ဥရောပမှာ ကိုရိုနာကူးစက်မှု သိသိသာသာ ပြန်တက်

WHO ရဲ့ ဥရောပ ဒေသဆိုင်ရာ မှတ်တမ်းတင်ချက်တွေအရ နေ့စဉ် ကိုဗစ် - ၁၉ ရောဂါဖြစ်သူအသစ် ၂၀, ၀၀၀ နီးပါးထိရှိလာ
(Unicode)⤵⤵⤵
ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်ဖို့အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးနေတဲ့အချိန်မှာပဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအသစ် တိုးလာတာကို လနဲ့ချီတဲ့ ကာလအတွင်း ပထမဆုံးအကြိမ် ပြန်တွေ့လာနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။

နိုင်ငံပေါင်း ၁၁နိုင်ငံမှာ ကူးစက်မှုနှုန်း အရှိန်မြင့်လာနေပြီး ဗိုင်းရပ်စ်ပိုးပြန့်ပွားတာ ပြန်ဖြစ်လာတာက "သိပ်ကို သိသိသာသာ" ဖြစ်နေတယ်လို့ ဒေသဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Hans Henri Kluge က ဆိုပါတယ်။

အဲဒီ ၁၁ နိုင်ငံက အာမေးနီးယား၊ ဆွီဒင်၊ မော်လ်ဒိုဗာ၊ မြောက်မက်ဆီဒိုးနီးယား၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ကာဂျစ္စတန်၊ ယူကရိန်းနဲ့ ကိုဆိုဗိုတို့ ဖြစ်ပါတယ်။

ပြန့်ပွားမှုတွေပြန်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိတယ်ဆိုတဲ့ သူ့ရဲ့ သတိပေးထားတာတွေက အခုတော့ တကယ်ဖြစ်လာခဲ့ပြီလို့လည်း သူက ပြောပါတယ်။

တကယ်လို့သာ ဒီအတိုင်းပဲဆက်ကြည့်နေကြမယ်ဆိုရင် ကျန်းမာရေးစနစ်တွေ "ဆိုးရွားအခြေအနေကို ရင်ဆိုင်ရသွားနိုင်တယ်" လို့ သူက သတိပေးပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝင်ရောက်လုပ်ကိုင်တဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ နဲ့ အာရှအလယ်ပိုင်းက နိုင်ငံပေါင်း ၅၄ နိုင်ငံနဲ့ နယ်မြေ ၇ ခုအတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်သူ ၂.၆ သန်းရှိပြီး လူပေါင်း ၁၉၅, ၀၀၀ ယောက် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

နေ့စဉ်လည်း ကူးစက်ခံရသူ အသစ် ၂၀, ၀၀၀ နီးပါးရှိနေသလို လူပေါင်း ၇၀၀ ကျော် အသက်ဆုံးနေရဆဲပါ။
ဂျာမနီ နဲ့ ပြင်သစ်က ကျန်းမာရေးဝန်ကြီးတွေက WHO ကိုသူတို့ ထောက်ခံ ပံ့ပိုးသွားမှာဖြစ်ကြောင်း ဂျီနီဗာမှာ ပြောကြားခဲ့
"အဲဒီနိုင်ငံတွေထဲက ၁၁ နိုင်ငံမှာ ကူးစက်တာတွေက အရှိန်မြန်နေပြီး ကူးစက်မှုနှုန်းပြန်မြင့်တက် လာနေတာက တကယ့်ကို သိသိသာသာဖြစ်နေပြီ၊ ဘာမှမလုပ်ဘဲထားမယ်ဆိုရင်တော့ ကျန်းမာရေး စနစ်တွေ ဆိုးဆိုးရွားရွားဖြစ်တာပြန်ကြုံရမှာပဲ" လို့ သူက ဆိုပါတယ်။

ပိုလန်၊ ဂျာမနီ၊ စပိန်၊ အစ္စရေး စတဲ့ နိုင်ငံတွေမှာတော့ အန္တရာယ်များတဲ့ ပြန့်ပွားမှုတွေဖြစ်လာတဲ့အခါ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်တာတွေ လုပ်ခဲ့ကြပြီး ကျောင်းတွေ၊ ကျောက်မီးသွေး မိုင်းတွင်းတွေ၊ အစားအစာ ထုတ်လုပ်ရေးလုပ်ငန်း တွေမှာ စည်းမျဉ်းတွေကို သေသေချာချာ ချမှတ်ခဲ့ သလို လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အလျင်အမြန်လုပ်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

