခၚ တအာင္း(ပေလာင္)တပ္ဖြဲ႕အၾကားမွာေတာ့ ေမလကုန္ပိုင္းက စတင္ၿပီး တိုက္ပြဲေတြဟာ ႀကိဳၾကားႀကိဳၾကားနဲ႔ ျဖစ္ပြားေနတာပါ။

ဒီရက္ပိုင္းအတြင္း ျဖစ္ပြားတဲ့တိုက္ပြဲအေျခအေနကို TNLA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး တာအိုက္ေက်ာ္က အခုလို ေျပာပါတယ္။

“ဒီေန႔က နမ့္ခမ္းၿမိဳ႕နယ္ထဲက တာဟန္႐ြာေအာက္ဘက္ တိုက္ပြဲျဖစ္တယ္။ တပ္ဘက္က ဒီ ခမရ ၄၂၄ က ဒီ မန္ေအာင္ဘက္ကေန လာၿပီးမွ က်ေနာ္တို႔ ရွိတဲ့ဘက္ကို ထိုးစစ္တက္လာေတာ့ အဲဒီမွာ တိုက္ပြဲက ၁၅ မိနစ္ေလာက္ ျဖစ္သြားတယ္။ အခ်ိန္က ေန႔လယ္ ၁၁ နာရီ။ မေန႔ကလည္း ျဖစ္တယ္။ မေန႔ကေတာ့ မန္တုံၿမိဳ႕နယ္အထက္က ထပ္က်ဲ႐ြာရဲ႕ေအာက္ဘက္မွာ။ အဲဒီမွာလည္း တပ္ဘက္က ထိုးစစ္တက္လာေတာ့ က်ေနာ္တို႔ အဖြဲ႕နဲ႔ တိုးမိၿပီးတိုက္ပြဲ ၁၀ မိနစ္ေလာက္ျဖစ္သြားတာ။”

ေမလ ၂၉ ရက္ေန႔က ကြတ္ခိုင္နဲ႔ နမ့္ဖတ္ကာအၾကား ျပည္ေထာင္စုလမ္းမေပၚမွာ တပ္မေတာ္ယာဥ္တန္း တိုက္ခိုက္ခံရတဲ့ေနာက္ တပ္မေတာ္နဲ႔ TNLA အၾကား တိုက္ပြဲျပန္ျဖစ္လာတာျဖစ္ပါတယ္။

ဒီရက္ပိုင္းအတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက VOA ကို အခုလို ေျပာပါတယ္။

“၇ ရက္ေန႔ကေတာ့ နမ့္ဖတ္ကာအေရွ႕ေျမာက္ဘက္မွာ KIA အဖြဲ႕နဲ႔ ထိေတြ႕မႈျဖစ္တာေလး တစ္ခု ရွိပါတယ္။ အဓိက ျဖစ္တာက က်ေနာ္တို႔ စစ္ေၾကာင္း ပုံမွန္ ရွင္းလင္းေရးလုပ္ေနတာေပါ့။ နယ္ေျမလုံၿခဳံေရးလုပ္ေနတာေပါ့။ နယ္ေျမလုံၿခံဳေရးဆိုတာ နမ့္ဖတ္ကာနဲ႔ ကြတ္ခိုင္နဲ႔ ၾကားထဲမွာ က်ေနာ္တို႔ တပ္မေတာ္ အုပ္ခ်ဳပ္မႈယာဥ္တန္းပစ္ခံရတာ ရွိတယ္ေလ။ အဲလို ပစ္ခံရတာမရွိေအာင္ လမ္းေဘး ဘယ္ညာ ဝဲယာ လိုအပ္တဲ့ နယ္ေျမလုံၿခံဳေရးေဆာင္႐ြက္ေနတဲ့အခ်ိန္မွာေတာ့ သူတို႔နဲ႔ ေတြ႕ၿပီးေတာ့ KIA က စပစ္တဲ့အတြက္ က်ေနာ္တို႔ ျပန္ပစ္တယ္။ အဲေတာ့ သူတို႔ ဆုတ္သြားတာေပါ့ သိပ္ေတာ့ မၾကာပါဘူး။”

TNLA နဲ႔ ျဖစ္တဲ့ တိုက္ပြဲေတြကလည္း နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္စဥ္ျဖစ္ပြားတာျဖစ္ေၾကာင္းေျပာပါတယ္။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/kia-cease-fire-military-shan/5453902.html
အပစ်ရပ်ကာလ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲဖြစ် အပစ်ရပ်ကာလ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.