"နွေရာသီကုန်လို့ ဆောင်ဦးရာသီစလာတဲ့အချိန်ဆိုရင် ကိုဗစ်-၁၉ အပြင် ရာသီတုပ်ကွေး၊ အဆုတ်ရောင်ရောဂါနဲ့ တခြား ရောဂါတွေလည်းဖြစ်လာမှာမို့ ပြင်ဆင်ထားဖို့လိုတယ်၊ ဒီ ဗိုင်းရပ်စ်ပိုးဟာ အားလုံးရဲ့ ရပ်ရွာအသိုင်းအဝိုင်းမှာ လှည့်လည်ပျံ့နှံ့နေဦးမှာဖြစ်ပြီး၊ အခုအချိန်အထိ ထိရောက်တဲ့ ကုထုံးလည်း မရှိသေးသလို၊ ထိရောက်တဲ့ ကာကွယ်ဆေးလည်း မပေါ်သေးဘူး" လို့ ဒေါက်တာ Kluge က သတိပေးပါတယ်။

ကြာသပတေးနေ့က နောက်ထပ် သီးခြားတိုးတက်မှုတခုကတော့ ဂျာမနီနဲ့ ပြင်သစ်တို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သူတို့ ရန်ပုံငွေတွေ ကူမယ်လို့ ကတိပေးခဲ့တာပါ။

ဂျာမနီက ယူရိုငွေ ၅၀၀ သန်း ( အမေရိကန် ဒေါ်လာ ၅၆၀ သန်း) နဲ့ ကျန်းမာရေး ကိရိယာ ပစ္စည်းတွေ ဒီနှစ်အတွင်း ထောက်ကူမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပြောခဲ့သလို ပြင်သစ်ကလည်း ယူရိုငွေ ၅၀ သန်း တိုက်ရိုက်ကူမှာဖြစ်ပြီး လီယွန်မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ သုတေသနဌာနအတွက် ယူရိုငွေ ၉၀ သန်း ထောက်ပံ့မှာပါ။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ဥေရာပမွာ ကို႐ိုနာကူးစက္မႈ သိသိသာသာ ျပန္တက္

ဥေရာပမွာ ဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားတာကို ထိန္းခ်ဳပ္ဖို႔အတြက္ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ေျဖေလွ်ာ့ေပးေနတဲ့အခ်ိန္မွာပဲ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူအသစ္ တိုးလာတာကို လနဲ႔ခ်ီတဲ့ ကာလအတြင္း ပထမဆုံးအႀကိမ္ ျပန္ေတြ႕လာေနရတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ေျပာပါတယ္။

ႏိုင္ငံေပါင္း ၁၁ႏိုင္ငံမွာ ကူးစက္မႈႏႈန္း အရွိန္ျမင့္လာေနၿပီး ဗိုင္းရပ္စ္ပိုးျပန႔္ပြားတာ ျပန္ျဖစ္လာတာက "သိပ္ကို သိသိသာသာ" ျဖစ္ေနတယ္လို႔ ေဒသဆိုင္ရာ ဒါ႐ိုက္တာ ေဒါက္တာ Hans Henri Kluge က ဆိုပါတယ္။

အဲဒီ ၁၁ ႏိုင္ငံက အာေမးနီးယား၊ ဆြီဒင္၊ ေမာ္လ္ဒိုဗာ၊ ေျမာက္မက္ဆီဒိုးနီးယား၊ အဇာဘိုင္ဂ်န္၊ ကာဇက္စတန္၊ အယ္လ္ေဘးနီးယား၊ ေဘာ့စနီးယား-ဟာဇီဂိုးဗီးနား၊ ကာဂ်စၥတန္၊ ယူကရိန္းနဲ႔ ကိုဆိုဗိုတို႔ ျဖစ္ပါတယ္။

ျပန႔္ပြားမႈေတြျပန္ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြရွိတယ္ဆိုတဲ့ သူ႔ရဲ႕ သတိေပးထားတာေတြက အခုေတာ့ တကယ္ျဖစ္လာခဲ့ၿပီလို႔လည္း သူက ေျပာပါတယ္။

တကယ္လို႔သာ ဒီအတိုင္းပဲဆက္ၾကည့္ေနၾကမယ္ဆိုရင္ က်န္းမာေရးစနစ္ေတြ "ဆိုး႐ြားအေျခအေနကို ရင္ဆိုင္ရသြားႏိုင္တယ္" လို႔ သူက သတိေပးပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ ဝင္ေရာက္လုပ္ကိုင္တဲ့ ဥေရာပ၊ အေရွ႕အလယ္ပိုင္း၊ နဲ႔ အာရွအလယ္ပိုင္းက ႏိုင္ငံေပါင္း ၅၄ ႏိုင္ငံနဲ႔ နယ္ေျမ ၇ ခုအတြင္းမွာ ကိုဗစ္-၁၉ ေရာဂါျဖစ္သူ ၂.၆ သန္းရွိၿပီး လူေပါင္း ၁၉၅, ၀၀၀ ေယာက္ ေသဆုံးခဲ့ရၿပီးျဖစ္ပါတယ္။

ေန႔စဥ္လည္း ကူးစက္ခံရသူ အသစ္ ၂၀, ၀၀၀ နီးပါးရွိေနသလို လူေပါင္း ၇၀၀ ေက်ာ္ အသက္ဆုံးေနရဆဲပါ။

"အဲဒီႏိုင္ငံေတြထဲက ၁၁ ႏိုင္ငံမွာ ကူးစက္တာေတြက အရွိန္ျမန္ေနၿပီး ကူးစက္မႈႏႈန္းျပန္ျမင့္တက္ လာေနတာက တကယ့္ကို သိသိသာသာျဖစ္ေနၿပီ၊ ဘာမွမလုပ္ဘဲထားမယ္ဆိုရင္ေတာ့ က်န္းမာေရး စနစ္ေတြ ဆိုးဆိုး႐ြား႐ြားျဖစ္တာျပန္ႀကဳံရမွာပဲ" လို႔ သူက ဆိုပါတယ္။

ပိုလန္၊ ဂ်ာမနီ၊ စပိန္၊ အစၥေရး စတဲ့ ႏိုင္ငံေတြမွာေတာ့ အႏၲရာယ္မ်ားတဲ့ ျပန႔္ပြားမႈေတြျဖစ္လာတဲ့အခါ ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ေဆာင္႐ြက္တာေတြ လုပ္ခဲ့ၾကၿပီး ေက်ာင္းေတြ၊ ေက်ာက္မီးေသြး မိုင္းတြင္းေတြ၊ အစားအစာ ထုတ္လုပ္ေရးလုပ္ငန္း ေတြမွာ စည္းမ်ဥ္းေတြကို ေသေသခ်ာခ်ာ ခ်မွတ္ခဲ့ သလို လိုအပ္တဲ့ အေရးယူေဆာင္႐ြက္မႈေတြကို အလ်င္အျမန္လုပ္ခဲ့ၾကတယ္လို႔လည္း သူက ေျပာပါတယ္။

"ေႏြရာသီကုန္လို႔ ေဆာင္ဦးရာသီစလာတဲ့အခ်ိန္ဆိုရင္ ကိုဗစ္-၁၉ အျပင္ ရာသီတုပ္ေကြး၊ အဆုတ္ေရာင္ေရာဂါနဲ႔ တျခား ေရာဂါေတြလည္းျဖစ္လာမွာမို႔ ျပင္ဆင္ထားဖို႔လိုတယ္၊ ဒီ ဗိုင္းရပ္စ္ပိုးဟာ အားလုံးရဲ႕ ရပ္႐ြာအသိုင္းအဝိုင္းမွာ လွည့္လည္ပ်ံ႕ႏွံ႔ေနဦးမွာျဖစ္ၿပီး၊ အခုအခ်ိန္အထိ ထိေရာက္တဲ့ ကုထုံးလည္း မရွိေသးသလို၊ ထိေရာက္တဲ့ ကာကြယ္ေဆးလည္း မေပၚေသးဘူး" လို႔ ေဒါက္တာ Kluge က သတိေပးပါတယ္။

ၾကာသပေတးေန႔က ေနာက္ထပ္ သီးျခားတိုးတက္မႈတခုကေတာ့ ဂ်ာမနီနဲ႔ ျပင္သစ္တို႔က ကမာၻ႔က်န္းမာေရးအဖြဲ႕ကို သူတို႔ ရန္ပုံေငြေတြ ကူမယ္လို႔ ကတိေပးခဲ့တာပါ။

ဂ်ာမနီက ယူ႐ိုေငြ ၅၀၀ သန္း ( အေမရိကန္ ေဒၚလာ ၅၆၀ သန္း) နဲ႔ က်န္းမာေရး ကိရိယာ ပစၥည္းေတြ ဒီႏွစ္အတြင္း ေထာက္ကူမယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ကို ေျပာခဲ့သလို ျပင္သစ္ကလည္း ယူ႐ိုေငြ ၅၀ သန္း တိုက္႐ိုက္ကူမွာျဖစ္ၿပီး လီယြန္မွာရွိတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ ရဲ႕ သုေတသနဌာနအတြက္ ယူ႐ိုေငြ ၉၀ သန္း ေထာက္ပံ့မွာပါ။

BBC Burmese
https://www.bbc.com/burmese/world-53183827
ဥရောပမှာ ကိုရိုနာကူးစက်မှု သိသိသာသာ ပြန်တက် ဥရောပမှာ ကိုရိုနာကူးစက်မှု သိသိသာသာ ပြန်တက် Reviewed by THITHTOOLWIN on 05:53 Rating: 5
Powered by Blogger.